ဝါးရမ်းပြေး ( ဒဂုန်ခင်ခင်လေး )
ဝါးရမ်းပြေး "ဒဂုန်ခင်ခင်လေး"
(၁၉၃၉- ဇန်နဝါရီလတွင် ရေးသည်)
ဘိုးဒန်သည်
တရားခံစစ်တမ်းဖြစ်သော ၀က်ခြံကလေးထဲ၌ လက်ထိပ်သံကြိုးကြီး တန်းလန်း နှင့်
အစစ်ခံ နေရလေ၏။ ဘိုးဒန်ဖြစ်သောအမှုမှာ ရိုက်မှုဖြစ်၍ အရိုက်ခံရသူမှာလည်း၊
ဆေးရုံတွင် အတွင်းလူနာ အဖြစ် အတော်ကြာအောင် ကုသယူရရှာ၏။ ရိုက်ကြောင်း
သိမြင်သော သက်သေထွက်ချက်များလည်း၊ သက်သေအားလုံးပင် တညီတညွတ်အခိုင်အမာ
ထွက်ဆိုအစစ်ခံထားကြ သောကြောင့် ဘိုးဒန်မှာ တရားသူကြီး အမိန့်ချအပ်သော
ထောင်ဒဏ်အနည်းနှင့် အများကို စောင့်စား နာခံရန်မှတပါး အခြားမရှိတော့ပြီ။
ငြင်းချက်ထုတ်ခဲ့သမျှလည်း
အလကားမတ်တင်း ဖြစ်ကုန်တော့၏။ မိမိဘက်မှဆွေသား မျိုးသားတို့၏
ကောင်းမှုဖြင့်အယူခံကာ လိုက်ဆာင်ရွက် ပေးသောရှေ့နေ ဦးလူကလေးကိုလည်း၊
အရိပ်အစမျှ ရှာမတွေ့ တော့ချေ။ ရှေ့နေမှာ အမူငှါး လာစကပင်
နိုင်မည်မထင်သော်လည်း၊ ၀င်လာသော လာဘ်ကို မပယ်ကောင်း သဖြင့်၊ နိုင်ဘို့
ရှိပါ သည်။ နိုင်အောင်လျှောက်လဲပေးပါမည် စသော ရှေ့နေ၏လျှာ တချောင်း ဖြင့်၊
ရောင်းစားလိုက်ခြင်း မျှဖြစ်လေရာ အမှုနိုင်တာရှုံးတာမှာ
မိမိနှင့်မဆိုင်သကဲ့သို့ နောက်ဆုံး စီရင်ချက် ချရမည့်နေ့တွင်
မြင်၍မျှမမြင်ရအောင် ရှိတော့၏။
ဘိုးဒန်မှာ မိမိ၏
မဟန်သော အဖြစ်ကို ရိပ်မိသော်လည်း ထူး၍စိတ်လက်မကောင်း မဖြစ်တော့ချေ သားမယား
ဆွေမျိုးတွေ၏ စိုးရိမ်ပူဆွေးစိတ်မအေးမူကြေင့် ငှားလာသော
ရှေ့နေကိုလက်ခံရခြင်း ဖြစ်ရာ၊ ဘိုးဒန်၏စိတ်ရင်းမှာ
ထောင်ကိုခြင်ထောင်ကဲ့သို့ အမှတ်ထားပြီး မကြာခဏလည်း ရိုက်မှု နှက်မှု
ထိုးမှု ခုတ်မှု တို့ဖြင့် ထောင်တွင်းသို့ ၀င်ချည်ထွက်ချည်
ပြုနေသဖြစ်သောကြောင့် ယခုအ ကြိမ်ထောင်ထဲ၀င်ရန် အတွက်လည်း တချက်ကလေးမျှ
မျက်နှာမညှိုးခဲ့ဘဲ ရှိခဲ့ရာ ထိုနေ့အဘို့ မူကား စီရင်ချက် ကိုနားထောင်ရန်
စောင့်စားရင်း မယားဖြစ်သူမယ်အိကို တချက်ချက်စောင်းငဲ့ ကြည့်ပြီး စိတ်ထဲတွင်
အတော်ကြိး မကျေမနပ်ဖြစ်မိလေ၏။
ဘိုးဒန်မှာမယ်အိနှင့်
အကြောင်းပါပြီး ထောင်ကျခဲ့သည့် အကြိမ်ပေါင်းသုံးခါရှိလေ၏။ ပဌမကြိမ်
မှာရိုက်မှု နှင့် ထောင်ဒဏ်တလကျခံခဲ့ရ၏။ ဒုတိယအကြိမ်ရွာသား တယောက်ကို
မေးရိုးကျိုးအောင် လက်သီးနှင့် ထိုးမှုဖြင့် ထောင်ဒဏ်တလခံရပြီး
တတိယအကြိမ်လည်း ထန်းရည်မူးပြီး ဒါးခုတ်မှု တခုဖြစ်ပြန်၏။ သို့ရာတွင် မူးနေ၍
ဒါးခုတ်ခံရသူမှာလည်း၊ ဒဏ်ရာမှ အပရိကမျှဖြစ်သော ကြောင့်ထောင်ဒဏ်နှစ်လမျှ
ကျခဲ့ရ၏။ ယခုအကြိမ်မှာဖဲ၀ိုင်းမှ ရန်စဖြင့် ခပ်နာနာကလေးချလိုက်
မိသောကြောင့် တကြောင်း၊ ပြစ်ချက်ဟောင်းကလေးတွေ.များနေသည်
တကြောင်းတို့ကြောင့် အာမခံမရဘဲ ယခုစီရင်ချက်ချမည့် နေ့အထိ
ချုပ်ထားသောရက်ပေါင်းမှာ သုံးလကျော်ကျော် လေးလနီးပါးမျှရှိခဲ့၏။
မယားဖြစ်သူမယ်အိမှာ
ယခင်အခါတွေက ဘိုးဒန်ကအမှုှုဖြစ်တိုင်း ဖြစ်တိုင်း မျက်ရေကလေးတ
၀ိုင်း၀ိုင်း နှင့် လင်ဆိုးမယား တဖါးဖါးဆိုသလို၊ လင့်အတွက် ရတက်မအေး၊
ဟိုးပြေး ဒီပြေးနှင့်ရှိတတ် ခဲ့ရာ၊ ဘိုးဒန် ထောင်ကျသွားသောအခါများတွင်လည်း
တငိုငိုတရီရီနှင့် ကျန်ရစ်ရှာမြဲဖြစ်၏။ ယခုကား ဘိုးဒန်ကို ချုပ်ထားပြီး
အမှုစစ်ဆေးနေသော အတောအတွင်းမှာ အစလောက်ကမူ ရှေးယခင်နည်းတူ ပူဆွေးသောက
ရောက်သော အမူအရာကိုမယ်အိထံမှာ တွေ့ရှိရသော်လည်း၊ အမူစီရင်ချက်မချမီ တလကျော်
လောက်ဆီမှ အစပြုလျှက် မယ်အိ၏ မျက်နှာမှာ ပရိယာယ် မာယာနှောသလို အတွင်းသဘော
အနည်းငယ် ပြောင်းကြောင်း၊ ကောင်းစွာရိပ်မိခဲ့လေ၏။
အမှုရက်ချိန်း
ရှိသောအခါတိုင်း မယ်အိရောက်လာ၏။ မယ်အိလာတိုင်း မိမိတို့ရှာအရှေ့ပိုင်းမှ
ကဇော် သမား လူမောင်မှာ အကျိုးဆောင် ခြေသယ်လက်သယ်ဖြစ်နှင့် ပါလာတတ်၏။
မယ်အိကို လူမောင် အရေးပေးသလို လူမောင်ကိုလည်း မယ်အိက လွန်စွာအရေးပေးသည်ကို
တွေ့ရပြီး လည်းထိုသို့ တယောက်ကို တယောက် အရေးပေး၍
လေးစားသမှုပြုကြသည်မှာလည်း တခေါက်ထက်တခေါက် အထောက်မတန် ပို၍ပို၍လာခဲ့လျှင်
မယ်အိ၏မျက်ရေမစဲ အမြဲညှိုးနေခဲ့ဘူးသော မျက်နှာကလေးမှာလည်း တဖြည်းဖြည်း
စိုက်ပျိုလန်ဆန်း လာသည်ကိုတွေ့ရရာမှာ တစထက် တစ ကဲကာတခါတရံ သနပ်ခါး
အကျဲနှင့် မျက်ခုံးမွှေးကလေးရေးရေးပါလာလို့ ပင်တွေ့ရပြီး လူမောင်
