New Artical

ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်ခြင်း


ယုံကြည်မှုဟူသော စကားကို ဘာသာတရားတိုင်းက အထူးအလေးပေး ပြောဆိုကြ၏။ ယနေ့ခေတ်တွင် ထင်ရှားနေသည့် ဘာသာကြီးလေးခုတွင် ဟိန္ဒူဘာသာကလည်း ဗြဟ္မာကြီးကို ယုံကြည်ရန် ပြောထား၏။ ဗုဒ္ဓဘာသာကလည်း ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ရန် ညွန်ကြားထား၏။ ခရစ်ယန်ဘာသာကလည်း ယေရှုခရစ်တော်နှင့် တမန်တော်ကို ယုံကြည်ကြရန် အလေးအနက် တိုက်တွန်းထား၏။ အစ္စလာမ်ဘာသာကလည်း အလ္လာအရှင်မြတ်နှင့် တမန်တော်ကို ယုံကြည်ကိုးကွယ်ရန် အထူးတင်းကျပ်စွာ ဟောပြောထား၏။ ဘာသာတရား အားလုံးက ယုံကြည်မှုနှင့် ပတ်သက်၍ အရေးကြီးကြောင်း လမ်းညွှန်ထားပေ၏။ ကိုးကွယ်ရာတွင် ယုံကြည်မှုကို အခြေခံ၍ လိုက်နာကျင့်သုံးနိုင်မှ မိမိတို့၏ ဘဝသည်လည်း မှန်ကန်ကောင်းမြတ်သည့် ဘဝတစ်ခု ဖြစ်နိုင်ကြောင်း သင်ကြားပြသကြ၏။
သို့သော် ယုံကြည်မှုကို သင်ကြားမှု အပိုင်းတွင် အခြားအခြား ဘာသာများက သင်ကြားမှု အပိုင်းနှင့် ဗုဒ္ဓဘာသာ၏ သင်ကြားမှုအပိုင်း အဓိပျပါယဖြှင့ဆြိုခကွြ ကွဲပြားနေသည်ကို တွေ့ရမည် ဖြစ်၏။ ဗုဒ္ဓဘာသာတွင် ယုံကြည်မှုကို သဒ်ဓါဟုဆိုပွီး ထိုသဒ်ဓါဟူသည့ျ ယုံကြည်မှုသည် ရတနာသုံးပါးနှင့် ကံကံ၏ အကျိုးကို ယုံကြည်မှုမျိုး ဖြစ်ပြီး ထိုယုံကြည်မှုကို တည်ဆောက်မှုသည် မိမိ၏ ရွေးချယ်မှုဖြင့်သာ တည်ဆောက်ရခြင်း ဖြစ်၏။ ရတနာသုံးပါးကို ယုံကြည်ခြင်းဟူသည်မှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးများက ငါဘုရားကိုယုံ၊ ငါဘုရားဟောသည့် တရားကိုယုံ၊ ငါဘုရား၏ တပည့်သား သံဃာတော်များကို ယုံဟူသည့် ငါစွဲများဖြင့် ယုံကြည်စေမှုမျိုး မဟုတ်ဘဲ ဘုရား၊ တရား၊ သံဃာများ၏ ဂုဏ်တော်များကိုသာ ယုံကြည်စေခြင်းမျိုး ဖြစ်၏။ ကိုးကွယ်ယုံကြည်ရာတွင် ကိုးကွယ်ယုံကြည်ထိုက်သည့် ဂုဏ်အင်္ဂါများ ရှိမှသာ မှန်ကန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး ထိုသက်ရောက်မှုကို ရတနာသုံးပါး၏ ဂုဏ်တော်များအား ဆည်းကပ်ပူဇော်ခြင်းဖြင့် ရရှိနိုင်သဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်များကို ယုံကြည်စေခြင်း ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်ဒြပ်များကို ယုံကြည်စေခြင်း မဟုတ်ပေ။ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းသည်လည်း တစ်စုံတစ်ဦး၊ တစ်စုံတစ်ခုနှင့် သက်ဆိုင်ခြင်း မရှိဘဲ မိမိ၏ စေတနာပါသည့် လုပ်ဆောင်ချက်များနှင့်သာ သက်ဆိုင်နေသဖြင့် ဘဝတစ်ခု တည်ဆောက်မှုတွင် အခရာကျသည့် အချက်အဖြစ် ယုံကြည်စေခြင်း ဖြစ်၏။
အချို့ဘာသာများတွင် မည်သည့်အကြောင်း အရာပင်ဖြစ်စေ ဟိန္ဒူကလည်း ဗြဟ္မာကြီးကို အပြည့်အဝယုံကြည်ရန်၊ ခရစ်ယာန်ကလည်း ထာဝရ ဘုရားသခင်ကို အခိုင်အမာ ယုံကြည်ရန်နှင့် အစ္စလာမ်ကလည်း အလ္လာမ် အရှင်မြတ်ကို ဘာပဲဖြစ်ဖြစ် အလုံးစုံ ယုံကြည်ရန် တိုက်တွန်းကြ၏။ ထိုသို့ တိုက်တွန်းခြင်းမှာလည်း ထိုအရှင်မြတ်များသည် မိမိတို့၏ သက်ရှိသက်မဲ့ အရာအားလုံး ဘဝတစ်ခုလုံးကို ဖန်ဆင်းပေးထားသည့် ဖန်ဆင်းရှင်များ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ကြောင်း ကောက်ချက်ချနိုင်မည် ဖြစ်၏။
