New Artical

ပျိုမေတို့ အတွက် ဘရာဆိုဒ် တွက်နည်း



အမျိုးသမီးတော်တော်များများဟာ ဘရာဆိုဒ်ကို မှားယွင်းရွေးချယ် ဝတ်ဆင်နေကြပါတယ်။ ဘရာဆိုဒ်ဆိုတာဟာ ပတ်ကြည့်ရင် တော်ရုံ fit ဖြစ်တယ်ဆိုရုံနဲ့ ဒါဟာ မှန်ကန်တဲ့ ဘရာကို ရွေးချယ်ဝတ်ဆင်နေတယ်လို့ ပြောလို့မရပါဘူး။ ကြိုး၊ ဘရာရဲ့ အုံ အကုန်လုံးက fit ဖြစ်နေမှ မှန်မှန်ကန်ကန် ရွေးချယ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ဘရာဆိုဒ်မှားဝတ်မိပြီဆိုရင် အရင်ဆုံး ဝတ်ရတာ အဆင်မပြေ တာ၊ ကြိုးကလျော့ရဲနေ၊ တင်းလွန်းနေတာမျိုးနဲ့ ကြုံရတတ်ပါတယ်။ လွဲမှားတဲ့ ဘရာဆိုဒ်ကို ဝတ်ပါများလာရင် ရင်သားအလှကိုပါ ထိခိုက်ပျက်စီးစေပါတယ်။

Bra Size Chart - Know Your Bra Size Online | Zivame
http://www.shwemom.com/wp-content/uploads/illo-band-measurement_gal.jpg
(၁)ရင်သားအောက်ပိုင်း နေရာကို တိုင်း(band)
အရင်ဆုံး လုပ်ရမှာက ဘရာရဲ့ အောက်ပိုင်း ပတ်ကြိုးနေရာကို တိုင်းပါ။ရင် သားရဲ့ အောက်ပိုင်းနေရာကို တိုင်းပါ။ပေကြိုးကောင်းကောင်းနဲ့တိုင်းပါ။နံပါတ်က (၇)ဆိုရင် နောက်ထပ်(၄)လက်မလောက် ပေါင်းထည့် ပေးပါ။ ဆိုလိုတာက ဆိုဒ်(၃၃)လက်မဆိုရင် (၃၈)လက်မဆိုပြီး ယူပါ။

************

Breast Augmentation Isn't All about Adding Size
http://www.shwemom.com/wp-content/uploads/illo-bust-measurement_gal.jpg
(၂)ရင်သားကိုတိုင်း
ရင်သားနေရာကို ပုံမှာ ပြထားတဲ့ အတိုင်း တိုင်းပါ။ပြည့်နေတဲ့ အပိုင်း(nipple level) လောက်နေရာမှာ တိုင်းပါ။ဒီဟာကျရင်တော့ အနီးစပ်ဆုံး နံပါတ်ကို ယူပါ။

*************

(၃)Cup size ကို တွက်ပါ
မိန်းကလေး တော်တော်များဟာ ကိုယ့်ရဲ့ Cup Size ကို သိတဲ့ သူရှားပါတယ်။ တတကယ့်တော့ သိအောင် လုပ်ရတာ အရမ်းလွယ်ပါတယ်။အပေါ်မှာ ပြော ထားတာတွေအကုန်တိုင်းပြီးပြီဆိုရင်တော့ Cup Size တွက်လို့ရပါပြီ။ ဥပမာ-ရင်အတိုင်း (၃၇)လက်မ၊(band) ရဲ့အတိုင်းက(၃၄)လက်မဆိုရင် ကြားထဲ က ခြားနားချက်က (၃)လက်မပါ။ဒါဆိုရင်တော့ (3 C) ပါ။

 

လက်ရှိမှာကိုယ်ဝတ်နေတဲ့ ဘရာရဲ့ Cup Size ကကိုယ့်နဲ့ တကယ်fit ဖြစ် မဖြစ်သိချင်ရင်တော့ ဒီအချက်တွေနဲ့ ကိုက်ညီရပါမယ်။ရင်သားဟာ ဘရာရဲ့ ပုံစံ ခွက်ထဲမှာ လုံးဝအံဝင်ခွင်ကျဝင်နေရပါ့မယ်။ပိုနေလိုနေတာတွေ မဖြစ်ရပါဘူး။ ဘရာရဲ့ နောက်ပိုင်းက (Band)ဟာ ရှေ့ခြမ်းနဲ့ Level တူရပါမယ်။အပေါ်ကို အရမ်းတတ်နေတာ၊ကျနေတာမျိုး မဖြစ်ရပါဘူး။ဘရာက အရမ်းချောင်လွန်းနေ တာလည်း မဖြစ်ရပါဘူး။(band)ရဲ့ အောက်ပိုင်းကို လက်ချောင်းတစ်ချောင်း ထိုးထည့်ရုံလောက်ပဲ အပွအနေအထားရှိရပါမယ်။cups ဒါမှမဟုတ် ရင်သားက လိုတာထက်ပိုပြီး ဖုဖောင်းထွက်နေရင်လည်း သင်ရွေးချယ်တဲ့ ဆိုဒ် မှားနေပါ တယ်။မှန်ထဲမှာ ဘေးတိုက်ကြည့်ရင်လည်း ရင်သားဟာ ပခုံးနဲ့ တံတောင် ဆစ်ရဲ့ အလယ်မှာပဲရှိနေရပါမယ်။အဲ့လိုမဟုတ်ရင်လည်း ဆိုဒ်အရွေး မှာနေပါပြီ။
http://www.shwemom.com/wp-content/uploads/56308e4fc5102.jpg
ဒီ့ထက်ပိုပြီး သေချာအောင်တွက်ချက်ချင်တယ်ဆိုရင်တော့……. 

https://www.lasenza.com/my/bra-size-chart.html   

http://www.boobydoo.co.uk/bra-size-calculator       တို့မှာ ဝင်ရောက် တွက်ချက်နိုင်ပါတယ်။

Ref  :  Realsimple

No comments