နှင့်အထူးသဖြင့် နီးစပ် ယဉ်ပါး နေသော အရိပ်လက္ခဏာကို တွေ့မြင်လာရသောအခါ
အချုပ်အတွင်းတွင် နေရသော ဘိုးဒန်မှာ မိမိမယား ကို အယုံအကြည်ကင်းမဲ့လာမိလေ၏။
မျက်စပိုး၀င်
ဆံတပင်တင်း ချစ်ခြင်းမယားဟု ဆိုထားသည့်အတိုင်း ဘိုးဒန်မှာ မိမိဘယ်မျှ
ဆိုးတေ လာသူဖြစ်စေကာမူ မယ်အိမှာ မိမိအဘို့ အလွန်တရာသစ္စာစောင့်သိခဲ့သော
မယားဟု ကောင်း စွာယုံကြည် ချစ်ခင်လာသူ ဖြစ်သည့်အားလျှော်စွာ ယခုကဲ့သို့
အကျဉ်းထောင်ထဲတွင် နေရလျက် မသက်သာ မည့် စီရင်ချက်ကို ငံ့ဆိုင်းနေသည့်အတွင်း
ဤကဲ့သို့ သင်္ကာယနမကင်းဘွယ်ဖြစ်သော အရိပ်လက္ခဏာတွေကို တွေ့မြင်ရသောအခါ
အသဲစပ်ကိုပြုတ်တူနှင့် ညှပ်သလိုမခံမရပ်နိုင် ရှိတော့၏။ အံတကြိတ်ကြိတ်နှင့်
မချိတင်ကဲ ကြည့်ရသည်မှာလည်း အခါပေါင်း များလှလေတော့၏။
သူပြော
ငါပြောနှင့် လူမောင်နှင့် မယ်အိတို့အကြောင်း ကြားရသည်လည်း
နားမချမ်းသာနိုင်ရာ ရက်စက်လေခြင်း၊ မယ်အိငါ့ကို လုပ်ရက်လေခြင်းဟု
ရင်တွင်းမှာ ဆူလောင်နေပြီးလျှင် လူမောင် ကိုလည်း အကျိုးလိုယောင် ရူပဆောင်၍
မိမိမယားကို အချောင်ကြာခိုရမည်လားဟု အစိမ်းဝါး စားလိုတော့၏။ သို့နှင့်လည်း
မိမိမှာမလွတ်မလပ် လက်ထိပ်ကြီး တန်းလန်းခတ်ထားသော ကြောင့်၊ ဒေါသစိတ်ကို
ခြေကြိတ် နှိမ်နင်း ၍သာ နေရရှာတော့၏။
ထိုနေ့ကား
နောက်ဆုံးစီရင်ချက်ချမည့် နေ့ဖြစ်လေ၏။ ဘိုးးဒန်မှာ ၀က်ခြံကလေးထဲမှာ
စုံရပ်လျက် စီရင်ချက်ကို နာခံနေသောအခါ၊ မယ်အိမှာ သနပ်ခါးကလေးမှုံမှုံနှင့်
လူမောင်နှင့်အတူ လာရောက်နား ထောင်၏။ ဘိုးဒန်စိတ်မှာ တရားသူကြီးဘတ်ပြသော
စီရင်ချက်ကိုမကြား၊ မယ်အိနှင့် လူမောင်ကို မာန်သွင်း သော ကျားကြီးကဲ့သို့
စိန်းစိန်းဝါးဝါး ကြည့်နေလေ၏။ ထိုအတွင်းတရားသူကြီးက ဘိုးဒန် အား အလုပ်ကြမ်း
နှင့် ထောင်ဒဏ်တနှစ်နှင့် ခြောက်လဟု အမိန့်ချလိုက်လေသည်။
မယ်အိနှင့် လူမောင်လည်း ဘိုးဒန်နေသော ၀က်ခြံအနီးရောက်လာကြ၏။ မယ်အိက ညှိုးငယ်သော မျက်နှာနှင့်...
"ကိုဘိုးဒန် ကျမအတွက် ဘာမှမပူနဲ့ ရှင်စိတ်ချမ်းသာအောင်နေနော်" ဟု မှာလိုက်သေး၏ လူမောင် ကလည်း
"ဟေ့
သူငယ်ချင်းဘိုးဒန် မင့်အတွက်ငါစိတ်မကောင်းဘူးကွာ၊ ငါလဲ ဘယ်လောက်
အကျိုးဆောင် နေသလဲ ဆိုတာ မယ်အိကိုသာ မေးပါတော့၊ မင့်အမှုအတွက်နဲ့ ဟိုပြေးရ
ဒီပြေးရနဲ့ နားရတယ် မရှိဘူး၊ ဒီအထဲ မင်းကုသိုလ်ဘဲလေ၊ တနှစ်ခွဲဆိုတော့
အတော်ကြာမှာဘဲ၊ မယ်အိကလေးလဲ သနားစရာဘဲကွာ၊ မင်းမရှိတုံး ငါလဲမယ်အိကို
ကြည့်ရှု့စောင့်ရှောက်ပါမယ်"
ဟု ပြောပြန်၏။ ဘိုးဒန်၏စိတ်မှာ
ထိုစဉ်အခါက သက်သာရာမရသည့်အပြင် မယ်အိနှင့် လူမောင် နှစ်ယောက် လုံးက
ချွန်မြထက်လှသော လှံသွားကြီးများနှင့် အသဲကြားကိုထိုး ဆွလိုက်သကဲ့သို့
အခံရခက်လှ၏။ ထို့ကြောင့်၎င်းတို့ မျက်နှာကို ပြူးပြူးကြီးကြည့်လိုက်ပြီး
အံကြိတ် လျှက် ရုတ်တ ရက်မျက်နှာ လွှဲပစ် လိုက်ခါ ခေါင်းကြီးငုံ့၍
ပုလိပ်နောက်မှ စိုက်စိုက်စိုက်စိုက်နှင့် ပါသွားလေသည်။
ဘိုးဒန်ကား
ထောင်ထဲတွင်နေရာက မယ်အိတို့အား မကြေမနပ်နှင့် တွေးမိတိုင်း ဒေါပွလျက်ရှိ၏။
ထောင်ထဲတွင် ဆင်းရဲငြိုငြင်စွာနေရသော်လည်း၊ မိမိအဘို့၌
ရောက်ဘူးပေါက်ဘူးပြီဖြစ်သော ကြောင့် ထူး၍ ဆင်းရဲတော့သည်မဟုတ်စေကာမူ၊
ယခုတကြိမ်တွင်မယားအရေးကြောင့် ဒေါသသွေး ဆူ၍ နေလေ၏။ မိမိသာ လွတ်လပ်
စွာရှိပါမူ၊ ယခုအချိန်အထိ မယ်အိရောလူမောင်ပါ လူ့ပြည်မှာ စွန့်ခွာ
ကြရမည်ဖြစ်၏။ မိမိတွင်အချုပ်အနှောင်နှင့် ထောင်ကျနေစဉ်ဖြစ်၍သာ
သင်းတို့သက်သာ သည်ဟု တဖြစ်တောက်တောက် ငြီးလျှက်ရှိလေ၏။
ဘိုးဒန်မှာ
လောကကြီးနှင့် အုတ်နံရံတခုမျှ ခြားသောအရပ်တွင် ရှိသော်လည်း
မြောက်၀န်ရိုးစွန်းသို့ ရောက်ရှိနေသူ အလား။ ကမ်ဘာကြီးနှင့် အဆက်အပြတ်ကြီး
ပြတ် ၍နေခဲ့သောကြောင့် အပြင်အပမှ မည်သည့် သတင်းကိုမှ မရသဖြင့်
မယ်အိဘယ်သို့ရှိသည်ကို မသိရ၊ ဘိုးဒန်၏စိတ်ထင်မှာ မယ်အိနှင့် လူမောင် တို့
တိတ်တဆိတ် ငြိတွယ်နေကြပြီး ရပ်ရွာကမူ လူမောင်အား မယ်အိကို သူတော်ကောင်း
စိတ်ထား နှင့် ကြည့်ရှုစောင့် ရှောက်နေသည်ဟုထင်ကြမည်။ သို့ရာတွင်
မယ်အိနှင့် လူမောင်တို့၏ အတွင်းရေး ကို မည်သူမျှ သိကြမည်မဟုတ်၊
သင်းတို့နှစ်ယောက်မှာ ငါ့ကိုငုတ်တုတ်တုတ်ထားလျက် မတော် မတရား
