New Artical

ဒဏ္ဍာရီထဲ ‘ဒဿဂီရိ’ က လူလား? ခေါင်းဆယ်လုံးနဲ့ဘီလူးလား?


ဒဏ္ဍာရီထဲဒသဂီရိအကြောင်းအရာ

ဇာတ်ကြီးဆယ်ဘွဲ့စာအုပ်မှ ရာမယဏဇာတ် ရာမနှင့်ဒသဂီရိ အကျဉ်းရုံးဖော်ပြရလျှင် ဒသဂီရိသည် ခေါင်းဆယ်လုံးရှိပြီး အလွန်ရက်စက် တတ်သောဘီလူးမင်း ဖြစ်သည်။

သီတာဒေဝီမင်းသမီးလေး၏ ကြင်ရာတော်ရွေးလေးတင်ပွဲမှာ လေးမတင်နိုင် သောကြောင့် ရာမမင်းသားကိုရှုံးခဲ့ပါသည်။ ထိုအခါ ဒသဂီရိ ဘီလူးမင်းသည် သူ၏ညီမတော်ကို သမင်ယောင်ဆောင်စေလျှက် ရာမမင်းသားကိုမျက်စိလှည့်ပြီး သီတာဒေဝီကို ရအောင်ခိုးယူခဲ့ပါ သည်။

ထို့နောက်ရာမမင်းသားနှင့်ဒသဂီရိဘီလူးတို့ စစ်ဖြစ်ပြီး ဒသဂီရိဘီလူး စစ်ရှုံးပြီး မယ်သီတာ နှင့် မိမိအသက်ပါဆုံးရှုံးခဲ့ပါသည်။ ခေါင်းဆယ်လုံးရှိသော အလွန်ရက်စက်တတ်သော သူတစ်ပါး၏ ကြင်ယာတော်ကိုခိုးယူခဲ့သော ဒေါသအလွန်ကြီးသော ဒသဂီရိ ထိုဘီလူးမင်းကိုအလွန်မုန်းတီးမိသည်မှာ ငယ်စဉ်အခါထဲကဖြစ်ပါ သည်။

ထိုအကြောင်းရာ များသည် လူများစွာ သိထားခဲ့သည့် ဒသဂီရိ ဘီလူးမင်း၏အကြောင်း အရာများပင်ဖြစ်ပါသည်။ ဆရာချစ်ဦးညို၏ လင်္ကာဒီပချစ်သူစာအုပ်မှာဖော်ပြထားတာကတော့ ဒသဂီရိ သည်ဘီလူးမဟုတ်ခဲ့သလို ခေါင်းဆယ်လုံးလဲ မရှိခဲ့ပါ။

ပဗ္ဗတ တောင်ဆယ်လုံးပေါ်တွင် မင်းမူလျှက်ရှိသော မြွေဆိုး နှင့် ခြ‌သေ့်ဆိုးများကိုအောင်နိုင်ခဲ့သောကြောင့် တောင်ဆယ်လုံး၏ အရှင်သခင် ဒဿဂီရိ ဆိုသောဘွဲ့ထူးကို ရာဝဏ ဆိုသော လူစွမ်းကောင်းမှ ပိုင်ဆိုင်ခဲ့ပါသည်။ တောင်ဆယ်လုံးကို လွယ်လင့်တစ်ကူ အောင်မြင်ခဲ့ခြင်း မဟုတ်ခဲ့ပေ။

စဉ်းစားညာဏ် လက်ရုံးအား တို့၏ ကြီးကျယ်မြင့်မြတ်မှု့တို့ကြောင့် တောင်ဆယ်လုံးတိုက်ပွဲတွင် အောင်မြင်ပြီး ဒြာဝီဒိယန် မျိုးနွယ်စုတို့၏ သက်ဦးဆံပိုင်ဘုရင်အဖြစ်သို့ရောက်ရှိခဲ့ပါသည်။ဒဿဂီရိ ဘုရင်မင်းမြတ်လက်ထက်တွင် လင်္ကာဒီပ နယ်နိမိတ်အာဏာစက်သည် ကျယ်ပြန့်လာခဲ့သည်။

အမျိုးမျိုးသော မျိုးနွယ်စုများသည် ဒသဂီရိဘုရင်မင်းမြတ်၏ သစ္စာတော်ခံနယ်သားများ ဖြစ်လာသည်။ ဒြာဝီဒိယန် မျိုးနွယ်စု တို့၏ အာဏာစက်သည် အထွတ်အထိပ်သို့ရောက်ရှိခဲ့ပါ သည်။ ဒသဂီရိ ဘုရင်မင်းမြတ်သည် စမ်းချောင်းထဲမှ သီတာဒေဝီ မင်းသမီး၏ ရွှေရုပ်ပုံလွှာကိုမြင် ပြီးစွဲလမ်းခဲ့ပါသည်။

