New Artical

မျောက်ငိုသီးအကြောင်းသိကောင်းစရာ

 မျောက်ငိုသီးအကြောင်းသိကောင်းစရာ



ဘာ့ကြောင့် ‘မျောက်ငိုသီး’ဟု အမည်ပေးထားသလဲဆိုရင် မျောက်သတ္တဝါ ဆိုသည်မှာ အပင်၏ အခေါက်၊ အရွက်၊ အဖူး၊အပွင့်နှင့် အသီးတို့ကို ခူးဆွတ် စားသုံးတတ်ကြပါတယ်။


ဒီအသီးဟာ အပင်ရဲ့ ကိုင်းအဖျားမှာ တွဲလောင်းကျပြီး သီးတဲ့အသီး ဖြစ်ပါတယ်။ မျောက်ဟာ ဒီအသီးကို စားချင်ပေမဲ့ ကိုင်းအဖျားထိ သွားယူလို့ မဖြစ်နိုင်ပါဘူး။


သူ့ခန္ဓာကိုယ် အလေးချိန်နဲ့ဆိုရင် ကိုင်းကျိုးကျမှာ ဖြစ်ပါတယ်။ အဲ့ဒီအသီးကို စားချင်လွန်းလို့ ကြည့်ရင်း မျက်ရည်ကျရတဲ့အထိ ဖြစ်လို့ မျောက်ငိုသီးလို့ အမည်တွင်ရခြင်း ဖြစ်ပါတယ်။

ရုက္ခဗေဒအမည်   Parkia Speciosa ဖြစ်ပြီး

နိုင်ငံအလိုက် လူမျိုးအလိုက် အမည်အမျိုးမျိုးနဲ့

ဆေးဖက်ဝင် အသီးတမျိုးဖြစ်ပါတယ်။


မျောက်ငိုသီးဟာ အလွန်ဆေးဖက်ဝင်ပါတယ်။ သူ့မှာ သကြားဓာတ်( sugars)သံဓာတ်(iron)ပိုတက်စီယံ( potassium)ဖော့စဖရတ်(phosphorus)ဗိုက်တာမင် A( vitamin A)ဗိုက်တာမင် B6( vitamin B6) နှင့်


ဗိုက်တာမင် C(vitamin C)ဓာတ်များစွာ ပါဝင်ပါတယ်။ ဒီအသီးအနှံက ကျွန်တော်တို့တွေ တစ်ပတ်(၂)ကြိမ်မျှ စားသုံးပေးသင့်ပါတယ်။ ကျန်းမာရေး အာနိသင်တွေများလွန်းလို့တင်စားပြီး ပြောတာပါနော်။


မျောက်ငိုသီးက ကျန်းမာရေး အကျိုးကျေးဇူးတွေများစွာပါဝင်တဲ့အသီးပါ။ ဗီတာမင် A ၊ သံဓါတ်၊ ပရိုတင်းနဲ့ တခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ အဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။


မျောက်ငိုသီးမှာ အမျှင်ဓာတ်များ ပါဝင်တာမို့ အားအင်ကို ဖြစ်စေပါတယ်။ မျောက်ငိုသီးထဲမှ Tryptophan ဓာတ်က လူခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ Serotonin အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် စိတ်ကိုပေါ့ပါးစေပြီး စိတ်နေစိတ်ထားကိုပြောင်းလဲပေးတာမို့ စိတ်ဖိအားကို လျှော့စေနိင်စွမ်းအားရှိပါတယ်။


ဗီတာမင် B6 ပါရှိပြီး သွေးချိုကို မျှတအောင် ညှိပေးနိင်တာမို့ စိတ်ကို ပျော်ရွှင်လန်းဆန်းစေပါတယ်။ မြင့်မားသော သံဓာတ်ပါရှိတယ်။ မျောက်ငိုသီးရဲ့ နှိုးဆွမှုကြောင့်သွေးထဲမှ (hemoglobin) သွေးနီဥကိုကို ထုတ်လုပ်နိင်တာမို့ သွေးအားနည်းတဲ့အခါ အထောက်အကူပြုနိင်ပါတယ်။