ဘောက်လွှဲဘောက်ပြန် ပြုနေကြတော့မည်ဟု အမြဲတွေးပြီး အသဲဆွေးနေမိ၏။
ထောင်ကျခဲ့သည်မှာ
ခြောက်လကျော်မျှ ကြာလာ၏။ အပြင်သတင်းကို အလျဉ်းမကြားရ၊ မိမိ စိတ်ထင်
နှင့်သာ ဒေါသဖြစ်နေရရှာ၏။ သို့နှင့် နောက်များမကြာမှီပင် ရွာက
လှည်းသမားတုတ်ပေါ တောအရက် ချက်မှု နှင့် ထောင်ကျလာသောကြောင့်၊
အားရ၀မ်းသာရွာက သတင်းလေးများ ဆီး၍ မေးရတော့သည်။
တုတ်ပေါလည်း-
"ပြောရမှာမင်းကို
သနားတယ်ကွာ ဒါပေတဲ့-မင်းက မေးလှတော့လဲ မနေသာဘူး ပြောရတော့မှာ ဘဲ၊ မင်းမယား
မယ်အိတော့ကွာ မင်းထောင်ကျလို့ ရက်ပိုင်းကလေးလောက် ရအုံး မယ်ထင်တယ်
လူမောင်နဲ့ အထင်ခံကြီးကို ညားပစ်လိုက်ကြပြီ၊ ဟိုကောင် ကလဲ အကျိုးဆောင်
အကျိုးဆောင်နဲ့ လက်စသတ်တော့ ဒီယုန်မြင်လို့ ဒီချုံထွင်ကြတာကိုးလို့
ခုမှအားလုံးသိကြရတယ် ဘိုး ဒန်ရယ်၊ မင်းလဲစိတ်မဆိုးနဲ့တော့
မိန်းမပေါပါတယ်ကွာ၊ ဘာနှမြောစရာရှိလဲ" ဟု ပြောလည်းပြော တရားလည်းချ
နေသောကြောင့် သတင်းကြားပြောသူ စိတ်ကြေနပ်စေရန် မပူရုပ်ဘန်၍-
"ငါလဲဒီလိုဖြစ်လိမ့်မယ်ဆိုတာ
ထင်ပြီးသားပါကွာ၊ စိတ်မဆိုးပါဘူး"ဟု ပြောလိုက်ရစေကာမူ ဘိုးဒန်မှာ မိမိ
ထင်ကြေးထက်ပို၍ ဆိုးဝါးနေသေးသော သတင်းကိုကြားရသဖြင့် မျက်စိများ ပြာေ၀
မူးနောက် သွားကာ အယုတ်တမာနှစ်ယောက်အား ယခုချက်ခြင်းသွား၍
သတ်လိုက်ချင်တော့၏။
နဂိုကဆိုးတေတေ
မိုက်တိုက်တိုက် ထောင်နှင့် အိမ်ကိုရေအိုးနှင့် ရေမှုတ်သဘွယ် ကူးကလန်
ကန်ကလူး လုပ်ထားခဲ့သော ဘိုးဒန်မှာ နာလည်းနာရှက်လည်းရှက်နှင့် ဒေါသမီးတွေ
ကမ်းကုန် လမ်းကနု်ထွက်လျက် ရှိတော့၏။ တယောက်ထည်း နေရတိုင်း ဒေါသဖြစ်ခါ
လက်သီးလက်မောင်း တန်းပြီးနှုတ်ခမ်းကြီး ပြတ်လုအောင် ကိုက်မိ၏။
"ငါ့ကို မလောက်လေး မလောက်စားဆိုပြီး၊ စော် ကားတဲ့လူမောင်သိကြရောပေါ့ကွာ၊ သစ္စာမဲ့တဲ့ မိန်းမယုတ် လဲ ဇက်ပြုတ်အောင် ဖြုတ်လိုက်မယ်"
ဟု
အံတကိုက်ကိုက်နှင့် ရုပ်ခြည်းပြေးပြီး ရက်ရက်စက်စက်ကြီး
စီရင်ပစ်လိုက်ချင်၏။ ခဏကလေး ဖြစ်ဖြစ် ထွက်ရလျှင် ထွက်သတ်လိုက်ချင်၏။
မိမိလွတ်ရန်အချိန်မှာ တနှစ်မျှလိုသေး၏။ မိမိဒေါသ ကား အပြင်းတိုက်
နေသောကြောင့် တနှစ်စောင့်ရမည့်အရေး တကမ်ဘာလောက်လိုလေသေးသည် ထင်မိပြီး၊
မခံမရပ်နိုင် ကြီးဖြစ်သွားကာ ထောင်ထဲမှလစ်ပြေးချင်လာလေ၏။ သို့နှင့်
ဒေါသစိတ်မှာ တနေ့တခြား ထိုးဆွ၍သာ နေခဲ့၍ ဘိုးဒန်မှာ လူမောင်နှင့် မယ်အိကို
မသတ်ရမနေနိုင်လက်တွေ ယားနေတော့၏။ မိမိ၏ ချစ်မယား ကို သူတထူး ယူရပါမည်လား။
ဟု
တဏှာနှင် ့ယှဉ်ပွားသော ဒေါသမီးသည် အတောက်ကြီးတောက်ခဲ့ခြင်း ဖြင့်
နောက်ဆုံးတွင် ဘိုး ဒန်သည် ထောင်အပြင် ထွက်၍ အလုပ်ကြမ်းလုပ်ရသောတနေ့၌
ဘာရာကိုရိုက်၍ ကတိုက်ကရိုက် ထွက်ပြေး ခဲ့လေ၏။
ဘိုးဒန်၏
စိတ်ဇောမှာ လူမောင်နှင့် မယ်အိကိုမသတ်ရမခြင်း အပူတပြင်လောဆော်နေခဲ့ရာ၊
၀ီစီသံ တွေ တညံညံ နှင့် နောက်ကလိုက်လာသော ပုလိပ်များထောင် ပြာတာများကို
ကြိုးကြိုးစားစား လွတ်မြောက် အောင် ပြေးရှောင်းရင်းပင် မိမိနေရင်းဖြစ်သော
ဆိပ်ပေါက်ရွာကလေးသို့ အပြေး ရောက်ခဲ့ လေ၏။
ဘိုးဒန်ရောက်သောအချိန်မှာ
ညနေနေ၀င်ဆည်းဈာအချိန်ဖြစ်၍၊ မိမိထောင်၀တ် ထောင်စားကြီး နှင့်လည်း လူမြင်
မခံဝံ့သောကြောင့်၊ ချုံတခု၌ပုန်းလျှိုးနေရင်း၊ လက်ထိပ်သံကွင်းများကို
ကျောက်ခဲ နှင့် ရိုက်ချိုးလျက်၊ လည်ပင်းကနံပါတ် ကွင်းနှင့် သင်တိုင်းပေါက်
ထောင်အကျႌတို့ကိုလည်း ချုံထဲမှာ ချွတ်ထားပြီး ပါလာရင်း
ပိတ်ဖျင်နံငယ်ပိုင်းကလေးမျှသာ ဆီး၍ မီးထွန်းချိန်တွင် ရွာထဲသို့ခတ်သုတ်
သုတ် ၀င်ခဲ့ လေ၏။ မိမိပိုင် လေးပင်စိုက်မျောထိုင်ထူသော တဲကလေး၏
နောက်ဖေးအဖီကလေး အောက်သို့ ရောက်ခဲ့၏။
ထိုအဖီကလေးက
ဝါးထရံကြားမှာ ထိုးထားသော မိမိ၏လက်သုံးတော် ဒါးမနှစ်စင်းသည်လက်ရာ ခြေရာ
မပျက် အရောင်တလက်လက် နှင့် အရှင်သခင်ဖြစ်သူ ဘိုးဒန်ကို လက်ယပ်ခေါ်ကြလေရာ၊
မူလကပင် အကြံ နှင့် ရောက်လာသော ဘိုးဒန်သည်၊ ထရံက ဒါးမနှစ်
လက်ကိုလျင်မြန်စွာ နှုတ်ယူလျက်၊ ဒါးမ နှစ်လက်ကို ၀ဲတဘက် ယာတဘက်ကိုင်ပြီး
အိမ်တစက် မြိတ်မှ မှောင်ခိုကာ တဲရှေ့ဆီသို့ တကုတ်ကုတ် ချောင်း၍လာခဲ့လေ၏။
အကြောင်းကိုမသိသော
လူမောင်နှင့် မယ်အိတို့မှာ ညားခါစလင်မယားတို့ဓမ္မတာ တယောက်ကို တယောက်၊
