New Artical

ကြက်သွန်ဖြူ၏ ကောင်းကျိုးများ

 


ကျနော်တို့တစ်တွေ သိထားတာက ကြက်သွန်ဖြူကို နေမကောင်း ဖြစ်နေတဲ့အချိန်မှာနဲ့ ဟင်းချက်တဲ့အခါမှာ ထည့်သွင်း အသုံးပြုကြပါတယ်။ ဒါပေမယ့်လဲ ကြက်သွန်ဖြူ စားပြီးရင်လဲ အခြား သောသူတစ်ဦး တစ်ယောက်နဲ့ စကားသွားပြောဖို့က ကြတော့လည်း အဆင်မပြေ ပြန်ပါဘူး။

ဒီကနေ့ ပြောပြပေး မှာကတော့ ကြက်သွန်ဖြူ နဲ့ပတ်သတ်ပြီး သင်မသိ သေးတဲ့ အရာလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။

ခေါင်းအုံး အောက်မှာ ကြက်သွန်ဖြူကို ထားအိပ်ရင် ဘာဖြစ်မလဲဆိုတာကိုလည်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

1. ဝက်ခြံပျောက်စေတယ်

ကြက်သွန်ဖြူက ဝက်ခြံနဲ့ ဆက်စပ်နေတဲ့ ဘတ်တီးရီးယား တွေကို တိုက်ထုတ် ပေးနိုင်ပါတယ်။ အလုပ်ကိစ္စနဲ့ အရေးကြီး မီတင်သွားတွေ့ရမယ့်အချိန်တို့ Crush နဲ့ ပထမဆုံး တွေ့မယ့် အချိန်တို့မှာ ဝက်ခြံပေါက်တာက ဘယ်လောက်ထိ စိတ်တိုဖို့ ကောင်းတယ်ဆိုတာ သိထာပြီးသား ဖြစ်မှာပါ။

နောက်ပြီး ဝက်ခြံမထွက်အောင် သွေးကိုသန့်စင်အောင် လုပ်တဲ့နည်းကိုလည်း ရှိပါသေးတယ်။ ဒါကတော့ ကြက်သွန်ဖြူ နှစ်စိတ်ကို ရေနွေးနဲ့မနက် တိုင်းသောက် ပေးမယ်ဆိုရင်လဲ သွေးကိုသန့်ရှင်းပေးပြီးတော့ ဝက်ခြံတွေကိုလည်း ရှင်းလင်းပေးပါလိမ့်မယ်။ သံပုရာသီးလေး ပါညစ်ထည့် ပြီး

သောက်လိုက် မယ်ဆိုရင် ပါးစပ်ကလည်း ထင်သလောက် နံ့တော့မှာမဟုတ်ပါဘူး။ ဝက်ခြံထွက် လာခဲ့ရင်လည်း ကြက်သွန်ဖြူလေးနဲ့ ဝက်ခြံကို ပွတ်သတ်ပေး ကြည့်ပါ။ အဲ့နည်းလမ်းတွေ သုံးပေးမယ်ဆိုရင် ဝက်ခြံရန်မှ လွတ်မြောက်လာပါလိမ့်မယ်။

2. ဆံပင်ကို သန်မာစေတယ်

ကြက်သွန်ဖြူကို အုန်းဆီတို့ ပျားရည်တို့နဲ့ ရောနယ်ပြီးတော့ ဆံပင်ကို သုတ်လိမ်း ပေးမယ်ဆိုရင် ဆံပင်တွေကို သန်မာလာစေပြီး ဆံပင်ကျွတ်ခြင်း ကနေလည်း ကာကွယ်ပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူမှာ ဆာဖာနဲ့ ဆယ်လီနီယမ် ဓာတ်တွေ ပါဝင်တာကြောင့် ဖြစ်ပါတယ်။

3. ခြင်တွေရန်က ကာကွယ်ပေးပါတယ်

ခြင်တွေက ဗန်ပိုင်းယားတွေလိုပဲ ကြက်သွန်ဖြူကို မုန်းကြပါတယ်။ သင်တို့ရဲ့ အရေပြားပေါ်ကို ကြက်သွန်ဖြူ လိမ်းတာပဲဖြစ်ဖြစ် ကြက်သွန်ဖြူကို အနားမှာ ထားထားတာပဲ ဖြစ်ဖြစ် လုပ်လိုက်ရင်တော့ ခြင်နဲ့ အခြားပိုးမွှားတွေက သင့်ကို ရှောင်သွား ကြပါလိမ့်မယ်။

4. အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးတယ်

ရှာဖွေတွေ့ရှိ မှုတွေရ လတ်ဆတ်တဲ့ ကြက်သွန် ဖြူတွေက အစာအဆိပ် သင့်ခြင်းမှလဲ ကာကွယ်ပေး နိုင်တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူ က အီးကိုလိုင်းနဲ့ အခြာသော ဘတ်တီးရီးယားတွေကို သတ်ပေးနိုင်ပါတယ်။ အစာစားရင်းနဲ့ ကြက် သွန်ဖြူ စားပေးတာက အစာအိမ်ကို အစာဆိပ်သင့်ခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။

5. နှလုံးကို ကောင်းမွန်စေတယ်

နေ့တိုင်းလိုလို ကြက်သွန်ဖြူ စားပေးတာက ခန္ဓာ ကိုယ်ထဲက ကိုလတ်စထော level ကို လျော့ချပေးပါတယ်။ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ သွေးဖိအားနဲ့ သကြား level ကိုလည်း ထိန်းထားပေး နိုင်ပါတယ်။

တစ်ခုသိ ထားရမှာက နှလုံးတွက် ကောင်းကျိုးပေးနိုင်ဖို့ဆိုရင် ကြက်သွန်ဖြူက အစိမ်းဒါမှ မ ဟုတ် မကျက်တကျက် ဖြစ်နေဖို့တော့ စားပေးဖို့ လိုပါတယ်နော်။ ချက်လိုက်ရင်တော့ သူ့ရဲ့ ဓာတ်တွေ လျော့နည်းသွားမှာပဲဖြစ်ပါတယ်။

6. ခေါင်းအုံးအောက်မှာ ထားရင် ဘာဖြစ်မလဲ

ကြက်သွန်ဖြူက အိပ်ပျော်ဖို့ ခက်ခဲတဲ့ သူတွေအ တွက် ဖြေဆေးတစ်ခုလို့ ရာစုနှစ် ပေါင်းများစွာက တည်းက ယုံကြည်လာ ကြပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူ မှာပါတဲ့ ဆာဖာဓာတ်က ပြင်းထန်တဲ့ အနံ့ကို ပေးပါတယ်။

ပထမတော့ အဲ့အနံ့ကို မခံနိုင်ပေမယ့် နောက်ပိုင်းကျရင် ကျင့်သားရ သွားပါလိမ့်မယ်။ အဲ့ဒါက သင့်ရဲ့စိတ်ကို ငြိမ်သွားစေပြီး ကောင်းကောင် အိပ်မော ကျစေမှာ အမှန်ပါပဲ။ နောက်နေ့ အလုပ်သွားရင်လည်း သင့်ကို လန်းစန်း တက်ကြွ စေနေမှာဖြစ်လို့ အလုပ်မှာလည်း ကောင်းကောင်း အာရုံစိုက်လာနိုင်မှာ အသေအချာပါပဲ။

No comments