New Artical

အမျိုးသားအင်္ဂါကို မလုပ်သင့်သည်များ


လူ့ခန္ဓာကို်ယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ မျိုးပွားအင်္ဂါလည်း ပါဝင်ပါတယ်။ မျိုးဆက်တစ်ခုရဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ မရှိမဖြစ် အရေးပါသလို၊ တစ်ကိုယ်ရေကျန်းမာရေးကိုလည်း တိုက်ရိုက် ဖော်ပြနို်င်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ မျိုးပွားအင်္ဂါမှာ အမျိုးသားတွေအနေနဲ့ အောက်ပါ အချက်များ လုပ်ခြင်းမှ ရှောင်ကြဉ်ကြဖို့  တိုက်တွန်းလိုက်ပါတယ်။

(၁) မချိုးပါနဲ့
ထောင်မက်နေတဲ့အင်္ဂါကို ငြိမ်သွားရန် အလို့ငှာ မချိုးပါနဲ့။ ကျိုးစရာ အရိုးမပါလို့ မကျိုးဘူးမထင်ပါနဲ့။ 30 ဒီကရီအောက်
ကို လိမ်ချိုးမိရင် ကျိုးနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သတိထားစေလိုပါတယ်။

(၂) မရိုက်ပုတ်ပါနဲ့
အချင်းချင်း ဘယ်သူ့ကိုပဲဖြစ်ဖြစ် ထိုနေရာကို ရိုက်ပုတ်နောက်ပြောင်ခြင်း မပြုပါနဲ့။ သေနိုင်တဲ့နေရာ ဖြစ်ပါတယ်။ သို့
တည်းမဟုတ် မျိုးသုဉ်းစေနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။

(၃) ကြီးထွားဆေး မထိုးပါနဲ့/မလိမ်းပါနဲ့
သဘာဝထက် ဘာမှ မကောင်းပါ။ အမျိုးသမီးတွေကို စစ်တမ်းကောက်ကြည့်တော့လည်း အတိုအရှည်ထက် သဘာဝကိုသာ မြတ်နိုးကြောင်း 67% အမျိုးသမီးတွေက ဖြေကြပါတယ်။ 13 % ကတော့ တစ်ကြိမ်တစ်ခါလောက်တော့ အထူးအဆန်းကို ခံစားလိုတယ်လို့ ဖြေထားပြီး၊ 20 % ကတော့ မဖြေတတ်ဘူးလို့ ဆိုပါတယ်။ ဒီတော့ သေချာပေါက်က သင့်အိမ်ရှင်မဟာ သဘာဝအတိုင်းပဲ မြတ်နိုးပါလိမ့်မယ်။ ကောင်းစေချင်လို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက် လေး-ဆိုတာမျိုး မဖြစ်ပါစေနဲ့။

(၄) သန့်ရှင်းရေးပစ္စည်များကို အရမ်းကာရော မသုံးပါနဲ့
အမျိုးသားတန်ဆာ သန့်ရှင်းရေးပစ္စည်းရယ်လို့ ဒီမှာတော့ မရှိသေးပါဘူး။ အခြားနိုင်ငံများမှာတော့ အနံ့ပါတဲ့ ဆပ်ပြာဆီလိုဟာမျိုး ရနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် စိတ်ချရမှုက မသေချာပါ။ သဘာဝအတိုင်း ရေသန့်သန့်နဲ့ ဆေးတာက ပိုပြီး သင့်တော်မယ်ထင်ပါတယ်။

(၅) ဆွဲဆန့်ခြင်း မပြုပါနဲ့
အချို့အမျိုးသားများဟာ ရှည်လာမလားလို့ ဆန့်ခြင်းဆွဲခြင်းမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါဟာလည်း မှားယွင်းပါတယ်။ နဂိုအခြေအနေနဲ့ မျိုးရိုးဗီဇကိုတော့ ကျော်လို့မရပါဘူး။ ကျော်ချင်ရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးတွေတော့ ရှိပါတယ်။ စမ်းသပ်သုံးစွဲခြင်း မပြုပါနဲ့။

(၆) Cain Ball အစရှိသော အရာများမထည့်ပါနဲ့
အမျိုးသမီးတွေများ ပိုပြီး စွဲလေမလားစိတ်ကူးနဲ့ တန်ဆာထဲကို ဘောတွေ၊ ဖန်ပေသီးတွေ ထည့်တာမျိုးတွေကိုလည်း တွေ့နေရပါတယ်။ ရောဂါကူးစက်ခံရနိုင်ခြေ အမြင့်ဆုံးလူတွေလို့ ဆေးဘက်က မှတ်ချက်ပေးထားပါတယ်။ အမျိုးသမီးတွေ စစ်တမ်းကောက်ကြည့်တော့လည်း သာမာန်ထက် ဘာမှ အရသာပိုမထူးဘူးလို့ ဆိုပါတယ်။

Credit : နတ်စည်တော် Shwemom

No comments