New Artical

ဝက်နံရိုးကင်


 ဝက်နံရိုးကင်

°°°°°°°°°°°°

ဝက်နံရိုး.........................၈၀ကျပ်သား
နံနံပင်အမြစ်(ထောင်းပြီး)...၂ဇွန်း
ကြက်သွန်ဖြူ ထောင်းပြီး.....၂ဇွန်း
ငရုတ်ကောင်းစေ့...............၁ဇွန်း
ခရုဆီ..............................၂ဇွန်း
ပဲငံပြာရည်အပျစ်(ချို) ..........၂ဇွန်း
မက်ဂီဆော့စ်(သီးရွက်စုံငံပြာရည်)..၁ဇွန်း
ပျားရည်.............................၂ဇွန်း
သကြား.............................၁ဇွန်း
ဟင်းချက်ဝိုင်အရက်..............၁ဇွန်း
အုန်းနိူ့.................................၁/၄ခွက်

*ဇွန်း=ထမင်းစားဇွန်း

ပထမဆုံးဝက်နံရိုးကိုအသားထူပြီးအဆီဖုံး
နေတဲ့နံရိုးအချပ်လိုက်ကိုရွေးဝယ်ရပါမယ်။

ရေဆေးသန့်စင်ပြီး ၂ပိုင်းအညီအမျှပိုင်းပါ။

နံနံပင်အမြစ်၊ ကြက်သွန်ဖြူ ၊ငရုတ်ကောင်းတို့ကိုသီးသန့်စီညှက်နေအောင်ထောင်းပါ။

ဇလုံတစ်ခုအတွင်းမှာထောင်းထားသောအရာများကိုထည့်ပြီးအုန်းနိူ့မှလွဲပြီးကျန်ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီးမွှေပေးပါ။
(အုန်းနိူ့ကအရသာနယ်ရန်အတွက်မဟုတ်)

ဝက်နံရိုးနှစ်ခုကိုထည့်ပြီးအရသာစိမ့်ဝင်နေ
အောင်နယ်ပေးပါ။

အသားထုပ်ပိုးတဲ့အိတ်အတွင်းညီညာစွာစီထည့်ပါ။(အဝတွင်လိုင်းလေးနှင့်ပိတ်၍ရသော)အရသာအရည်တွေပါလောင်းထည့်ပြီးအနည်းဆုံး(၄)နာရီခန့်ရေခဲသေတ္တာ(သာမန်အအေးခန်း)မှာသိုလှောင်ထားပါ။

(၁)ညခန့်သိပ်နှပ်ထားပါကပို၍ကောင်းပါသည်။ညနေကင်လိုလျှင်နံနက်(၁၀)နာရီလောက်ကနေပြင်ဆင်ပြီးနှပ်ထားသင့်ပါသည်။

ကင်မယ့်အချိန်မှာအသားနှင့်အရသာအရည်တွေကိုသီးသန့်စီခွဲထုတ်ထားပါ။

မီးသွေးမီးဖို(မီးရှိန်အသင့်အတင့်)မှာ
သံဇကာလေးတင်ပြီးကင်ပါ။

ကင်နေစဉ်အတွင်းအုန်းနိူ့(သို့)အရသာ
အရည်လေးကို brush လေးဖြင့်အသား
ပေါ်သို့သုတ်လိမ်းပြီးအသားကျက်သည်အထိကင်ပေးပါ။

ကျက်ပြီဆိုမှမိမိစိတ်ကြိုက်အတုံးငယ်များအဖြစ်စဉ်းတီးတုံပေါ်တင်ပြီးခုတ်ပေးပါ။

မန်ကျည်းရည်၊ငရုတ်သီးလှော်မှုန့်၊ငါးငံပြာရည်၊ဆန်လှော်မှုန့်တို့ဖြင့်ဖျော်စပ်ထားသော
ချဉ်ငံစပ်ဆော့စ်ရည်ဖြင့်တွဲဖက်ပါ။

Crd.winnaingthein

No comments