New Artical

အမျိုးသမီးများရေချိုးပြီးရင် လုပ်သင့်တဲ့အရေးကြီးဆုံးအရာ


 တစ်ခါတစ်လေ အမျိုးသမီးတွေဟာ ရေချိုးပြီးရင် အလျင်စလို အတွင်းခံဘောင်းဘီကို ဝတ်ဆင်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုမျိုးဝတ်ဆင်ခြင်းဟာ အမျိုးသမီးတွေအတွက် အန္တာရာယ် ရှိပါတယ်။  

FemCare ရဲ့ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ Jason James က “ရေချိုးပြီးတာနဲ့ အဝတ်အစားမဝတ်ခင်မှာ လိင်အင်္ဂါအပြင်ဘက်အပိုင်းကို ကိုယ်သုတ်ပဝါနဲ့ညင်သာစွာ သုတ်ပေးသင့်ပါတယ်”လို့ဆိုပါတယ်။

ဒီအချက်ဟာ အမျိုးသမီးတွေအတွက် အရမ်းအရေးကြီးပါတယ်။ အကယ်၍ လိင်အင်္ဂါနားတစ်ဝိုက်မှာ စိုစွတ်နေတဲ့ အတိုင်းအဝတ်အစား အလျင်စလိုဝတ်လိုက်မိရင် မှိုစွဲတဲ့ရောဂါဖြစ်လာဖို့ရာခိုင်နှုန်းများပါတယ်။ James က “အကယ်၍ သင်က ရေချိုးပြီးကာစမှာ အဝတ်အစားတွေကို ဝတ်ဆင်လိုက်ရင် စိုထိုင်းမှုကို ပိတ်လှောင်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ဒီအချက်က ဘက်တီးရီးယားတွေကို ပိုမိုပေါက်ဖွား စေနိုင်ပါတယ်။ မှိုစွဲတဲ့ရောဂါမျိုးတွေဖြစ်လာနိုင်ပါတယ်”လို့ဆိုပါတယ်။

ဒီလို မှိုစွဲတဲ့ရောဂါမျိုးကတော့ ဘယ်သူမှ ဖြစ်ချင်မှာမဟုတ်ပါဘူး။ ဖြစ်ဖူးသူများရဲ့ အတွေ့အကြံအရ အတော်ဆိုးရွားကြောင်းလည်း Jamesကရှင်းပြခဲ့ပါတယ်။ အစိုဓာတ်နဲ့ အတွင်းခံပွတ်တိုက်မှုက ယားယံခြင်းက စတင်စေကာ pHပြောင်းလဲမှုကိုဖြစ်ပေါ်စေပါတယ်။ ဒီလိုမဖြစ်ချင်ရင်တော့ လုပ်လို့ရတာ ၂ခုရှိပါတယ်။

ပထမတစ်ခုက သင့်ရဲ့လိင်အင်္ဂါတစ်ဝိုက်ကို ရေချိုးပြီးတာနဲ့ ညင်သာစွာ ကိုယ်သုတ်ပဝါနဲ့သုတ်ဖို့ပါ။ အရမ်းပွတ်တိုက်တာမျိုး မလုပ်မိပါစေနဲ့။ 

ဒုတိယတစ်ချက်က မိတ်ကပ်လိမ်းတာ၊ အလှပြင်တာ၊ ကော်ဖီသောက်တာတွေ ပြီးမှ အဝတ်အစား စပြီးဝတ်ဆင်တာမျိုးပါ။ 

ဒီလိုလုပ်ခြင်းအားဖြင့် လိင်အင်္ဂါတစ်ဝိုက်မှာ လေဝင်လေထွက်ရှိပြီး အလိုလျောက် ခြောက်သွေ့ သွားစေနိုင်ပါတယ်။

Credit : မဒီလေး Shwemom

No comments