New Artical

ပုဇွန်ကော်ပြန့်လိပ် လုပ်စားကြမယ်

 


ပုဇွန်ကော်ပြန့်လိပ်

ပါဝင်သောပစ္စည်းများ

  • ပုဇွန် – နှစ်ဆယ်ကျပ်သား
  • ကော်ပြန့်ရွက် – ငါးဆယ်ရွက်
  • စိမ်းစားဥ(အကြီး) – လေးလုံး
  • ဂဏန်း(လက်မချောင်း) – အချောင်းနှစ်ဆယ်
  • ဘဲဥ – ငါးလုံး
  • ပဲပင်ပေါက် – နှစ်ဆယ်သား
  • ဆလပ်ရွက် – နှစ်စည်း
  • နံနံပင် – နှစ်စည်း
  • ကြက်သွန်မြိတ် – တစ်စည်း
  • ဆီ – အနည်းငယ်
  • ဆား – သင့်ရုံ
  • ပဲငံပြာရည်(အနောက်) – သင့်ရုံ
  • ရှာလကာရည် – သင့်ရုံ
  • ကြက်သားမှုန့် – သင့်ရုံ
  • ငရုပ်ပွ – ငါးတောင့်
  • ကြက်သွန်ဖြူ – တစ်ဆယ်သား
  • ကြက်သွန်နီ – ငါးဥ
  • ထန်းလျက်ခဲ – နှစ်ကျပ်သား

ပြုလုပ်နည်းအဆင့်ဆင့်

*စိမ်းစားဥကို အမြှောင်းအချောင်းလေးတွေ လှီးထားပါ။ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်ရောပြီး ကြော်ထားရမည်။ ဂဏန်းလက်မများကို ရေနွေးဆူဆူထဲထည့်ပြီး ငါးမိနစ်ခန့်ပြုတ်ပါ။ ပြီးလျှင် အခွံခွာပါ။
*ထို့နောက် ပုဇွန်ကို ကြက်သွန်နီဖြင့် ကြော်ထားပါ။ ပဲပင်ပေါက်ကိုလည်း ရေနွေးနှင့် ၂မိနစ် စိမ်ထားရမည်။ ထို့နောက် ငရုတ်သီးစိမ်းအပွကို ထောင်းပြီးနောက် ရာလကာရည်ဖြင့် ရောထားလိုက်ပါ။ ထန်းလျက်ဖြူကို ကျိုပါ။
*ကြက်သွန်ဖြူကို ဆီသတ်ပြီးလျှင် ကော်ြပန့်ရွက်အပေါ်မှာ ဆလပ်ရွက်ကို တင်ကြော်ထားပြီး ၎င်းအပေါ်တွင် စိမ်းစားဥ၊ ပဲပင်ပေါက်၊ ဂဏန်း၊ ပုဇွန်၊ ဘဲဥ၊ ငရုတ်၊ ကြက်သွန်ဆီချက်၊ အချိုရည်၊ နံနံပင်၊ ကြက်သွန်မြိတ်ထည့်ပါ။ ပြီးပါက ကျစ်ကျစ်ကလေး လိပ်ထားရမည်။
*ဤအဆင့်များပြီးလျှင် ကော်ပြန့်လိပ်ကို အသင့်စားသုံးနိုင်မည် ဖြစ်ပါသည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ

No comments