အပူပိုင်းဒေသမှာ ပေါက်ပြီး ထူးခြားတဲ့ မျောက်ငိုသီးမှာ ပိုတက်ဆီယမ် (potassium) အများဆုံး ပါဝင်ပေမယ့် အငံဓာတ်က နည်းပါးတာမို့ အမေရိကန်စားသောက်ကုန်နှင့် ဆေးဆိုင်ရာဌာနက မျောက်ငိုသီးဟာ သွေးပေါင်ကိုကျစေပြီး လေဖြတ်ခြင်းမှ ကာကွယ်ပေးနိင်ကြောင်း မျောက်ငိုသီးရဲ့ စွမ်းအားကို မှတ်တမ်းထားပါတယ်။ နှလုံးရောဂါအတွက်လည်း အထောက်အကူပြုပါတယ်။


နေ့တိုင်း မနက်စာ၊ နေ့လည်စာတွင် မျောက်ငိုသီးကို စားရင် ဦးနှောက်အတွက် အထောက်အကူပြုနိင်ပါတယ်။ ပိုတက်ဆီယမ်များပါတာမို့ အသိဉာဏ် ပိုကောင်းလာခြင်း စိတ်ပျော်ရွှင်လန်းဆန်းစေပါတယ်။ အမျှင်ဓာတ်များ ပါဝင်တာမို့ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။


မျောက်ငိုသီးနှင့် ပျားရည် တို့စားခြင်းဖြင့် (အရက်မူး) အမူးပြေစေပါတယ်။ မျောက်ငိုသီးနှင့် ပျားရည်က အစာအိမ်ကိုအနားယူစေပြီး သွေးချိုကို ညီမျှအောင် ညှိပေးနိုင်စွမ်းရှိပါတယ်။ မျောက်ငိုသီးက လူခန္ဓာကိုယ်ထဲကို ရောက်တဲ့အခါ သဘာဝ ခုခံနိင်သောအက်စစ် ဖြစ်သွားတာမို့ အစာအိမ်မကောင်းသူများအတွက် မကြာခဏ စားသုံးသင့်ပါတယ်။ ဝိတ်ကျ နိင်စွန်းအားရှိပါတယ်။


ကိုယ်ဝန်ရှိနေစဉ် မျောက်ငိုသီးစားခြင်းဖြင့် မျောက်ငိုသီးက သွေးချိုကိုညှိပေးနိင်တာမို့ အော့အန်ခြင်းကို ကာကွယ်ပေးနိ င်ပါတယ်။ ခြင်ကိုက်ခံရတဲ့ နေရာကို မျောက်ငိုသီး လိမ်းပေးခြင်းဖြင့် အရေပြားယားယံ ရောင်နေခြင်းနှင့် နာကျင်မှုကိုလျှော့စေတယ်။


မျောက်ငိုသီးတွင် ဗီတာမင် ဘီဓာတ်များ ပါဝင်တာမို့ အာရုံကြောအတွက် အထောက်အကူပြုပါတယ်။ မျောက်ငိုသီးတွင် Vit B6 , V12 ၊ ပိုတက်ဆီယမ်နှင့် မက်ဂနီဆီယမ် ပါဝင်တာမို့ ကိုယ်ခန္ဓာ ပြန်လည်ကောင်းမွန် အထောက်အကူပြုပါတယ်။


ဆေးလိပ်ဖြတ်ရာတွင် နီကိုတင် (Nicotine ) ပျက်စေတယ် ။ “New England Journal of Medicine” လေ့လာချက်အရမျောက်ငိုသီး မကြာခဏ စားတဲ့သူက လေဖြတ်သေဆုံးရခြင်း အန္တရာယ်မှ ကင်းဝေးနှုန်း ၄၀% ရှိပါတယ်။


