New Artical

၀က်လိုင်းသားကင်နှင့် သီးရွက်စုံစတူး


 ၀က်လိုင်းသားကင်နှင့် သီးရွက်စုံစတူး

......................................
ဝက်သားကင်တာကိုလည်း ဆီထပ်မထည့်ဘဲ အိုးပူကပ်ပေးတာဆိုတော့ ကယ်လိုရီလည်း မတက်စေတော့ဘူးပေါ့။ နေ့လယ်စာအတွက် ပြင်ဆင်သွားကြည့်နော်။

ပါဝင်ပစ္စည်းများ
- ဝက်လိုင်းသား - ၁၀ဝ ဂရမ်
- အာလူး (အရွယ်တော်) - ၂ လုံး (အန်စာတုံးအကြီးပုံ လှီးပါ)
- မုန်လာဥနီ - ၁ လုံး (အန်စာတုံးအကြီးပုံ လှီးပါ)
- ဂေါ်ရခါးသီး - ၁ လုံး (အန်စာတုံးအကြီးပုံ လှီးပါ)
- တရုတ်မှိုခြောက် - ၃ ပွင့် (မိနစ် ၂၀ ခန့် ရေကြိုစိမ်ပေးပါ)
- ထိုင်ဝမ်မုန်ညင်း - ၁ စည်း
- ရေ - လီတာဝက်
- ကြက်သွန်ဖြူ - ၃ မြွှာ
- သစ်ကြံပိုးခေါက် - လက်သန်းခန့် တစ်ချောင်း
- ချင်း - လက်တစ်ဆစ် (နုပ်နုပ်စဉ်းပါ)
- ဆား - လက်ဖက်စားဇွန်း ၁ဇွန်း
- ငရုတ်ကောင်း - အနည်းငယ်

ပြုလုပ်နည်း
အသီးအရွက်တွေကို ဖော်ပြထားတဲ့အတိုင်း အရင်ပြင်ဆင်ပါမယ်။ ဝက်သားကို အသားထု တူနဲ့ အသားနည်းနည်းမွသွားအောင် သာသာလေးနှက်ပြီး ခက်ရင်းနဲ့ အပေါက်လေးတွေဖောက်ကာ ဆား၊ ငရုတ်ကောင်းတို့နှင့် အရသာသွင်းပြီး နှပ်ထားပါ။ သီးရွက်စုံ စတူးချက်ဖို့အတွက် ထမင်းပေါင်းအိုး (သို့) Pressure Cooker လိုပါမယ်။ ထည့်ချက်မယ့် အိုးထဲကို အာလူး၊ မုန်လာဥအနီ၊ ဂေါ်ရခါးသီး၊ မှိုနှင့် သစ်ကြံပိုးခေါက်တို့ကို ရေလီတာ ဝက်ထည့်ပြီး ၁၀ မိနစ်ခန့် ပေါင်းပေးရပါမယ်။ စတူးပေါင်းနေတုန်းမှာ မတ်တဲ့ ဒယ်အိုးတစ်အိုးကို မီးအပူပေးပြီး ဝက်သားကို တင်ပေးပါ။ မီးအသင့် အတင့်နဲ့ တစ်ဖက်ကို ၈ မိနစ်ခန့် အပြန်အလှန်ကင်ပေးပါ။ စတူးအိုးကို ရေအေး ခဏခံဖွင့်ပြီး ထိုင်ဝမ်မုန်ညင်းထည့်ကာ အိုးအပူနဲ့သာ နွမ်းပါစေ။ ပြီးလျှင် ပုံပါအတိုင်းပြင်ဆင်ပြီး အဆီမတက်စေတဲ့ ဝက်သားနဲ့ နေ့လယ်စာကို သုံးဆောင်နိုင်ပါပြီ။

...................
Crd.Davy

No comments