New Artical

Expired Date ကျော်သွားသည့်တိုင်အောင် စားလို့ရနိုင်သေးတဲ့ အစားအစာ (၇) မျိုး


Expired Date ကျော်သွားသည့်တိုင်အောင် စားလို့ရနိုင်သေးတဲ့ အစားအစာ (၇) မျိုး

အစားအစာတစ်ခုဟာ ဘယ်လောက်တာရှည်ခံသလဲ? စားသုံးဖို့ အန္တရာယ်ကင်းတယ်ဆိုတာ ဘယ်လိုသိရှိနိုင်သလဲဆိုတာဟာ ပြောရခက်တဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ အချို့သော အစားအစာတွေဟာ အညွှန်းမှာရေးထားတဲ့ Expired Date ရက်ကျော်လွန်သွားပြီး ပုံပန်းမလှ၊ အရသာအကောင်းဆုံး အခြေအနေ မရှိသည့်တိုင် စားသုံးဖို့ အန္တရာယ်ကင်းနိုင်သလို အချို့ အစားအစာတွေကတော့ မစားသုံးသင့်တော့ပါဘူး။ Expired Date ကျော်သွားသည့်တိုင်အောင် စားလို့ရနိုင်သေးတဲ့ အစားအစာ (၇) မျိုး ကိုဖော်ပြပေးလိုက်ပါတယ်။

စည်သွတ်ဘူး အစားအစာ

စည်သွတ်ဘူးအစားအစာများမှာ ရေးထားတဲ့ Expired Date တွေဟာ ၁ နှစ် နဲ့ ၄ နှစ်ကြားမှာ ရှိပါတယ်။ အေးပြီးမှောင်တဲ့နေရာမှာ ပုံသဏ္ဌာန် မပျက်သိမ်းထားပါက ၃ နှစ်မှ ၆နှစ်အထိ ခံနိုင်ပါတယ်။

အေးခဲထားသော အစားအစာများ

အသားမှလွဲပြီး စည်သွပ်ဘူးအစားအစာများကဲ့သို့ပဲ အချိန်ပိုကြာ ထားနိုင်ပါတယ်။

ဥအမျိုးမျိုး

ရေခွက်ထဲမှာ ကြက်ဥကို ထည့်လိုက်ပါ။ ပေါလောမျောပါက ဗက်တီးရီးယား ပိုးကောင်ရေ အရမ်းများနေပြီး စားဖို့ မသင့်တော့ပါဘူး။ ဗက် တီးရီးယားများက ဓာတ်ငွေ့များထုတ်လွှတ်လို့ ကြက်ဥက ရေမှာပေါလောပေါ်နေတာပါ။

ခေါက်ဆွဲခြောက်

ခေါက်ဆွဲခြောက်များဟာ အနံ့မပြောင်းသွားခင်အထိ ရက်လွန်သည့်တိုင်အောင် စားသုံးနိုင်ပါတယ်။

ပေါင်မုန့်

ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားမယ်ဆိုရင် ရက်လွန်သွားသည့်တိုင်အောင် တာရှည်ခံပါသေးတယ်။ ပေါင်မုန့်မှာ မှိုမတွေ့ချိန်အထိ စားသုံးနိုင်ပါတယ်။

သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်များ

အပေါ်မှာရေးထားတဲ့ Expired Date ကျော်သွားတဲ့ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ရှုပါ။ အနံ့ခံပါ။ ခံစားကြည့်ပါ။ ကောင်းသေးတယ်ထင်မှ စားသုံးပါ။

Crd

Ref:Foxnews.com

No comments