ထို့ကြောင့် ကြင်ယာရွေးလေးတင်ပွဲသို့ ရန်သူများရှိသော နယ်နိမိတ်ထဲကို တစ်ပါးထဲ သွားရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ အဠစန္နာလေးတော်ကို ကြွချီနိုင်ပြီး လေးညို့ကိုမတင် နိုင်ခဲ့ပေ။ သီတာဒေဝီ၏ ကြင်ယာရွေးလေးတင်ပွဲသို့တက်ရောက်လာခဲ့သော မည်သည့်ဘုရင်မျှ ထိုကဲ့သို့လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။ ရာမမင်းသား နှင့် လက္ခဏာမင်းသား တို့သည် တစ်ယောက်ကိုတစ်ယောက်ကူညီပြီး လေးတော်ကိုမ လေးညို့ကိုတင်ပြီး မြှားတော်ကိုပြစ်နိုင်ခဲ့ပါ သည်။ ဒသဂီရိမင်း လေးတင်ပွဲတွင် ရှုံးခဲ့ပါသည်။

သီတာဒေဝီကို ချစ်ကြိုက်သည့်အတွက် သမင်များကိုလိုသလို ခိုင်းစေနိုင်သော အစွမ်းအစရှိသည့် ညီမတော် တရိဂမ္ဘီ၊ တောတောင်များကိုလိုသလို အသုံးချနိုင်စွမ်းရှိသော ဦးကြီးတော်မာရဇ္ဇ တို့၏ အကူအညီနှင့် သီတာဒေဝီ ကိုရအောင်ဆောင်ကျဉ်းနိုင်ခဲ့သည်။ သီတာဒေဝီကို နန်းတော်တွင် ထားသောအခါတွင် ဒသဂီရိမင်း သည် လက်ဖျားနှင့်တောင် မထိခဲ့ပါ။

သက်ဦးဆံပိုင် ဘုရင်တစ်ပါး ဖြစ်လင့်ကစား သီတာဒေဝီ ကိုမတရား သိမ်းပိုက်ခြင်းမပြုလုပ်ခဲ့ပေ။ မယ်သီတာမင်းသမီး၏ချစ်ခြင်းကိုသာလိုလားခဲ့သည်။ ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားခဲ့သည်။ ယောက်ျား ကောင်းတို့တွင်ရှိအပ်သော ကိုယ်ကျင့်တရားတို့ နှင့်ပြည့်စုံသော မင်းကောင်းမင်းမြတ်ဖြစ်ပါ သည်။ နောက်ဆုံး ရာမမင်းသား နှင့် ဒသဂီရိမင်းတို့ စစ်ဖြစ်ခဲ့ပါသည်။ ရာမမင်းသား၏ မြှားချက်ထိမှန်ပြီး ဒသဂီရိမင်း နတ်ရွာစံခဲ့ပါသည်။

သေအံမူးမူးတွင် မယ်သီတာကိုသူစတွေ့ခဲ့သော စမ်းချောင်း လေး၏ဘေးတွင် မြှပ်နှံဖို့အမိန့်ပေးခဲ့ပါသည်။ သူ၏အချစ်များကို သေဆုံးချိန်ထိ သယ်ယူသွားခဲ့ပါသည်။ အချစ်ကြောင့် ဒသဂီရိမင်းသည် ကမ္ဘာလောကရဲ့ ရာဇဝင်တစ်လျှောက်မှာ ရက်စက်မှု့ ပြယုဂ်အဖြစ်တည်တံ့နေပါသည်။

လင်္ကာဒီပချစ်သူ ကိုဖတ်ပြီးသောအခါ ဝမ်းနည်းစွာခံစားရပါသည်။ ကိုချစ်တဲ့လူကို ဆုံးရှုံးခဲ့ပြီး အသက်နှင့် ထီးနန်းကိုပါဆုံးရှုံးခဲ့သော ဒသဂီရိကို လူအများက ဘာကြောင့်မုန်းတီးရသနည်း ဟုမေးခွန်းထုတ်ခဲ့ပါသည်။

အမှန်ဆိုလျှင် သူသည် မင်းကောင်း မင်းမြတ်ဖြစ်ခဲ့ပါသည်။ မိမိတိုင်းပြည်နှင့် လူမျိုး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေး ခဲ့ပါသည်။ ချစ်ခြင်းမေတ္တာအတွက်အားလုံးကိုစွန့်လွတ်ခဲ့ပါသည်။တကယ်တမ်းဆိုလျှင် ဒသဂီရိမင်းသည် စစ်ဘုရင်ဖြစ်လင့်ကစား နူးညံ့သောနှလုံးသားပိုင်ရှင်တစ်ယောက် ဖြစ်ပါသည်။

သူ၏အချစ်ကြောင့်အားလုံး၏ အမြင်တွင် အဓ္ဓမဝါဒီ ဗီလိန်ကြီးဖြစ်နေသည်မှာတော့အလွန် ဝမ်းနည်းစရာ ကောင်းလှပါသည်။ ကျွန်တော်သည် သမိုင်းအကြောင်းလဲ သိသူတစ်ယောက် မဟုတ်သလို စာရေးဆရာ တစ်ယောက်လဲမဟုတ်ပါ။

ထို့ကြောင့်ကျွန်တော့်အမြင်များမှာ မှားချင်လျှင်လဲ မှားလိမ့်မည်။ စိတ်ထဲတွင် ယုံကြည်သည်မှာတော့ ဒသဂီရိမင်းသည် မင်းကောင်း မင်းမြတ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလေးစား တတ်သော မင်းတစ်ပါးဖြစ်သည် ဟုသာယုံ ကြည် မိပါသည်။ ထို့နောက် ဆုတောင်းလိုက်သည်က မည်သူမျှ ဒသမင်း လိုမဖြစ်ကြပါစေနှင့်ဟု၍သာ…

Crd

No comments