New Artical

တနင်္လာနေ့မှာ အလုပ်မတက်ချင် ဖြစ်နေရင်

 

တနင်္လာနေ့မှာ အလုပ်မတက်ချင် ဖြစ်နေရင်

ကျွန်ုပ်တို့ဟာ တနင်္လာနေ့ မှာ ရုံးမတက်ချင်တဲ့ စိတ်အခြေအနေကို တစ်ခါတစ်ခါ ခံစားရလေ့ရှိပါတယ်။ ဒီလိုမဖြစ်ရအောင် သင့်ရဲ့လုပ်ငန်းခွင် ကို မြှင့်တင်ပေးပြီး အလုပ်မှာ ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

လုပ်ငန်းခွင်ဘဝကို စနစ်ကျ အောင် ပြင်ဆင်ပါ
——————————————

အလုပ်တွေ မနိုင်မနင်းဖြစ်ခြင်းကြောင့် ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရပါလိမ့်မယ်။ ဒါကြောင့် အလုပ်ကို မိနစ်အနည်းငယ် စောလာပါ။ တစ်နေ့တာ လုပ်ဆောင်ရမဲ့ အလုပ်များကို စနစ်တကျ အစီအစဉ်ကျနစွာ စီမံခန့်ခွဲပါ။ ထိုအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်လိုက်ပါ။ အလုပ်စားပွဲကို သပ်ရပ်စွာအလှဆင်ပါ။

အလုပ်စားပွဲကို သပ်သပ်ရပ်ရပ်နဲ့ စိတ်တိုင်းကျ ပြင်ဆင်လေ့ရှိတဲ့ ဝန်ထမ်းများဟာ အခြားဝန်ထမ်းများထက် အလုပ်မှာ ၄၀ % ပိုမိုပျော်ရွှင်ကြတာကို သုတေသီများက တွေ့ရှိထားကြပါတယ်။

မိမိရဲ့စိတ်ကို တက်ကြွစေမယ့် အဝတ်အစားကို ဝတ်ဆင်ပါ
—————————————————–

စိတ်အခြေအနေကို ကောင်းမွန်စေမယ့် သင်နှစ်သက်တဲ့ (သို့မဟုတ်) သက်သောင့်သက်သာဖြစ်စေတဲ့ (သို့မဟုတ်) သင့်ကိုယ်သင် ယုံကြည်မှု တိုးတက်စေမယ့် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။

အပြောင်းအလဲဖြစ်မည့် အလုပ်များကို ဆောင်ရွက်ပါ
———————————————–

ဆိုလိုတာက မနက်မိုးလင်း အိပ်ရာကထ အလုပ်လာ၊ တစ်နေကုန် အလုပ်လုပ်၊ အိမ်ပြန်။ ဒီလိုနဲ့ နေ့စဉ်နေ့တိုင်း ဒီပုံစံချည်းပဲဆိုရင် ရိုးအီလာပြီး အလုပ်မှာ မပျော်ရွှင်တာ မျိုးဖြစ်လာပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် အလုပ်လာနေကျလမ်းကို ပြောင်းသွားခြင်း၊ တစ်နေ့တာပြုလုပ်နေကျ အလုပ်များကိုပြောင်းလုပ်ခြင်းစသဖြင့် ပြုလုပ်နေကျမဟုတ်တဲ့ နည်းလမ်းများဖြင့် ပြုလုပ် ကြည့်ပါ။

နေ့လယ်စာစားသည့် အချိန်တွင် လှုပ်ရှားမှုပြုပါ
——————————————-

တစ်နေကုန် အလုပ်စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေသူများအနေနဲ့ ထမင်းစားချိန် နားတဲ့အခါမှာပါ ထိုင်ရာကမထ ထမင်းချိုင့်ဖွင့်စားနေမယ်ဆိုရင် လူက တက်ကြွမှုရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် နေ့လယ်စာစားချိန်မှာ အညောင်းပြေ အညာပြေ လမ်းလျှောက်ပါ။ အကြောလျှော့ လေ့ကျင့်ခန်းပြုလုပ်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်သော အဆာပြေမုန့်စားပါ
——————————————-

ကော်ဖီချည်းပဲ သောက်နေမယ့်အစား နေ့လယ်နေ့ခင်း သရေစာမုန့် စားတဲ့အခါ သစ်သီးဝလံစတဲ့ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို စားသုံးပေးပါ။

လုပ်ဖော်ကိုင်ဖက်များအပေါ် အကောင်းမြင်ပါ
——————————————

သင်နဲ့ မသင့်မြတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း အတင်းအဖျင်းပြောပြီး စိတ်သက်သာရာ ရှာနေမယ့်အစား ထိုသူနှင့်တိုက်ရိုက်တွေ့ ပြီး အကောင်းမြင်စွာ ပြဿနာများကို တိုက်ရိုက်ဖြေရှင်းလိုက်ပါ။ ရန်သွားတွေ့ခိုင်းတာ မဟုတ်ပါဘူး။ မိမိနဲ့ သင့်မြတ်တဲ့သူတွေနဲ့သာ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အလုပ်အကိုင်တစ်ခု ရှိနေခြင်းကို ကျေးဇူးတင်ပါ
——————————————-

မိမိအလုပ်ကို မနှစ်မြို့ဘူးလို့ ခံစားနေမယ့်အစား ယခုကဲ့သို့ အလုပ်အကိုင်ရှိခြင်းရဲ့ အကျိုးကျေးဇူးများကို အကောင်းမြင်လိုက်ပါ။

Ref:healh24.com

Credit:

No comments