ဗုဒ္ဓဘာသာတွင်ကား ယုံကြည်မှုသည် အရေးကြီးသည့် အချက်ဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး ယုံကြည်ရမည့် ယုံကြည်မှုမျိုး မဟုတ်ဘဲ မိမိ၏ ဝေဘန်ပိုင်းခြား စိစစ်လက်ခံမှုဖြင့်သာ ယုံကြည်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်၏ လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ရရှိလာသည့် အတွေ့အကြုံ အသိဉာဏ်ဖြင့်သာ မှားလျင်ပယ်ပြီး မှန်လျင်လက်ခံကာ ယုံကြည်ရမည်ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓက လမ်းညွှန်ပြသတော်မူခြင်း ဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားမှ ဘုရားဖြစ်လာသည့် မဟာလူသား တစ်ပါးသာဖြစ်သဖြင့် လူသားများ လက်တွေ့ကျင့်သုံးပြီး အမှန်တကယ် ရရှိနိုင်သည့် အကျိုးသက်ရောက်မှုကိုသာ ယုတ္တိကျကျ သင်ပြတော်မူ၏။ ကိုယ်တော်မြတ်ကိုယ်တိုင်ပင် မျက်စိမှိတ်ယုံကြည်သည့် မျက်ကန်းယုံကြည်မှုမျိုးကို အားမပေးဘဲ အရာအားလုံးကို တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်က ဖန်ဆင်းပေးသည်ဟူသည့် အယူအဆကိုလည်း မှန်ကန်ကြောင်း ထောက်ခံတော်မမူပေ။
အကယ်၍ မဖြစ်မနေ ဖန်ဆင်းရှင်ဟူသည့် စကားလုံးဖြင့် သုံးနှုန်းပြောဆိုရမည် ဆိုလျင်ကား ဗုဒ္ဓအလိုတော်အရ မိမိသည်သာ မိမိ၏ ဖန်ဆင်းရှင်ဖြစ်ပြီး မိမိ၏ လုပ်ဆောင်ချက်များသည်သာ မိမိဘဝကို ဖန်ဆင်းပေးသည့် ဖန်ဆင်းရှင်အဖြစ် ညွန်ပြရမည်သာ ဖြစ်၏။ မိမိ၏ ကံ ဉာဏ် ဝီရိယ သုံးမျိုးသည်သာ မိမိဘဝ၏ အကောင်းအဆိုးကို ပုံဖော်ပေးမည့် ဖန်ဆင်းရှင် (creator) အဖြစ် စိစစ်လက်ခံကြရမည်သာ ဖြစ်၏။ အနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်သည်ပင် သတ္တဝါတစ်ဦးဦး၏ ဘဝကို ပုံဖော်ဖန်တီးပေးလေ့ မရှိဘဲ ဤသည်က ကောင်းသည့်အရာ၊ ဤသည်က မကောင်းသည့်အရာ၊ မကောင်းသည်ကိုရှောင်ပြီး ကောင်းသည်ကို ဆောင်ရန် ဟုသာ လမ်းညွှန်ပေးလေ့ရှိ၏။ ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်ဘဲ၊ လမ်းညွှန်သူ သက်သက်သာ ဖြစ်သည်။
ထိုသို့ အကောင်းအဆိုးကို ညွှန်ပြလေ့ရှိသည့် မြတ်စွာဘုရားရှင်သည် ယုံကြည်မှုနှင့် ပတ်သက်၍လည်း ဘာပဲဖြစ်ဖြစ် ယုံကြည်လေ့ရှိသည့် မျက်ကန်းယုံကြည်မှုကို အားမပေးဘဲ မိမိယုံကြည် ကိုးကွယ်ရာတစ်ခုသည် မှန်လား၊ မှားလား၊ ကိုးကွယ်သင့်သလား၊ မကိုးကွယ်သင့်သလား ဟူသည့်အချက်ကို မိမိကိုယ်တိုင်သာလျှင် အသိဉာဏ်နှင့် ယှဉ်ကာ ယုံကြည်ကိုးကွယ်ရန် တိုက်တွန်းတော်မူလေ့ရှိ၏။ သဒ်ဓါဟူသည့ျ ယုံကြည်မှုကို ပညာဟူသည့် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်ပညာဖြင့် တွဲဖက်ကာ ကျင့်သုံးရန် မိန့်တော်မူလေ့ရှိ၏။ ယုံကြည်မှုအားကောင်းပြီး ဉာဏ်မပါလျင် အလွဲများကို ကိုးကွယ်မိတတ်ပြီး ယုံကြည်မှု မပါသည့် ဉာဏ်ပညာသက်သက် ဖြစ်နေပြန်လျင်လည်း ကောက်ကျစ်စဉ်းလဲ သွားတတ်သဖြင့် သဒ်ဓါနှင့ျပညာ အညီအမျှပါအောင် ကြိုးစားရန် ဟောပြတော်မူ၏။ ထိုအချက်ကို အခိုင်အမာ တည်ဆောက်နိုင်ရန်အတွက် အရေးကြီးသည့် အရာမှာ မမေ့မလျော့ခြင်းဟူသည့် သတိပင်ဖြစ်ကြောင်း ဗုဒ္ဓရှင်တော်မြတ်က အထပ်ထပ် မိန့်မှာတော်မူခဲ့၏။
မည်သူမဆို မိမိတို့၏ ဘဝကို တည်ဆောက်ရာတွင် ယုံကြည်မှုကို အခြေခံထားကာ တည်ဆောက်ရမည် ဖြစ်သော်လည်း ထိုအခြေခံ ဆောက်တည်မှု အားလုံး၏ အချုပ်မှာ သတိသာဖြစ်သဖြင့် သတိတရားသာ လက်ကိုင်ထားလျင် မှန်ကန်သည့် ယုံကြည်မှု၊ မှန်ကန်သည့် ရွေးချယ်မှုနှင့် မှန်ကန်သည့် လုပ်ဆောင်မှုများ ဖြစ်နေကြမည်ဖြစ်ပြီး ထိုမှန်ကန်မှုများကပင် မိမိတို့၏ ဘဝကို မှန်ကန်သည့် ဘဝများအဖြစ် ပုံဖော်ပေးသွားခြင်း ဖြစ်၏။ သတိရှိနေသူသည် အမှားကို မလုပ်မိစေဘဲ အမှန်ကိုသာ လုပ်မိနေသဖြင့် မှန်ကန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်နေစေပြီး ထိုအကျိုးသက်ရောက်မှုသည် မှန်ကန်သည့် ဘဝအဆက်ဆက်ကို ဖြစ်ပေါ်စေကာ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်အထိပင် ရောက်စေနိုင်ကြမည်သာ ဖြစ်၏။
ဆိုလိုသည်မှာ ဘဝတွင် မည်သည့်ကိစ္စမဆို ယုံကြည်မှုသည် အဓိကကျသဖြင့် ကိုးကွယ်မှုအပိုင်းတွင်လည်း ယုံကြည်မှုကို အခြေခံကာ မှန်ကန်သည့် ဆည်းကပ်ကိုးကွယ်မှု ဖြစ်အောင် တည်ဆောက်ကြရာတွင် အရာရာကို ယုံကြည်လက်ခံသည့် မျက်ကန်းယုံကြည်မှုမျိုး မဖြစ်စေဘဲ စူးစမ်းဆင်ခြင်၊ ခွဲခြမ်းဝေဘန်တတ်သည့် ဉာဏ်ပညာနှင့် ပေါင်းစပ်ထားသည့် ယုံကြည်မှုမျိုးဖြင့် တည်ဆောက်ကြရမည် ဖြစ်ပြီးထိုသို့မှန်ကန်သည့် တည်ဆောက်မှုမျိုး ဖြစ်စေရန်မှာလည်း သဒ်ဓါနှင့ျပညာကို အလွန်အကျွံ မဖြစ်အောင် သတိတရား လက်ကိုင်ထားကာ ထိန်းညှိကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်၏။ သတိရှိနေလျင် သဒ်ဓါလညျးမှနျ၊ ပညာမှန်ပြီး ကိုးကွယ်ရာအမှန်ကိုပါ တည်ဆောက်နိုင်မည်ဖြစ်သဖြင့် သတိပညာပါသည့် ယုံကြည်မှုမျိုးဖြင့် ဘဝကို တည်ဆောက်ရမည်ဖြစ်ကြောင်း သတိပြုရမည် ဖြစ်၏။
ထို့ကြောင့် ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်လိုကြသော သူများသည် မှန်ကန်သည့် ယုံကြည်မှုဖြင့် မှန်ကန်သည့် ဆည်းကပ်ကိုးကွယ်မှု ဖြစ်စေရန် မိမိတို့၏ ယုံကြည်မှုကို သတိပညာတရားများဖြင့် ထိန်းညှိကာ အစွန်းမရောက်သည့် ယုံကြည်မှုမျိုးဖြစ်အောင် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာ ရှုထောင့်မှ ဖွင့်ဆိုပြသည့် သဒ်ဓါအကွောငျး တစ်စေ့တစောင်းကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါသည်။
အားလုံး မှန်ကန်သည့် ယုံကြည်မှုဖြင့် ဘဝမှန်ကို တည်ဆောက်နိုင်ကြပါစေ။
 
(မနာပဒါယီ အရှင်ဝိစိတ္တ)
ဓမ္မစကူးလ်ဆုံရာ

No comments