New Artical

လင်မယား ဖြစ်ရခြင်း အခြေခံအကြောင်းရင်း (၂) မျိုး

 


လင်မယား ဖြစ်ရခြင်း အခြေခံအကြောင်းရင်း (၂) မျိုးတို့ကတော့

၁။ ပုဗ္ဗသန္နဝါသ – ရှေ့ဘဝ၊ ဘဝ မှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏။

၂။ ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် လင်မယားဖြစ်ရ၏။

အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက

သမ္မသဒ္ဓါ – သဒ္ဒါတရားချင်းတူညီ

သမသီလာ – အကျင့်ချင်းလည်းတူညီ

သမစာဂါ – စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ

သမပညာ – အယူအဆ၊ အတွေးအခေါ်၊ ပညာချင်းလည်း တူညီမည်ဆိုပါက

ဤ လင်မယား သည် ယခု ဘဝတွင် ကွဲကွာခြင်း မရှိသည့်အပြင်

ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်…

၁ – အကျိုးစီးပွား တိုးတက်ခြင်း

၂ – ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း

၃ – ရန်သူများ မနှိပ်စက်နိုင်ခြင်း

၄ – မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း စသည့်အကျိုးတရားများကို

ရရှိနိုင်ပေသည်ဟု ဘုရားရှင် က ဟောကြားတော်မှုခဲ့ပေသည်။ 

Credit

No comments