New Artical

ဆီးချိုသွေးချိုသမားတွေ အရက်သောက်လို့ရလား?


ဆီးချိုသွေးချိုသမားတွေ အရက်သောက်လို့ရလား?

အရက်က ဆီးချိုသွေးချိုရောဂါအပေါ် ဘယ်လို အကျိုးသက်ရောက်စေနိုင်လဲဆိုတော့.......

🔹 ဆီးချိုသွေးချိုသမားတွေအတွက် အသင့်အတင့်ပမာဏရှိသော အရက်က သွေးတွင်းသကြားဓာတ်ကို တက်စေပါတယ်။ သိပ်များသွားရင်တော့ သွေးတွင်းသကြားဓာတ် ကျဆင်းသွားစေပြီး အကျလွန်သွားပါက အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

🔹 ဘီယာနှင့် ဝိုင်အချိုများထဲမှာ ကစီဓာတ်ပါဝင်လို့ သွေးတွင်းသကြားဓာတ် တက်စေပါတယ်။

🔹 အရက်က ခံတွင်းလိုက်စေလို့ အလွန်အကျွံအစားစားမိစေပြီး သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုကို ထိခိုက်နိုင်ပါတယ်။

🔹 အရက်ဝင်သွားတာကြောင့် ဆုံးဖြတ်ခြင်းနှင့် စိတ်စွမ်းအင်ကို ထိခိုက်စေပြီး ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအစာများကို မဆင်မခြင် ရွေးချယ် စားသောက်စေနိုင်ပါတယ်။ (ဥပမာ - အရက်မမူးစဉ်က ရှောင်ကြဉ်သော်လည်း မူးလာတဲ့အခါ အဆီတုံးတွေနဲ့ အချိုမုန့်တွေ စားဖြစ်ပါလိမ့်မယ်။)


🔹 ဆီးချိုသွေးချိုထိန်းသည့် သောက်ဆေးများ (သို့မဟုတ်) အင်ဆူလင်ရဲ့ ကောင်းသော အကျိုးကျေးဇူးများကို ထိခိုက်စေပါတယ်။

🔹 ထရိုင်ဂလစ်ဆရိုက် (ခေါ်) အဆီဓာတ်များမြင့်တက်စေပါတယ် ။

🔹 သွေးဖိအား မြင့်တက်စေပါတယ်။

🔹 မျက်နှာနီမြန်းလာခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် စကားပြော လေးလံလာခြင်းတို့ ဖြစ်စေပါတယ်။


Credit:

No comments