New Artical

ဗုဒ္ဓမြတ်စွာဘုရား နှင့် မဟာဝီရ



ဂေါတမဗုဒ္ဓမြတ်စွာဘုရား နှင့် မဟာဝီရ(ဂျိန်းဘုရား)မတူပါ


မဟာဝီရခေါ် ဂျိန်းဘုရားဆိုတာ BC - ၅၉၉ ခုနှစ်တွင် မွေးဖွားခဲ့သောကြောင့် ဂေါတမ ဗုဒ္ဓဘုရားရှင်ထက် စောပါတယ်...။
သူဟာ ဝေသာလီမြို့သား လိစ္ဆဝီ မင်းမျိုး ဖြစ်ပြီးတော့ အသက် (၃၀) အရွယ်တွင် ဇနီးနှင့်သမီးကို စွန့်၍ တောထွက်ခဲ့ပါတယ်....။

နောက်.... ရဟန်းဝတ်ပြီး ( အဟိသက ) သူတပါးကို မညှင်းဆဲခြင်း မသတ်ဖြတ်ခြင်း စသော အကျင့်များကို ( ၁၂ ) နှစ်တိတိ ကျင့်ခဲ့ ပါတယ်...။ ကိုယ်ပိုင်ပစ္စည်းတစ်ခုမှ မထားသောအယူကြောင့် အဝတ်အစားမပါ သလို အဆောက်အဦး၌လဲ မနေထိုင်ရပေ.....။
အေးသောရာသီတွင် တွင်းတူးပြီး နေထိုင်၍ အိုးခွက် ပုဂံကို မကိုင်ရသောအယူကြောင့် အစားအစာနှင့်ရေကို လက်ဖြင့်သာခံယူ စားသောက်ရပါတယ်.....။
မဟာဝီရ၏ အကျင့်ဟာ အဆုံးစွန် ဆင်းရဲခြင်းအကျင့် သာဖြစ်ပါတယ်.....။ သူဟာ အသက် ၄၂ နှစ် အရောက်မှာ မိမိဟာ အကျွတ်တရားရပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်.....။
နိဂဏ္ဌဂိုဏ်းသားဖြစ်သော မဟာဝီရအား နာတိကရွာကို အပိုင်စားရသည့် နာဋ၏သား ဖြစ်သောကြောင့် ...
လူအများကနေ နိဂဏ္ဌနာတိကပုတ္တ ဟုခေါ်ကြ၏....။

အချို့က လဲ မဟာဝီရဟု ခေါ်ကြပါတယ်...။
( ဇိန = ဂျိန = ဂျိန်း ) ဘုရားဟုခေါ်ကြပြီး ၎င်း၏ ဘာသာ ကိုလဲ ဂျိန်းဘာသာဟု ခေါ်ဆိုကြပါတယ်.....။
သူဟာ အသက် ၄၂ အရွယ်မှစ၍ နှစ်ပေါင်း ၃၀ အထိ တရားဟောခဲ့ပြီး ဂေါတမ ဗုဒ္ဓ ပွင့်တော်မူပြီး ၁ နှစ်အကြာ ဘီစီ - ၅၂၇ ခုနှစ် တွင် မလ္လတိုင်း ပါဝါမြို့၌ ကွယ်လွန်ခဲ့ပါတယ်...။
ထို့ကြောင့် ဂျိန်းဘာသာ၏ ဘုရားဖြစ်သော မဟာဝီရ နှင့် ဗုဒ္ဓဘာသာ၏ ဘုရားရှင် ဖြစ်သော ဂေါတမဗုဒ္ဓသည် တစ်ယောက်ထဲမဟုတ်ပါ....။ လုံးဝမတူညီပါ....။
ထူးအိမ်သင် သီချင်းထဲမှာ ဖွဲ့ဆိုတင်စား ထားသော
" မဟာ-ဝီရ-အိုဗုဒ္ဓ " ဆိုသည်မှာ အနုပညာ ရသတစ်ခုအဖြစ် စကားလုံး တစ်လုံးခြင်းစီရဲ့ အဓိပ္ပာယ်ကိုယူပြီး ဂေါတမဗုဒ္ဓရှင်တော်မြတ်စွာဘုရားကို တင်စားဖွဲ့ဆိုထားခြင်း သာဖြစ်ပါတယ်...။

( မဟာ ) ကြီးမားမြင့်မြတ်ခြင်း
( ဝီရ )     ဝီရိယ သို့ ရဲရင့်ခြင်း
ဆိုတဲ့အဓိပ္ပာယ်သာဖြစ်ပါတယ်.....။
ထို့ကြောင့် သီချင်းများ ကဗျာစာသား များကို တွေ့မြင်ကြားသိရင်း နောက်မျိုးဆက်တွေအနေနဲ့ ဗုဒ္ဓဘာသာသမိုင်း အမှတ်မမှား စေရအောင် မရောထွေးစေရအောင် ပုံများကို google မှရှာဖွေ ရေးသား တင်ပြပေးခြင်းသာဖြစ်ပါတယ်...။
crd.. ori..upldr

No comments