မျောက်ငိုသီးက ပန်းသီးထက် အသားဓာတ် လေးဆ (protein)။ ကာဗွန်ဟိုက်ဒရိတ် နှစ်ဆ( carbohydrate)၊ ဖော့စရပ် သုံးဆ ( phosphorus) ၊ ဗီတာမင် အေနှင့် သံဓာတ်က ငါးဆ။ အခြားဗီတာမင်နှင့် ပိုတက်ဆီယမ်များ ပါဝင်တာမို့ ကျန်းမာရေးအတွက် အသင့်တော်ဆုံး အစားအစာဖြစ်ပါတယ်။ နေ့တိုင်းမျောက်ငိုသီးစားရင် ဆရာဝန်နဲ့ ကင်းဝေးတယ်လို့ ပြောကြပါတယ် ။


#လေဖြတ်ခြင်းကိုကာကွယ်ပေးတယ်

New England Journal of Medicine ရဲ့

သုတေသန ပြုချက်အရမျောက်ငိုသီးကိုစားပေးတာဟာ လေဖြတ် ရောဂါကြောင့် သေဆုံးမှုကို ၄၀%ထိ လျှော့ချပေး နိုင်တယ်လို့ဆိုပါတယ်။


#မျက်လုံးကျန်းမာရေး

မျောက်ငိုသီးမှာ ဗီတာမင် A ကြွယ်၀စွာပါ၀င်လို့ အမြင်

အာရုံကိုကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်ဓါတ်လည်းကြွယ်၀စွာပါ၀င်လို့ အာရုံ စူးစိုက်မှုကိုပိုကောင်းစေပြီးဦးနှောက် စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။


#အစာချေစနစ်ကောင်းမွန်စေခြင်း

မျောက်ငိုသီးမှာအမျှင်ဓါတ်တွေကြွယ်၀စွာပါ၀င်ပါတယ်။

ဒ့ါကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။


#အရက်နာကျခြင်း

ညဖက်အရက်သောက်တာများသွားလို့ မနက်ပိုင်းမှာ

ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ အရက်နာကျတာမျိုးကို

ပျားရည်၊နွားနို့နဲ့ရောပြီးသောက်ပေးပါ။


#သွေးတိုးကျစေခြင်း

သွေးတိုးရှိသူတွေအတွက် မျောက်ငိုသီးကို

စားပေးမယ်ဆိုရင် သွေးကိုထိန်းညှိပေးပြီး

သွေးတိုးကျကာ သွေးပေါင်ချိန်ပုံမှန်ဖြစ်စေပါတယ်။


#အော့အန်ခြင်းကိုကာကွယ်ပေးတယ်

ကိုယ်၀န်ဆောင်မိခင်တွေ မျောက်ငိုသီးစားပေးမယ်ဆိုရင် အော့အန်ခြင်းကိုကာကွယ်ပေးပါတယ်။


#ခြင်ကိုက်ခံရတဲ့အခါ

ခြင်ကိုက်တဲ့နေရာမှာ မျောက်ငိုသီးကိုလိမ်းပေးမယ်ဆိုရင်

ခြင်ကိုက်လို့ အရေပြားယားယံတာကို ပျောက်ကင်းစေပြီးအရေပြား ရောင်တာကိုလည်း သက်သာစေပါတယ်။


#ဆေးလိပ်ဖြတ်ခြင်သူတွေအတွက်

ဗီတာမင် B6,B12 ပါ၀င်ပြီး ဆေးလိပ်ဖြတ်တဲ့ သူတွေ 

အတွက် စားပေးသင့်ပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်

ပါ၀င်လို့လည်း နီကိုတင် ပျက်စေပါတယ်။


#တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အာရုံကြောစနစ်ကိုကောင်းမွန်စေတယ်။ရင်ပူတာကို 

သက်သာစေတယ်။ဦးနှောက်စွမ်းဆောင်ရည်ကို

မြင့်တက်စေတယ်။သွေးအားနည်းရောဂါကို

ကာကွယ်ပေးမယ်။စိတ်ကျရောဂါကိုကာကွယ်ပေးတယ်။ 

ကိုယ်အလေးချိန်ကျစေတယ်။

စိတ်ဖိစီးမှုလျော့နည်းစေခြင်းတို့ဖြစ်ပါတယ်။


#Crd to

No comments