ခရာတာတာပြုံး၍၊ နှလုံးလေခွေ့သဘောတွေ့၍ နေကြသည်ကိုမြင်ပြီး၊ ၎င်းတို့အနီး
တွင်လည်း အိမ်နီးချင်းအဒေါ်ကြီးနှစ်ယောက်နှင့် အဘိုးကြီးနှစ်ယောက် ခပ်
ရွယ်ရွယ် သူငယ်တ ယောက်၊ ပေါင်း အခြားလူ လေးငါးယောက် ၀ိုင်းဖွဲ့လျက်၊
မီးခွက်ကိုအလယ်ကထားပြီး၊ ထန်းလျက် ခဲအမြီးနှင့် လဘက်ရည်ကြမ်း
စည်းစိမ်ခံသောက်လျက် ရှိကြ၏။ ထိုခဏ၌ ဘိုးဒန်၏လက်ျာလက် ထဲကဒါးမသည် လူမောင်၏
ခေါင်းကို အုန်းသီးခွဲသလိုတချက်တည်း ခွဲချလိုက်သောကြောင့်၊ မရှောင်သာ
မတိမ်းသာဘဲ၊ ၀ူး၀ဲ၀ူး၀ဲ နှင့်ဖြစ် သွေးပွက်ပွက်နှင့်လဲလေ၏။ မယ်အိမှာ
အမယ်လေး ကိုလူမောင်ဟု အော်ပြီး၊ ဘိုးဒန် ကိုမြင်မှ တွေတွေကြီး အံ့အား
သင့်လျှက်ရှိတော့၏။
"ကိုဘိုးဒန်၊
ကိုဘိုးဒန်အမယ်လေး ချမ်းသာပေးပါ"ဟု တောင်းပန်သောအသံမှာ မဆုံးသေးမှှီ မယ်အိ
မှာလည်ပင်း တိတိယိယိပြတ်ပြီး သွေးအိုင်ထဲတွင် ဖျပ်ဖျပ်လူးလှိမ့်နေလေ၏။
လျှင်မြန်တို တောင်း လှသော အချိန်ကလေးတွင် ဖြစ်ပွားသော အရေးကြောင့်၊
၀ိုင်းထိုင်နေသူများလည်း၊ ပဌမ ကြောင်ကြည့် နေမိရာမှ ဘိုးဒန်လက်က
သွေးရဲရဲဓါးကြီးကိုမြင်ပြီး
"ဘိုးဒန်-ဘိုးဒန်"
ဟုတောင်းပန်သလိုလို
ယောင်ရမ်းဟစ်အော်ပြီး၊ လွတ်ရာ ထွက်ပြေးကြလေ၏။ ထိုခဏ၌ ရွာကလေး တခုလုံး
တရုံးရုံးဆူပွက်၍ အုတ်အုတ်ကျက်ကျက်ဖြစ်သွားလေ၏။
"ဘိုးဒန်-ဘိုးဒန်- ထောင်ထဲကထွက်လာပြီး၊ လူမောင်နဲ့ မယ်အိကိုသတ်သွားတယ်"
ဟူသော
သတင်းမှာ တခဏချင်း အထိတ်တလန့်ပျံ့နှံ့ ဆူပွက်သွားလေ၏ သူကြီးလည်း မောင်းတီး
၍လူစုပြီးရာဇ၀တ် မှုကျူးလွန်သူထောင်ပြေး ဘိုးဒန်အား
၀ိုင်းဘမ်းရန်တပ်ချီလာ၏ ဘိုးဒန်လည်း။
"မဆိုင်သူမကပ် နဲ့
ခေါင်းပြတ် မယ်"ဟု ဒါး၀င့်ကြိမ်းဝါးကာ တောထဲသို့ ဦးတည်လျက်
ထွက်ပြေးလေတော့၏။ တဲအတွင်းရှိ လူမောင်နှင့်မယ်အိတို့ကို သွားကြည့်ကြသောအခါ၊
ရန်ညှိုးကြီးကြီးနှင့် အကြိမ်ပေါင်း မြောက်မြားစွာ နောက်ထပ်ခုတ်ထစ်ထားသော
ဒါးဒဏ်ရာများနှင့် ဦးနှောက်ထွက် ဗိုက်ပေါက် နေသော လူမောင်၏ အလောင်းနှင့်
လည်ပင်းတိတိယိယိပြတ်နေသော မယ်အိတို့အ လောင်း ကို တွေ့ရသောကြောင့်၊
တရွာလုံသနားစုတ်သပ်၍ မဆုံးရှိြလေ၏. တချို့ကလည်း။
"သူ့မယားခိုးတဲ့ကောင် သေတာတောင်နဲသေးတယ်"
”လင်ငယ်နေတဲ့မိန်းမလဲ
ဒီလိုဘေးဆိုးမျိုးနဲ့ တွေ့မှ ကောင်းတယ်။ ဘယ့်နှယ်တော်လင်က
ထောင်တဲနေရရှာတဲ့အခိုက်မှာ မယားက ဒီလို ရက်ရက်စက်စက် လင်ငယ်
ယူပစ်လိုက်တာကောင်းရော့မလား၊ မတရားလို့ ဘုရားပြတာ” ဟု ပြောကြလျက်၊
အချို့ကလည်း မယ်အိဘက်မှ ရှေ့နေလိုက်ခါ-
"ဒီလိုဖြစ်တာ
မယ်အိလဲအဆိုးမဆိုသာဘူး၊ သူ့ခမြာ စားရမဲ့ သောက်ရမဲ့နဲ့ လင်လုပ်တဲ့ အကောင်
ကလဲ ထောင်ထဲက ထွက်ရတယ် မရှိတော့ ဖြစ်မိဖြစ်ရာဆိုတာကို အားကိုးရာမဲ့
လူမောင်နဲ့ တွေ့တော့ ယူလိုက်တာဘဲ သူမတော့ ဒီကောင်မလေး ကံဆိုးရှာတာပေါ့လေ၊
လူမောင်ကလဲ သနားလို့ ကြည့် ရှုစောင် ့ရှောက်ရာက သနားလွန်းလို့
တဏှာကျွန်ဖြစ်သွားရရှာတာပါ"
ဟု ဘုရားတကာပိုင်းကျောင်းအမပိုင်းနှင့် လူငယ်လတ်ပိုင်းတို့တွင် ကိုယ့်အတွေးနှင့် ကိုယ်အမျိုးမျိုး အထွေထွေ ပြဿနာဖြေ၍ နေကြလေ၏။
ရွာသားများလက်မှ
လွတ်ထွက်သွားသော ရာဇ၀တ်ကောင်ကိုမူကား နောက်တနေ့ ပုလိပ်များနှင့် တောနက်
ရှာကြလေ၏။ ဘိုးဒန်မှာ ထောင်ပြေးဖြစ်နေရာတွင် ရက်စက်သောလူသတ်မှုကြီးကို
ကျူးလွန် တိမ်းရှောင်နေသူ ဖြစ်သောကြောင့်၊ ပုလိပ်အရာရှိများမှာ
မနေမနားကြိုးစား၍ လိုက်နေရ လေ၏။ ဘိုးဒန်ရှောင်ပုန်း နေသော တောအတွင်းသို့
ခြေရာချင်းထပ်အောင် ရှာဖွေနေရသည် တိုင်အောင် အထက်ရာရှိကြီးများကလည်း ဤမျှ
ကြီးလေးသော ရာဇ၀တ်မှုကျူးလွန်သူ ထောင်ပြေး အား၊ အပူတပြင်း လက်ရဘမ်းဆီးရန်၊
အမိန့်ထုတ်ပြန်ထားရုံမက ဆုငွေငါးရာနှင့် ပင်လူပုံစံပေး၍၊ မြန်မာ တပြည်လုံး
အနှံ့အပြား ကြော်ငြာထားပြန်သောကြောင့်၊ လက်အောက် ရာဇ၀တ်အမှုထမ်း များမှာ
နေ့ည မနား၊ ရှေးကထက်ကြိုးစားရလေသတည်း။
ဘိုးဒန်ေ၀းေ၀းမပြေးဘူး၊
ရွာနားက တောထဲမှာဘဲ ရှိသည်ဟူသော သတင်းမှာ အနံ့ထွက်လာလေ ၏။ ပုလိပ်များလည်း
တောနင်းကာ နေ့စဉ်နှင့်အမျှ ရှာဖွေနေကြရာက၊ ဤသတင်းကိုကြားရသော အခါ၊ မခံ
နိုင်အောင် ရှိကြလေ၏။ သတင်းကြားသူကို မရအရပိုက်စိတ်တိုက်၍၊ လိုက်လံစုံစမ်း
သောအခါ ရွာမှ ယာလုပ် ထင်းခုတ် ထွက်ကြသူများထံမှ တောစပ်တွင် ဘိုးဒန်ရိပ်ခနဲ
