New Artical

ဘုရားစေတီတွေရဲ့ရှေ့မှာ ခြင်္သေ့ ရုပ် ထားခြင်းရဲ့ အဓိပ္ပါယ်


ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြသေ့င်္ရုပ်တွေရှိတာ အားလုံးသိကြမှာပါ။ဘာကြောင့်ဒီလိုထားရသလဲ ဆိုတဲ့ အကြောင်းကိုတော့ သိသူရှိသလိုမသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတ အနေနဲ့ ပြန်လည်တင်ပြလိုက်ပါတယ်။

ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော် ဘုရားလက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူ လတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးက ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြသေ့င်္ရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး-“ဂေါတမမြတ်စွာဘုရားအလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင်လက်ထက်မှာ ကေသရာဇာခြင်္သေ့မင်း ဖြစ်ခဲ့သည်။

တစ်နေ့သောအခါ အလောင်းတော်ခြသေ့င်္မင်း အစာရှာထွက်စဉ်တောအုပ်အလယ်နေရာ၌ ပဒုမမြတ်စွာ ဘုရားရှင် သည် နိရောဓသမာပတ် ဝင်စားလျက်ရှိသည်ကိုဖူးတွေ့လိုက်ရသည်။

ခြသေ့င်္မင်းသည် လွန်စွာမှ ကြည်ညိုအာရုံ ရှိသော ဘုရားဂုဏ်ကိုအာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇောအဟုတ် ဖြင့် ခုနစ်ရက်ပတ်လုံး အစာရှာမသွားတော့ပဲ ဘုရားရှင်၏ ရှေ့မှောက်တွင် ရိုသေဝပ်တွား ပူဇော်ဆည်းကပ် နေခဲ့သည်။

ပဒုမမြတ်စွာဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူသည့်အခါ ခုနှစ်ရက်ပတ်လုံး ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဝပ်တွားဆည်းကပ်နေသော ခြသေ့င်္မင်းအား မြင်တွေ့ရ၍ ‘နောင်အခါ ငါကဲ့သို့ပင် ဘုရားစင်စစ်ဧကန်ဖြစ်လတ္တံ’ လို့ ဗျာဒိတ်စကားမြွက်ကြားခဲ့သည်။

ထိုသို့ ဘုရားအလောင်း ခြသေ့င်္မင်းကို အကြောင်းပြု၍ နှောင်းခေတ် လူများသည် ဘုရားစေတီပုထိုးတို့အား ဖူးမြှော်ကန်တော့ရန် ရောက်ရှိသော အခါ အလောင်းတော်ခြသေ့င်္မင်းအား အတုယူပြီး ဘုရားရှင်အား စူးစူးနစ်နစ် ယုံကြည်စွာ ကြည်ညိုသဒ္ဓါထားပြီး ဖူးမြှော်ဆည်းကပ် ကိုးကွယ်ရန် ခြသေ့င်္ရုပ်များ တည်ကြခြင်းဖြစ်ကြောင်း မုန်တိုင်ပင် ဆရာတော်ဘုရားကြီးက ရည်ညွှန်းဖွဲ့ဆိုပါတယ်။

မဇ္စိုမဒေသ အာသောကမင်းကြီးကတော့ သူတည်ခဲ့တဲ့ ဘုရားစေတီအဆောက်အအုံတွေမှာ ခြသေ့င်္ရုပ်တစ်မျိုးတင်မကပဲ အခြား တိရစ္ဆာန် အာဇာနည် ၃မျိုးကိုပါ ထားပါတယ်။

မည်သည့်အန္တရာယ်ကိုမှ မကြောက်ရွံတတ်သည့် အာဇာနည် ၄ မျိုးမှာ ခြသေ့င်္ ၊ ဆင် ၊ သိန္ဓောမြင်း နှင့် နွားလားဥသဘာ တို့ဖြစ်ပါတယ်။ထိုအရုပ်လေးမျိုးကို အာသောကမင်းကြီး၏ ကောင်းမူတော်များတွင် ဘုရားဘက်သို့မလှည့်ပဲ ဝင်လာသူများဘက်သို့လှည့်၍ ထားကြောင်းသိရပါတယ်။

အပေါ်က အဖြေကတော့ ကျမ်းဂန်ကနေ ထုတ်နှုတ်ဖြေကြားတဲ့ ဆရာတေ်ာကြီးရဲ့အဖြေဖြစ်ပါတယ်။ ဒါပေမယ့် ပုံပြင်လိုလို ရာဇဝင်လိုလိုနဲ့ ကျွန်တော်တို့ အများစု သိထားတဲ့အကြောင်းတစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ သီဟဗာဟု အကြောင်းပါ။

မသိသေးသူများအတွက် သီဟဗာဟုအကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ရှေးလွန်လေပြီးသောအခါက ”သီဟို၌” ယခု ”သီရိလင်္ကာ” နှိုင်ငံ ရာဇဝင်၌ ”မဟာဝံသ” ”သီဟဗာဟု”မင်းဟူ၍ရှိခဲ့ဖူးလေသည်။ ”ဝင်္ဂတိုင်း”ဖွား ”ဗင်္ဂလာ”မင်းသမီးတစ်ယောက်သည် ”ခြင်္သေ့”တစ်ကောင်နဲ့ရကာ တောတွင်းလှိုင်ဂှုတစ်ဂှု၌ နေလေသည်။

”ခြင်္သေ့”ကိုအကြောင်းပြု၍ သားလေးတစ်ယောက် သမီးလေးတစ်ယောက် ထွန်းကားလေသည်။ ”

