New Artical

ရာသီသွေး အရောင်အမျိုးအစားကနေသိနိုင်တဲ့ သတိထားရမည့် သင့်ရဲ့ကျန်းမာရေး အခြေအနေများ


အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ အများစုက ဓမ္မတာလာတဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောတတ်ကြပါဘူး။ ဒါပေမဲ့ အမျိုးသမီး တွေအနေနဲ့ ရာသီသွေးအခြေအနေ တစ်ခုခုထူးခြားတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးမှာလည်း သက်ရောက်မှု ရှိနေတယ်ဆိုတာကို သတိပြု ဆင်ခြင်ဖို့လိုပါတယ်။

ဒါကြောင့် ရာသီသွေးဆင်းတာဟာ ရှက်စရာမဟုတ်သလို ရာသီသွေးအမျိုးအစား အလိုက်သိနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေအကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြ ပေး လိုက် ပါတယ်။ 

 

ပန်းရောင်သမ်းနေရင်

ရာသီသွေးဟာ ပုံမှန်ဆင်းနေကျ အရောင်ထက် သွေးအရောင်ဖျော့ပြီး ပန်းရောင်ဘက် သမ်းနေတယ် ဆိုရင် ခန္ဓာကိုယ်ထဲမှာ အမဟော်မုန်း နည်းလွန်းနေတယ်ဆိုတဲ့ လက္ခဏာပါပဲ။ အဲဒီလို ရာသီသွေး ပန်းရောင်သမ်းတာဟာ မကြာခဏဖြစ်တယ်၊ သွေးအရောင်ဟာသိသိသာသာဖျော့လာတယ် ဆိုရင် အရိုးပွရောဂါဖြစ်နိုင်ခြေ ရှိ လာ နိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။


ရာသီသွေးကျဲလွန်းရင်

သွေးအရောင်ဖျော့လွန်းပြီး ရာသီသွေးဟာ ခပ်ကျဲကျဲ ဖြစ်နေမယ်ဆိုရင် အာဟာရ မမျှတဘူးဆိုတဲ့လက္ခဏာ ဖြစ်ပြီး သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိလို့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းကြီး လည်းစိတ်မပူပါနဲ့၊ သားအိမ်ပြွန်ကင်ဆာ၊ သားအိမ်ကင်ဆာဟာ တခြားသားဖွားမီးယပ်ကင်ဆာ ရောဂါတွေ ထက်စာရင် ဖြစ်ပွားနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ဒါကြောင့် ဒီလိုအခြေ အနေမျိုးမှာ သားဖွားမီးယပ် ဆရာဝန်နဲ့သေချာပြသပြီး ကာကွယ်ထားနိုင်ပါတယ်။

 

အညိုရင့်ရောင်ပြောင်းနေရင်

ရာသီသွေးအရောင်က အညိုရင့်ရောင်ဖြစ်နေတာဟာ လစဉ်ဓမ္မတာလာတဲ့အခါ သွေးကုန်အောင် မဆင်းဘဲ သားအိမ်ထဲမှာ အချိန်ကြာမြင့်စွာကျန် နေခြင်းကြောင့် ဖြစ် ပါတယ်။ ဒီအခြေအနေဟာ ကျန်းမာရေးအတွက် ဘာမှ သိသိသာသာ ထိခိုက်မှုမရှိပေမယ့် အရက်သောက်လွန်းတဲ့ အမျိုးသားတွေ၊ ဆေးလိပ်အလွန်အကျွံသောက် လွန်းတဲ့အမျိုးသားတွေ ချွေးထွက်ရင် အရက်နံ့၊ ဆေးလိပ်နံ့နံသလိုမျိုး ရာသီသွေးကျန်တဲ့အမျိုးသမီးတွေလည်း အနံ့အသက်မကောင်းတဲ့ကိုယ်နံ့၊ ချွေးနံ့ တွေထွက် တတ်လို့ သတိထားသင့်ပါတယ်။

 

အနီရင့်ရောင်အညစ်အကြေးတွေပါလာရင်

ဒီအခြေအနေကတော့ ခန္ဓာကိုယ်ထဲမှာ မဟော်မုန်းမြင့်နေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ တခါတလေ သားအိမ်ထဲမှာ ရာသီသွေးကျန်တဲ့အချိန်မှာ လည်းဒီလိုတွေ့ရ တတ် ပါ တယ်။ ဒါအပြင် ဟော်မုန်းမညီမျှရင် လည်း အဲဒီလိုအညစ်အကြေးတွေပါလာတတ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ပါဘူး။


ဘယ်ရီသီးရဲ့အနီရောင်လိုဖြစ်နေရင်

ဒီအရောင်ကတော့ သင့်အနေနဲ့ ကျန်းမာရေးကောင် တဲ့လက္ခဏာပါပဲ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျန်းမာရေးကောင်းတဲ့အခြေအနေက မတူနိုင်တဲ့အ တွက် သားဖွားမီးယပ်ဆရာဝန်နဲ့ပုံမှန် စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ 

 

မီးခိုးရောင်နဲ့အနီရောင်ရောနေရင်

ဒီအရောင်ဟာ အခြေအနေ နှစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပထမတစ်ချက်က သင်ဟာကိုယ်ဝန်ဆောင် မိခင်မဟုတ်ဘဲ ဒီလိုအရောင်မျိုး ရာသီသွေးဆင်းရင် STD/ STIဆိုတဲ့ လိင်နဲ့ပတ်သက်တဲ့ ရောဂါပိုး ကူးစက် နိုင်ခြေရှိနေတဲ့လက္ခဏာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ကျန်းမာ ရေးအခြေ အနေ တ စ်ခု ခုလွဲချော်နေခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

 

လိမ္မော်ရောင်သမ်းနေရင်

ရာသီသွေး လိမ္မော်ရောင်သမ်းတာ ရှားတော့ရှားတယ်၊ ဒါပေမဲ့ ရာသီသွေးလိမ္မော်ရောင် သမ်းပြီဆို ရင်တော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ STD/STIရောဂါ ပိုး ကူး စက်ခံနေရတဲ့လက္ခဏာပဲဖြစ် ပါတယ်။ ဒါကြောင့်မပေါ့ဆသင့်ဘဲ သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းမှာအမြန်ဆုံးသွားရောက် ကုသ သင့်ပါတယ်။

 

Credit: မြန်မာပလက်ဖောင်း

No comments