ဖြတ်ပြေး သည်ကိုတကိုယ်လျှင် နှစ်ကြိမ် သုံးကြိမ်မျှ တွေ့မြင်လာကြကြောင်း
အစစ်ခံချက်ရလေ၏။
ထို့ကြောင့်အထူး၀တ္တရားနှင့်
ရောက်လာသော ရာဇ၀တ်အုပ်ကိုဘိုးကွန်းမှာ မိမိတို့ဤမျှရှာဖွေ နေပါလျက်၊
မတွေ့မမိရမလားဟု ရှူးရှူးရှားရှား ဒေါပွကာ၊ လက်
အောက်အမှုထမ်းပုလိပ်များနှင့် ရွာသားများကိုပါ ဆင့်ခေါ်ပြီး၊ တောကြီး
တလျှောက် သို့ ဖက်ရွက်ခြောက်မျှမကျန် မြေလှန်၍ ရှာကြပြန်လေ၏။ သို့သော်လည်း
ဘိုးဒန်၏ အရိပ်အစ မျှ မတွေ့ရရာဇ၀တ်အုပ် ကိုဘိုးကွန်းကလည်း လုံးလမလျှော့ဘဲ၊
တောကြီး မျက်မဲတွင် မရမနေ ရှာဖွေ၍ နေတော့၏။
အစာပြတ်
ရေငတ်နှင့် မရပ်မနားရှာဖွေလာကြပါသော်လည်း လေးငါးရက်ခရီး ရှိသည်တိုင်
မထူးခြား ခဲ့သောကြောင့် စိတ်အားလျှော့ကာ ဆိပ်ပေါက်ရွာသို့
တလှည့်ပြန်လာခဲ့ကြရပြန်လေ၏။ ရွာသို့ ရောက်လျှင်ပင် ရွာကလူများမှာ
ဋ္ဌာနာအုပ်နှင့် သူကြီးထံသို့ အူယားဖါးယားပြေးလာကြ ပြီး
"သူကြီးမင်း
- သူကြီးမင်း- ဘိုးဒန်ကို ဘမ်းလို့ မမိခဲ့ဘူးလား၊ ဘာမိမလဲဗျ၊ ဘိုးဒန်က
ဒီရွာထဲ ရောက်နေ တာကလား" ဟု ဆီးပြောကြသောကြောင့် ရာဇ၀တ်အုပ်ရော သူကြီးပါ
မိမိတို့မောဟိုက် စွာရှာခဲ့ရသည်ကို သက်ပြင်းချ လိုက်ကြလေ၏။
"ဘယ်မလဲကွ၊ ဒီအကောင်ရွာထဲလာတယ် ဟုတ်လား၊ မင်းတို့ကဘာလို့ ဘမ်းမထားကြသလဲ။ မင်းတို့က ဒီ၀ရမ်းပြေး ကို လက်ခံထားကြတယ်ပေါ့လေ"
ဟု
ရာဇ၀တ်အုပ်ကိုဘိုးကွန်းက ပုလိပ်ပြီင်္ပြီ ရွာသားတွေကို ကြိမ်းလေ၏။
ရွာသားများမှာ အကျိုးလို လို့ညောင်ရေလောင်း၊ ပတ်ထမ်းတွေ့ဆို
သလိုပြောသည့်အတွက် အခက်ကြုံရတော့မလို ရှိကြ၏။ သို့ရာတွင်
ခပ်စွာစွာရွာသားတစ်ဦးက
"ဟာ ကျွန်တော်ဘာလို့
လက်ခံရမှာလဲဗျ၊ လက်ခံမထားလို့ ဖမ်းပေးရမှာကလဲ၊ ကျွန်တော်တို့ လက်ထဲမှာ
လက်နက်ဆိုလို့ နစ်ဘက်ချွန်မှမရှိတဲ့ဟာ၊ ဘယ့်နှယ်လုပ်ဘမ်းမလဲ၊ ဘိုးဒန်လက်ထဲ
မှာသွေးစီး နီနီရဲရဲတွေ ခြောက်နေတဲ့ ဒါးကြီးကိုင်ရက်မြင်ရတယ်ဗျ၊
သူကမျက်နှာကြီးကလဲ၊ အဲဟိုညက၊ မယ်အိတို့ကို ခုတ်သတ်တဲ့ မျက်နှာထားမျိုးကြီး
အတိုင်းဘဲ၊ ဒီရွာထဲမှာ ဘယ်သူ့ကို များသတ်အုံးမယ်လို့လဲ မပြော တတ်ဘူး"ဟု
ပြူးပြူးပြာပြာပြောလေ၏။
"ဟေ့နေပါအုန်း၊ မင်းတို့ဘယ်လိုမြင်ရသလဲ၊ ဘယ်နေရာမှာမြင်ရတာလဲ"
"မယ်အိတို့တဲကလေးရှေ့မှာဘဲဗျ၊
လရောင်အောက်မှာ ဒါးမကြီးတမမနဲ့ ခေါက်တုံ့ခေါက်ပြန် ရှောက် နေတာဘဲ၊
ကျွန်တော်တို့လဲ အေ၀းကသာ ချောင်းကြည်ဝံ့တာ၊ လူမြင်ရင် မြင်တဲ့လူ
လိုက်ခုတ်မှာ စိုးရ သေးတယ်၊"
"အခုရှိသေးသလား"
"ဘယ်သိမလဲဗျ၊ သူ့အိမ်နားမကပ်ဝံ့ဘဲ"
"နေ့ခင်းတော့ အိမ်ရှေ့ထွက်တာ မမြင်ရဘူးလား"
"နေ့တော့
မမြင်ရဘူး၊ ညမှမြင်ရတယ်၊ သိပ်ရဲတဲ့လူဗျ ဒီလူဟာထောင်ကလဲ ထွက်ပြေးနိုင်၊
ပုလိပ်တွေ ဒါလောက် လိုက်နေတာ သိရက်နဲ့များ ဒီလိုရဲရဲကြီး လာ၀့ံတာအံသဗျာ၊
ကျုပ်တော့ မဟုတ်မှလွဲရော၊ ဒီလူမှာ စွမ်းတာ တခုတော့ ရှိပြီထင်တယ်၊
မစွမ်းဘဲနဲ့ ဒီလောက်အတင့်မရဲဝံ့ဘူး"
”ဟုတ်တယ်-
သူကြီးမင်းရဲ့၊ ဟိုတလောက သာစည်နယ်မဲတောရွာက စံဖဲလိုလူစားမျိုးထင် တယ်၊
သူ့ကိုပုလိပ်တွေလိုက်နေမှန်း သိရက်နဲ့၊ ဒီနားတ၀ိုက်က ဘယ်မှမပြေးဘဲ
နေရုံမကဘူး ကြည့်ပါ အုံး၊ ပုလိပ်တွေက တောနင်းရှာတုံး သူကရွာထဲလာပြီး
လူယောင်ပြတယ်၊ ပုလိပ်တွေ ရွာထဲရှိတဲ့ အခါတော့လဲ တောထဲက ရိပ်ခနဲ
လူမြင်အောင်ပြတယ်၊ လက်ကဒါးမကြီးလဲ ဘယ်တော့မှမချဘူးတဲ့၊ သိပ်စွမ်းနေတဲ့
လူဘဲ” ဟု ပြောကြရာ၊ ရာဇ၀တ်အုပ် ကိုဖိုးကွန်းမှာ ပုလိပ်တွေအများနှင့်
လာဘမ်းသူ ဖြစ်ပါလျှက် ၀ရမ်းပြေး ဘိုးဒန် ဤမျှဇက်ရဲနေသည်ကို မခံနိုင်အောင်
ရှိတော့၏။
"ဟေ့- ဒီနေ့ကြည့်ကြကွယ်၊ မြင်တာနဲ့ တပြိုင်နက်ထဲ ငါ့လာပြောလှည့်ကြ၊ အိမ်ကိုပုလိပ်၀ိုင်း ပြီးဘမ်းရင် မင်းအကောင်ခံနိုင်မလား”
ဟု
ကြိမ်းဝါးကာ ရွာသားများအား အရိပ်အဆင်စောင့်ကြည့် စေပြီးမိမိတို့ကား
အစားအစာအတော်ပင် ငတ်ပြတ်လာသည့်အားလျော်စွာ ရွာကခန့်ခွဲရရှိသော
ဆန်-ဆီ-ငရုပ်- ကြက်သွန်တို့ဖြင့် ကြက်လေးငါးကောင်ကို တပည့်ပုလိပ်များ
ချက်ပြုတ်နေကြသည်ကို ထန်းရည်ကလေး တမြမြနှင့် သူကြီးအိမ်ရှေ့ ကွပ်ပြစ်ပေါ်မှ
ထိုင်၍စောင် ့နေလေ၏။ အချိန်လည်း မီးခွက်ထွန်း သာသာရှိလာ၏။ ဆာလောင်မွတ်
သိပ် ခြင်းကလည်း ပြင်းထန်လာရ ကား...