ခြင်္သေ့”ကြီးသည် အစာရှာထွက်ချိန်၌ ဂှုပေါက်ဝ၌ ကျော်တုံးကြီးတစ်တုံး ပိက်ထားခဲ့၏။ ”သီဟဗာဟု”(၁၆ )နှစ်သားအရွှယ်ရောက်သောအခါတွင်ကား ”ခြင်္သေ့”ကြီးနဲ့မနေလိုသဖြင့် ”အမေ”နဲ့နှမကိုခေါ်ကာ ကျောက်တုံးကြီးကိုဖွင့်ပြီး ထွက်ပြေးကြလေ၏။

”ခြင်္သေ့”ကြီးသည် သားမယားပျောက်သွားသဖြင့် တောတောင်အနှံ့ လိုက်လံရှာဖွေရင်း ”မ” စိတ်မွန်ကာ တောစွန်အုံးဖျားကျေးရွှာများကိုပင် ဖျက်ဆီးပစ်လေသည်။

ထိုအခါဘုရင်က ”ခြင်္သေ့”ကို နှိင့်နှင်းနိုင်မည့်သူအား မောင်းကြေးနှင်းခပ်၍ ရှာဖွေစေရာ ”သီဟဗာဟု”ကတာဝန်ယူလိုက်လေသည်။ ”သီဟဗာဟု”သည် လေးနဲ့မြားကိုယူကာ ဖခင် ”ခြင်္သေ့”ကြီးကို သတ်ရန် ထွက်ခဲ့လေသည်။

တောစပ်တစ်ခုအရောက်တွင် ဖခင်”ခြသေ့င်္”ကြီးနဲ့ ရင်ဆိုင်တွေ့ကြလေသည်။”ခြင်္သေ့”ကြီးကား မိဘ၏ ”မေတ္တာ”ဓာတ်ကြောင့် သားကိုမြင်မြင်ခြင်း အေးချမ်းသွား၏။

သားကိုချစ်သော ”မေတ္တာ”ဓာတ်တို့က ”ခြင်္သေ့”ကြီးတစ်ကိုယ်လုံးတွင် ပြန့်နှံ့လျှက်ရှိလေ၏။

ဤသည်ကား ”ဘာဝနာ” အဆင့်သို့ရောက်သော ”မေတ္တာ”ဓာတ်မဟုတ်သေးချေ ”ဂေဟဿိတပေမ” ခေါ်အိမ်တွင်းမိသားစုခြင်းထားသော ”မေတ္တာ”အဆင့်သာရှိသေး၏။ ထို”မေတ္တာ”၏ စွမ်းရည်သည်ပင် ကြီးမားလှ၏။

အဘယ်ကြောင့်ဆိုသော်”သီဟဗာဟု”ပစ်လိုက်သောမြားတံတို့သည်။”ခြင်္သေ့”ကြီးဆီသို့မရောက်ပဲ ”သီဟဗာဟု”ခြေရင်း၌သာသုံးကြိမ်တိုင်တိုင်ပင် ပြန်ကြ၏။

သုံးကြိမ်တိုင်တိုင် ပြစ်ပြီးသောအခါတွင်ကား ”ခြင်္သေ့”ကြီးသည် ”ဒေါသ”ဖြစ်သွား၏။

”ဒေါသ”ဖြစ်သွားသည်နဲ့ ”မေတ္တာ”ဓာတ်တည်းဟူသော အန္တရယ်ကိုကာကွယ်သည့် ချပ်ဝတ်တန်ဆာသည် ပြုတ်ကြသွားလေ၏။

”ဒေါသ”ဖြစ်ပြီး”ခြင်္သေ့”ကြီးကဟိန်းလိုက်ချိန်မှာပင် ”စတုတ္ထ”အကြိမ်မြောက်ပြစ်လိုက်သော ”သီဟဗာဟု”၏ မြားတံသည် ”ခြင်္သေ့”ကြီး၏ ငယ်ထိပ်သို့စူးဝင်ကာ ထိုနေရာမှာပင် သေသွားလေ၏။ ဘုရင်သည် အားရနှစ်သက်တော်မှုသဖြင့် ”သီဟဗာဟု”ကို အိမ်ရှေ့စံပေးလေသည်။

သီဟဗာဟု မင်းဖြစ်သောအခါတွင် ခေါင်းကိုက်သည့် ”ရောဂါ”မကြာခဏဖြစ်သဖြင့် ”ပညာ”ရှိတို့အား မေးမြန်းကြည့်ကြသောအခါ ဖခင်ကိုသတ်ခဲ့သော အကုသိုလ်ကံကြောင့်ဖြစ်သည်။

ထိုအပြစ်တို့ပြေပျောက်စေရန် ”ခြင်္သေ့”ရုပ်ထုဆစ်ပြီးကန်တော့ရမည်ဟု ဆိုကြလေသည်။ ထိုကြောင့် ”စေတီ”တစ်ဆူတည်ကာ  ”ခြင်္သေ့”ရုပ်ပါထုဆစ်ပြီးကန်တော့ကြလေ၏။

ထိုအဖြစ်မှအစတည်ကာ ”ဘုရား”တည်သောအခါ ”ခြင်္သေ့”ရုပ်ပါသော အလေ့အထ ဖြစ်လာခဲ့ကြသည် ဟုဆိုကြလေသည်။

ကျမ်းကိုး :
-မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သောဖြစ်ရပ်များ 
– နန္ဒာမိုးကြယ်ဘာသာရေး ပြသနာများ 
– ဘဒ္ဒန္တ တိလောကသာရ ”မြန်မာ”တို့ရဲ့အသက်”

No comments