နနွင်းအကြောင်းသိကောင်းစရာ(၁)
#နနွင်းအကြောင်းသိကောင်းစရာ(၁)
နနွင်း(Turmeric)
• Botany Term : Curcuma longa Linn
• Species/Family : Zingiberaceae
#ပုံသဏ္ဌာန်
#အပင်
ရွက်ယောင် ပင်စည် ဖြစ်ပြီး ၄-၅ ပေ ခန့် မြင့်သည်။ ဘဲဥပုံ မြစ်ဥ များရှိသည်။ မြစ်ဥ အတွင်း သား တောက်ပ သော အရောင် ရှိသည်။ နနွင်း အမျိုးအစား ၇ မျိုး ရှိသည့် အနက် ဆေးဖော်စပ် ရာ၌ ဤ နနွင်း ရိုးရိုး ကိုသာလျှင် ဆေးဖက် အဖြစ် အထူး အသုံး ပြု၏။
#အရွက်
ရွက်ညှာ သည် ရွက်ပြားနှင့် အလျား ညီ၏။ ရွက်ညှာ ရင်းမှ ရွက်ပြား ထိပ် အထိ အမြှောင်း ပါသည်။ ရွက်ပြား ရှည်မျောမျော ပုံဖြစ် ပြီး အဖျားချွန် ကာ အရင်းသွယ်သည်။ ရွက်နား ညီသည်။ ရွက်ကြောများ အလွန် ထင်ရှားသည်။
#အပွင့်
အဝါ နုရောင် ရှိသည်။ အပွင့်သည် ဆိပ်ဖူးပွင့် နှင့် တူသည်။ ဝါဆို ၊ ဝါခေါင် လများတွင် ပွင့်သည်။
#အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ
#ဥတက်
#မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ
#ပေါက်ရောက်ပုံ
မြန်မာနိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ မြန်မာ ပြည် အထက်ပိုင်း တောတောင် များ၌ သဘာ၀ အလျောက် ပေါက်ရောက် သည်။ ကူးသန်း ရောင်းဝယ် ရေးအတွက် စိုက်ခင်းများ တည်ထောင်၍ စိုက်ပျိုးကြသည်။
#စိုက်ပျိုးပုံ
ချင်းပင် ကဲ့သို့ စိုက်ပျိုးရသည်။
#အသုံးဝင်ပုံ
#အာနိသင်
မြန်မာ ဆေးကျမ်း များအလို အရ နနွင်း သည် ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ ကိုယ်ရေ နွေးစေ၏။ ပူသော ဂုဏ်သတ္တိ ရှိ၏။ လေကို နိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာ မကြေရောဂါ ကို ပျောက်ကင်း စေတတ်၏။
#အသုံးပြုပုံ(ဥတက်)
• နနွင်း သည် ရောဂါ အမျိုးမျိုးတို့ ကို ပယ်နိုင်၍ အသက်ရှည် စေသော ဆေးအဖြစ် ထင်ရှား၏။ နနွင်းကို ငန်းဆေး အမျိုးမျိုး၊ မျက်စိ ဆေး အမျိုးမျိုး၊ ဒူလာ ဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုး၊ မှိုင်းဆေး အမျိုးမျိုး ဖော်စပ် ရာတွင် အသုံးပြု၏။
• ကိုယ်ဝန်ဆောင် စဉ် အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ် ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချိနဲ့ခြင်း၊ အသား အေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖော ဖြစ်ခြင်း ၊ ယားယံ ခြင်း တို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေး ခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေး နှင့် ပြုတ်၍ ရေချိုးပေး ခြင်း၊ ကြပ်ထုပ် ထိုးပေး ခြင်း တို့ဖြင့် ပျောက်ကင်းစေနိုင်၏။
• သားအိမ် မသန့် သော ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျား ရောဂါတို့ အတွက်လည်း နနွင်း ကို ဆေးဖက် အဖြစ် အသုံး ပြုရ၏။
• နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရျေနှင့် ကျိုပြီး ပျားရည် သင့်ရုံ စပ်၍ သောက်ပါက သွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။
• သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။
• နနွင်း သည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ဝမ်းလျှော ရောဂါ တို့ကို ပျောက်ကင်း စေ၏။
• နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ ကြိမ် သောက် သော် လေထိုး လေအောင့် ရောဂါ ပျောက်၏။
• အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။
• နနွင်းကို သကြားနီ ခဲနှင့် ရောစပ်၍ ဆန်ဆေးရည် နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။
• နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။
• နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ် ရောဂါ ပျောက်၏။
Source: wikipedia
No comments