New Artical

ကိုယ်ဝန်ဆောင်မိခင်များ စိမ်းစားဥ စားပေးခြင်းရဲ့အကျိုးကျေးဇူးများ


ကိုယ်ဝန်ဆောင်မိခင်များ စိမ်းစားဥ စားပေးခြင်းရဲ့ အကျိုးကျေးဇူးများကတော့ စိမ်းစားဥမှာ ရေဓါတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ဗိုက်ဗိုက်လေးတွေနဲ့ အလွန်သင့်တော်ပါတယ်။ လတ်လတ်ဆတ်ဆတ် စိမ်းစားဥကို ရွေးချယ်စားသုံးပါ။ စိမ်းစားဥကြိုက်တဲ့ ဗိုက်ဗိုက်လေးတွေရှိလား။ စိမ်းစားဥဟာဆိုရင် ကိုယ်ဝန် ဆောင်မေမေတွေအတွက်ကော သန္ဓေသားလေးအတွက်ပါ အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ကိုယ်ဝန် ဆောင်ချိန်အတွင်းမှာ ဆုံးရှုံးသွားတဲ့ရေဓါတ်တွေကို ပြန်ပြီးဖြည့််ပေးပါတယ်။ အသားအရေအတွက် အကျိုးရှိစေတဲ့အပြင် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဆုံးရှုံးသွားတဲ့ ရေဓါတ်တွေကို ပြန်ပြီးဖြည့််ပေးပါတယ်

ကယ်ဆီယမ်နဲ့ ဖော့စဖောရပ် - စိမ်းစားဥမှာ ကယ်ဆီယမ်နဲ့ ဖော့စဖောရပ် ကြွယ်ဝစွာပါဝင်ပါတယ်။ သန္ဓေသားလေးရဲ့ အရိုးနဲ့သွား ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။ မေမေလောင်းတို့ရဲ့ အရိုးနဲ့သွား ပြဿနာတွေကိုလည်း နည်းသွားစေပါတယ်။

ရေ - စိမ်းစားဥမှာ ရေဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဗိုက်ဗိုက်လေးတွေနဲ့ အလွန် သင့်တော်ပါတယ်။ လတ်လတ်ဆတ်ဆတ် စိမ်းစားဥကိုရွေးချယ်စားသုံးပါ။ ရေဓါတ် ခမ်းခြောက်တာကို ကာကွယ်ပေးပါတယ်။ အသားအရေကိုကောင်းမွန်စေပြီး ကျန်းမာရေးနဲ့ အလှအပကို အထောက်အကူပြုပါတယ်။ အသားအရေကို ကြည်ကြည်လင်လင်ဖြစ်စေပါ တယ်။

အမျှင် - စိမ်းစားဥမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို အထောက်အကူပြုပါ တယ်။ အစာကြေစေပြီး၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာကို ကာကွယ်ပေးပါတယ်။ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်လာတာကိုလည်း ကာကွယ်ပေးပါတယ်။

ဗီတာမင် C - စိမ်းစားဥမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ ဆဲလ်တစ်သျှူးတွေ ပျက်စီးတာကို ပြန်လည်ကောင်းမွန်အောင်ပြုပြင်ပေးပြီး ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေတဲ့အပြင် ကိုယ်ဝန်ဆောင် ချိန်အတွင်း ဆီးချိုဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။ သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေ နည်းသွားစေပြီး အရိုး၊ သွားနဲ့ အသားအရေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

သံဓါတ် - စိမ်းစားဥမှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။ စိမ်းစားဥက အစာအိမ်ရဲ့ အက်ဆစ်ဓါတ်မြင့်တက်လာတာကိုလည်း ကာကွယ်ပေးပါတယ်။

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှို့ပေးပါတယ်။ ဆီးချိုရောဂါ၊ ကိုလက်စထရော၊ အနာစတဲ့ ကိုယ်ဝန်ဆောင်ချိန် အတွင်း ကြုံရနိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကလေးမွေးဖွားချိန်မှာ နာကျင်တာ ကို သက်သာအောင် အထောက်အပံ့ဖြစ်စေပါတယ်။ မိခင်နို့လည်း အထွက်ကောင်းစေ ပါတယ်။

စိမ်းစားဥက သူ့ရာသီနဲ့သူသာ ရနိုင်တာကြောင့် မေမေလောင်းတို့ ကိုယ်ဝန်ရှိတဲ့အချိန်နဲ့ စိမ်းစားဥပေါ်တဲ့အချိန် တိုက်ဆိုင်တယ်ဆိုရင် စားဖြစ်အောင်စားဖို့  တိုက်တွန်းလိုက်ပါတယ်။


Ref : kalay

No comments