"ဟေ့ကောင် တွေ ချက်လို့်မပြီးသေးဘူးလားကွ- ဆာလှပြီ၊ ထမင်းမြန်မြန်ပြင်ပါတော့ကွ"
ဟု
အိမ်ရှေ့ဆီမှ အော်ဟစ်လိုက်သောကြောင့်၊ ဟင်းအိုးအနီးတွင်
ကြက်ခြေထောက်ရိုးနှင့် ထန်းရည် ခါးကို မြီးနေကြသော
ပုလိပ်အမှုထမ်းကလေးများသည် ပြာရီးပြာရာ ထမင်းပွဲပြင်ပြီး ဆရာ့အနီးသို့
ယူလာကြ လေ၏။
ကိုဖိုးကွန်းသည် အလွန်အမင်း ဆာလောင်၍
၀မ်းဟာနေရာတွင် အငွေ့တထောင်းနှင့် ပြင်လာ သော ထမင်းပွဲရံကြီးကို ကြည့်ပြီး
ကြေနပ်ခြင်းကြီးမက ကြေနပ်သွားလေ၏။
အငွေတထောင်း
ထောင်းနှင့် မောင်းထောင်းဆန်ကိုချက်ထားသော ထမင်းမှာ သင်းပျံ့ မွေးကြိုင်သော
အနံ့ကို ပြန့် နှံ့ေ၀ငှပြီးလျှင် ဆနွင်းဝါဝါနှင့် တောလိုက်ဘာသာဖြစ်သလို
ချက်ထားသော ကြက်သား၊ ဟင်းကလေးမှာလည်း မွေးကြိုင်လှသော
ရနံ့ထောင်းထောင်းဖြင့် နှာခေါင်းကို ထိစေငြိစေလေ၏။ ကြက်မြစ်ကြက်သဲ
တွေကိုလည်း ပန်းကန်ကြီးတချပ်နှင့် သီးခြားကြော်ထဲ့ထားလျက် ငြုပ်သီးစိမ်း
နှင့်ကြက်သွန် ကိုသံပုရာရည်ညှစ် ထားသောချပ်တနီး ကလေးကလည်း မွှေးချင်တိုင်း
မွှေးနေတော့ ၏။
အားရပါးရ လွေးတော့မည်ဟု
ထန်းရေအိုးကို ဖယ်ခါ ဇလုံပန်းကန်တွင် လက်ဆေးပြီး ထမင်းပွဲထဲသို့ လက်
စိုက်မိသည်နှင့် တပြိုင်နက် ရွာသားတယောက်သည် သုတ်သီးသုတ်ပြာ နှင့် အပြေး
ရောက်လာသောကြောင့် သူကြီးအိမ်သားများ ပုလိပ်များနှင့် ကိုဘိုးကွန်းပါ
အံ့အားသင့် ခြင်းဖြင့် ကြောင် တက်တက်ကြီး ငိုင်ကြည့်နေကြရတော့၏။
ပြေးလာသူလည်း ကိုဘိုးကွန်း အနီး သို့ကပ်ခါ...
"ဆရာ-ဆရာ၊ ဟိုမှာ စံဖဲ- အဲလေ၊ ယောင်လို့- ဘိုးဒန်- ဘိုးဒန်ရောက်နေပြီဆရာရဲ့၊ တဲရှေ့မှာ မတ်တတ်ကြီး ရပ်လို့ လက်ကလဲ ဒါးကြီးနဲ့ဘဲ"
ဟု
မောဟိုက်ပင်ပန်း ကမန်းကတန်း ပြောလေရာ တအိမ်သားလုံး ဒိတ်ခနဲ
ဖြစ်သွားကြသော်လည်း ကိုဘိုးကွန်းမှာမူကား ထမင်းစားရန်ကိုမျှ သတိ မရတော့ ဘဲ
ဆပ်ခနဲ ခြောက်လုံးပြူးကို ဆွဲနှုတ်ခါ..
