New Artical

ပျားရည်သုံးထပ်သားကင်


 ပျားရည်သုံးထပ်သားကင်


ကလေးရော လူကြီးပါ ကြိုက်နှစ်သက်မယ့် ဝက်သုံးထပ်သားကို ပျားရည်လေးနဲ့ ကင်ထားတာလေး ရေးပေးချင်ပါတယ်။ ထမင်းစားပျက်တဲ့ကလေးတွေအတွက်လည်း ထမင်းပူပူလေးနဲ့ ကျွေးမယ်ဆိုရင် ကလေးတွေအကြိုက် ဖြစ်စေမှာပါ။ လုပ်ရတာလည်း မခက်ဘဲ အချိန်ကုန်လည်း သက်သာစေပါတယ်။ ဝက်သားကို ပါးပါးလှီးတဲ့အခါ လှီးရလွယ်ကူစေဖို့ အတွက် အခဲခန်းထဲမှာ ၁ နာရီခန့်ထားပြီးမှ လှီးပါ။ အရမ်းလည်း ခဲမသွားစေဖို့ သတိပြုပါနော်။

ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား – ၂၅ ကျပ်သား

ပန်းရောင်ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်အဖြူ – လက်ဖက်ရည်ဇွန်း တစ်ဝက်

ချင်းအရည် – ထမင်းစားဇွန်း တစ်ဝက်

ကြက်သွန်ဖြူအမှုန့် – လက်ဖက်ဇွန်း ၂ ဇွန်း

ဟင်းချက်ဝိုင်အဖြူ

ပြုလုပ်ပုံ

၁။ ပါဝင်ပစ္စည်းများကို အားလုံးရောမွှေပြီး ၁ နာရီခန့် နှပ်ထားပါ။ နှပ်ချိန်ကြာလေ ပိုကောင်းလေပါ။

၂။ အကင်ဗန်းကို အသုံးပြုပြီး မီးအေးအေးဖြင့်ကင်ပါ။ အကင်ဗန်းမရှိလျှင် မကပ်တဲ့ အိုးကို အသုံးပြုပါ။

၃။ အသားကျက်မှ ပျားရည် ၁ ဆ ရေ ၂ ဆရောပြီး အသားပေါ်လောင်းကာ စက္ကန့် အနည်းငယ် ကင်ပေးပါ။ အရသာရှိပြီး ချိုချိုမွှေးမွှေး သုံးထပ်သားကင်လေး ရပါပြီ။

Crd.မေသူ 

No comments