"ဟေ့
ဘယ်မလဲကွာလာ- လာ- သွားကြမယ်၊ ဟေ့ကောင်တွေအားလုံး ဒါးလွတ်တွေချွတ်ကိုင်
ခဲ့ကြ၊ ဟိုရောက်ရင် ခပ်လှမ်းလှမ်းကနေပြီး မင်းတို့လက်ချင်းဆက်ပြီး
တခါထဲ၀ိုင်းထားကြ။ လာဟေ့သွား မယ်"
ဟု
ဆိုဆိုပြောပြော ဒေါရောမောရော ကသောကမြောထွက်ခဲ့ရာ ပုလိပ်အမှုထမ်းတွေလည်း
ထမင်းပွဲကြီးတန်းလန်းမျှ မသိမ်းနိုင်ကြတော့ဘဲ။ ကိုဘိုးကွန်းနောက်သို့
လိုက်ပါခဲ့ကြရလေ၏။ သူကြီး မှာလည်း မနေသာသဖြင့် ရွာသားများကို စုရုံး
ခေါ်ယူကာကိုဘိုးကွန်းသွားရာသို့၊ ကူညီရန် လိုက်ပါလာကြရပြန်သဖြင့်၊ အိမ်တွင်
လူရှင်းသွားလေ၏။ သူကြီးကတော်နှင့် ကလေးများမှာလည်း စားမည့်တန်းလန်း
ထမင်းပွဲကြီး ကို မသိမ်းရသေးဘဲ ပြန်လာလျှင် အဆင်သင့်စားရန် ပြင်ထား သော
အိမ်ရှေ့ဝါးကွပ်ပြစ်ပေါ်မှာပင်၊ သံဆကာအုပ်ဆာင်း အုပ်ထားလိုက်ရလျက်၊
မိမိတို့မိသားတစု မှာ နောက်ထပ်အိမ်ပြင်လည်း မထွက်တော့ဘဲ။ တရွာလုံး
တိတ်ဆိတ်၍ အထိတ်တလန့်ဖြင့် သွားကြသလို ကိုယ်စီ ကိုယ်စီ ကိုယ်ဘေးကိုယ်
မြင်သဖြင့် အိမ်တွင်းမှပင်တံခါးကို လုံခြုံစွာပိတ် ပြီး၊ ဘိုးဒန်ကို
ဘမ်းဆီး၍ မိပြီဆိုသော သတင်းကိုနားစွင့်နေကြရတော့သည်။
သူကြီးကတော်လည်း။
အတန်ကြာ ငြိမ်၀ပ်စွာ နားစွင့်နေရာမှ၊ ရွာလယ်ဆီကဒိန်းကနဲ- ဒိန်းကနဲ သေနတ်သံ
နှစ်ချက်ဆင့်၍ ကြားလိုက်ရသဖြင့် တောပုန်း ၀ရမ်းပြေးကြီး ဘိုး
ဒန်ကိုမိလေပြီဟု၊ အသင့်တင့်စိတ်အေးသွားမိလေ၏။ ထို့နောက်တခဏမျှကြာသောအခါ
ထမင်းပွဲပြင်ထားသော အိမ်ရှေ့ ကွပ်ပြစ်စီမှ ပန်းကန်းသံဇွန်းသံတွေ
ကြားရသဖြင့် ရာဇ၀တ်အုပ်ကိုဘိုးကွန်းတို့ ပြန်လာကြ ပြီအထင်နှင့်
အိမ်တံခါးပေါက် သို့ ကပြာကရာလာကြည့်မိသောအခါ။
သူကြီးကတော်
နှင့် အိမ်သား တစုမှာ၊ နဂိုက ပုနေအောင် ကြောက်ကြရာတွင် အိမ်ရှေ့ကွပ်ပြစ်
ထမင်းပွဲ မှာ ကိုဘိုးကွန်းတို့ မဟုတ်ဘဲ၊ ဝါးရမ်းပြေးဘိုးဒန် ဖြစ်နေလျက်
ကိုဘိုးကွန်း တို့စားရန် အသင့်ပြင်ထားသော ထမင်းပွဲ ကြီးကို ပိုင်
စိုးပိုင်နင်း အခန့်သားထိုင်စားနေရုံမက၊ စားပြီးသော ဇွန်းများ ပန်းကန်များ
ကိုပင်၊ ဂျိုးဂျိုး ဂျောင်းဂျောင်း၊ မြည်အောင် ပေါက်ချလွင့်ပစ်နှင့်
လုပ်ချင်သလို မလေးမခန့်လုပ်နေသည်ကို တွေ့ရလေ၏။ ဘိုးဒန်၏မျက်မှာကြီးမှာလည်း
လွန်စွာကြမ်းတမ်းခက်ထန်လျက်၊ လက်တဘက် က ဒါးကြီးကိုလည်းမချ၊
တင်းကြပ်မြဲမြန်စွာ ဆုပ်ကိုင်ထားသည်ကိုကို တွေ့ရပြီး၊ အကျႌတုံးလုံး အောက်
ပိုင်းတွင် နံငယ်ကလေးမျှ ဖုံးထားသောဘိုးဒန်၏ ကိုယ်ကြီးမှာလည်း။ ယခင် ကထက်
ကြီးမားထွား ကျိုင်းနေသည်ကို တွေ့မြင်ရလေ၏။
သူကြီးကတော် နှင့် အိမ်သားများမှာ ပုလိပ်တွေ၊ ဒါးလှံတို့နှင့် ၀ိုင်းအဘမ်းခံရသူတောပုန်း
၀ရမ်းပြေးကြီး
ဘိုးဒန်၏ရဲရင့်ပုံကို၊ အသည်းဆပ်ဆပ်တုန်အောင်ကြောက်ရွံ့လျက် အိမ်ထဲသို့
ရုတ်ရက် ၀င်မလာ နိုင်ရန်၊ တံခါးကို အမြန်ပိတ် ပြီး ကြိတ်မြုံနေရရှာလေ၏။
ဘိုးဒန် ကား ပုလိပ်တွေ စား မည့် ထမင်းပွဲကို၊ ဗိုက်ပြဲဗိုက်သန်း အ၀နှံပြီး
ပန်းကန်ခွက်ယောက်တွေ ကန်ကျောက်ပေါက်ခွဲကာ၊ ရွာပြင်သို့ ပြန်ထွက်သွား
လေတော့၏။
သူကြီးကတော်နှင့် အိမ်သားများလည်း။
ကြောက်ရွံ့ငြိမ်သက်စွာကြည့်နေကြ၍၊ အတန်ကြာမှှ သူကြီးနှင့် ရာဇ၀တ်အုပ်တို့
လူစု ဆူဆူညံညံဆဲဆိုမာန်မဲကာ ရောက်လာကြလေသည်။ သူကြီးကတော် လည်း သူကြီး နှင့်
ကိုဘိုးကွန်း တို့ဆီသို့ အူယားဖားယားပြေးထွက်လာ၏။ ရာဇ၀တ်အုပ်နှင့်
သူကြီးတို့မှာ မကြေမချမ်း တဖြစ်တောက်တောက် ရေရွတ်နေကြလေ၏။
’’လွတ်သွားတာ နာသဗျာ သူူကြီးရယ်’’
’’ဟုုတ်ပါရဲ့
ရာဇ၀တ်အုပ်မင်းရယ်။ ဒီ-တခါတော့ ပုလိပ်တွေလက်ချင်းဆက်ပြီိိး။
ပိုင်ပိုင်နိုင်နုိုင်ကြီး ၀ိုင်းမိပါရက် နဲ့ ဒီလိုဖြစ်ရတာ
သိပ်အခံရခက်ထာဘဲဗျာ’’
’’၀ိုင်းမိတာထက်သူကြီးနဲ့ ကျွန်တော်နဲ့ ဒီကောင်တဲထဲ၀င်ပြေး-ပြေးချင်းလိုက်တယ်မဟုတ် လားး’’
”တဲထောင့်ကြားမှာ
ဒါးကြီးတန်းလန်း နဲ့ ဒီကောင်ကို ကျုပ်ကပိတ်နေလု့ိ။ ခြောက်လုံးပြူးနဲ့
တေ့ချိတ်ပြီးလက်နှိပ်ဓါတ်မီး ထိုးကြည့်တော့လဲ ထူအမ်းအမ်း ဖောသွတ်သွတ်
မျက်နှာကြီးမှာ အဆီတွေေ၀ပြီး ပါးမြိုင်းမုတ်ဆိတ်တွေကလဲ ၀က်မွေးလို
ထိုးထိုးထောင်ထောင်ကြီး နဲ့ ဖြဲစပ်စပ်ကြီး ကျုပ်ကိုလှမ်းကြည့်နေတာဘဲ။
သူ့လက်ထဲက ဒါးကြီးကို ချခိုင်းတာ မချတာ နဲ့ ဒေါသထွက်ပြီး
သေနတ်ကိုနှစ်ချက်တေ့ပြီး မောင်းဖြုတ်ချလိုက်တာ ကျုပ် အထင်တော့
အူတွေထုတ်ခြင်း ပေါက်ထွက်ပြီး သေပြီထင်လိုက်တာ၊ ခွေးသား
အတော်ခံနိုင်ရေရှိတယ်။ ဘာမှ မဖြစ်ဘူးဗျို့၊ ကျုပ်မျက်နှာကို
သူ့ကိုယ်လုံးကြီးနဲ့ ပစ်တိုက်ပြီး ၀ှီးကနဲအပြင်ထွက်သွားတာဘဲ၊ ဒီကောင်
သေနတ်များ ပီးလေသလားမသိဘူးဗျာ၊ ထူးတော့အတော်ထူးတာဘဲ”
’’ကျွန်တော်တော့
သေနတ်ပီးရုံတင်မကဘူး ကိုယ်ပျောက်အတတ်ပါတတ်တယ် ထင်် တာဘဲ။ ဘာပြုလို့လဲ
ဆိုတော့ ဒီကောင်တဲထဲက ထွက်ပြေးလာတော့ တဲပြင်မှာလဲတဲကို ပုလိပ်တွေကရော
ရွာသားပါ လက်ချင်း ဆက်ပြီး ၀ိုင်းထားတယ်ဗျာ။ ဒီလောက်ကြပ်ကြပ်တဲထဲ
၀ိုင်းထားတဲ အထဲရှာလို့မရအောင် လွတ်ထွက် သွားတာ။ ဒီကောင်ကိုယ်ပျောက်မတတ်ရင်
ငှက်မို့ပျံမလား၊ နဂါးမို့ မြေလျှိုးသွားနိုင်သလား၊
စဉ်းစားကြည့်စမ်းရာဇ၀တ်မင်းရဲ့၊ ဘယ်နည်းနဲ့မှ မဆိုဒီအကောင်သေနတ်ပြီး
ဒါးပြီးနဲ့ ကိုယ်ပျောက် အတတ် ရှိရမယ့် တကယ့်လူစွမ်းကောင်းကြီးဘဲ”
’’ဒါကြောင့် ဒီလောက်တောင် ရဲပေတာ ပေါ့ဗျာ။
သူကြီးပြောသလိုလဲ
တွေးနိုင်တာဘဲဗျို့ ကျုပ်လဲဒီကောင်ကြီးရဲ့ ထူအမ်းအမ်းစပ်ဖြဲဖြဲ
မျက်နှာကြီးကို မြင်ပြီး ကြက်သီိိးထ သလိုလိုတောင်ဖြစ် လာသည်’’
”ဒီလိုအစွမ်းသတ္တိရှိတဲ့တောပုန်း
ဝါးရမ်းပြေး ဖမ်းရတာ သိပ်ခက်တာဘဲဗျာ။ သာစည် နယ်မှာပေါ်ဘူးတဲ့
စံဖဲလိုအကောင်မျိုးနဲ့ တူတာလို့ ဖြစ်ရတာ မဟုတ်လား။ ကဲဗျာ- ဒါတွေထားပါအုံး၊
ဒီနေ့မမိလဲ တနေ့နေ့တော့မိအောင် ဖမ်းရမှာဘဲဗျာ။ ဒါကြောင့် ကျုပ်လဲ ထမင်းစား
မဲ့ တန်းလန်းကြီးက ထပြေးရတာခုမှဆာရမှန်း ပြန်သတိရလာတယ်ဗျို့။ ထမင်းစား
လိုက်ကြ ဦးစို့”
ဟုပြောကာ ကိုဘိုးကွန်းသည် အခွံချည်းသက်သက် ဗြောင်းဆန်မှောက်လန်နေသော ထမင်းစားပွဲနား သို့ ရောက်သွားလေသည်။
”ဟောဗျာ- ထမင်းတွေ ဟင်းတွေ ပြောင်ကုန်ပကော။”
ဟု အံ့သြနမြောသောမျက်နှာနှင့်ပြောလေ၏။ သူကြီးမှာလည်း အားတုန့်အားနာကြီးဖြစ်ခါ-
’’ဟင်-ဟုတ်ပါရဲ့
ဟဲ့-မလေး ထမင်းပွံဲကြီး ဘယ်လိုဖြစ်တာတာလဲ ၊ ညည်းတို့ကလဲ အိမ်မှာ
နေရစ်ပြီးတော့ ဘာမှပြန်မကြည့်ကြဘဲကိုး’’ ဟုမြည်တွန်တောက်တီးလေ၏။
သူကြီးကတော် လည်း တုန်တုန် ရီရီကြီးနှင့်-
”အမယ်လေးမောင်ရင်
ကျုပ်ကိုအပြစ်တင်မစောပါနဲ့အုံး ၊ထမင်းပွဲကြီးကို ရာဇ၀တ်မင်း
တို့ပြန်လာတော့စားရအောင်လို့ ကျုပ်ကိုယ်တိုင် သေသေချာချာ အုပ်ဆိုင်း
ထားပါတယ် တော်”
’’ဟဲ့-မလေးရ အုပ်ဆိုင်းထားရင် ခုမြင်ရတာက ဘယ်လို ဖြစ်ရတာလဲလို့၊ ထမင်းတွေဟင်းတွေ ခွေးယက် သလို ပြောင်နေပြီ ဒါတွေဘယ်သူလာစားသလဲ”
’’ဝါးရမ်းပြေးဘိုးဒန်း
တော့၊ ဘိုးဒန်လာစားသွားတယ်။ သူ့လက်ကဒါးကြီးကြောင့် မပြောဝံ့လို့
မျိုသိပ်ပြီးကြည့်နေရတယ်။ ကျုပ်ကတော့ ရွာလယ်က သေနတ်ဖောက်သံကြားရတာနဲ့
မိအောက်မေ့ နေတာ ကိုယ်တော်မြတ်က ဒီလာပြီး ရှိသမျှဟာတွေ
အကုန်ပွဲတော်တည်သွားရုံ မကသေးဘူး၊ ဇွန်းတွေ ပန်းကန် တွေကို
လွှင့်ပစ်ပေါက်ပစ်နဲ့ ဒါးနဲ့ခုတ်မှာစိုးလို့ မပြောဝံ့ဘူး၊ တံခါးလုံအောင်
ပိတ်ပြီး အပေါက်ကလေးက ကြိတ်ကြည့် နေရတယ်။ တော်တို့ပြန်မလာခင် လေးတင်ဘဲရွာ
ပြင်ထွက်သွားတာတော့”
ဟုအငေါ့အထေ့စုံစွာနှင့် ထမင်းပွဲကြောင်လှဲသွားကြောင်း၊ ပါးစပ်အစီအရင်ခံစာတင် လေ တော့၏။
ကိုဘိုးကွန်း
မှာ မိမိကိုပမာမခန့် အရူးလုပ်သွားသော ဝါးရမ်းပြေးဘိုးဒန်အား မခံမရပ်နိုင်
အောင် ဒေါပွနေလေ၏။ မအေ နှမနှင့်လည်း ရစရာမရှိအောင် ဆဲရေးရေရွတ်လျက်
အရှက်ပြေ ကြိမ်းဝါးမာန်မဲ နေတော့၏။ ရွာသားများနှင့် ပုလိပ်အမှုထမ်းတို့ကား
ဝါးရမ်းပြေးဘိုးဒန်၏ ရဲစွမ်းပုံကို ဆပ်ဆပ်တုန်အောင် ကြောက်လန့် နေကြလေ၏။
’’ဒါလောက်စွမ်းနေတဲ့
လူတယောက်ကို ဘမ်းလို့မရနိုင်ပါဘူးကွာ။ သေနတ်နဲ့ ကပ်ပစ်တာမှ မသေတဲ့ နောက်
ဘယ့်နှယ့်လုပ်ဘမ်းမလဲ။ အရင်တုန်းက စံဖဲ နာမည်ကြီးမဲ့သာ ကြီးနေတာ
ဘိုးဒန်လိုတခါမှ အနားကပ်ပြီး သေနတ်ပြောင်း အဖြုတ်မခံရသေးဘူးကွ။ ဒါကမှတကယ့်
လူစွမ်းကောင်း”
ဟု တိုးတိုးတိတ်တိတ် ကြိတ်ပြောသူကပြော၍ အချို့ကလည်း-
’’အလကားပါကွာ၊
ဒီကောင်ကစွမ်းတာ မဟုတ်ပါဘူး။ လာဘမ်းတဲ့ ပုလိပ်တွေက အသုံးမကျတဲ့ ဟာတွေမို့
သူတို့ဟာသူတို့ လန့်နေတာပါ။ သေသေချာချာ ဘမ်းတဲ့နောက်မိလွန်းလို့
မှမရှိဘူူူူူး။
ဟုပြောသောအခါ အချို့က
’’အမယ်လေး-
ဒီလူ့နှယ် ဘာတွေရှောက်ပြောနေတာလဲ ဟိုက ကိုယ်ပျောက်တတ်တယ်် သေနတ်ဒါးလဲ
ပြီးတယ်။ ဒီလောက်အစွမ်းကောင်းတဲ့ လူဆိုတာ သူ့အကြောင်း ကွယ်ရာတောင်
ပြောမဖြစ်ဘူး။ ဟိုက နားကျပ် ရတယ်တဲ့ ကြားသွားလို့ ခင်ဗျားကို
လာသတ်မှလှနေမယ်” ဟုစိုးရိမ်စွာ သတိပေးသူကပေးနှင့် အတော်ကလေး
ပါးစပ်အလုပ်များနေကြ၏။
ဘိုးဒန်၏သတင်းကား
တနေ့တခြား ကြီးလာတော့၏။ သတင်းကြီးခြင်းကြောင့်ပင် ဘိုးဒန်၏ အစွမ်းများကို
တဆင့် စကား တဆင့်နားနှင့် သတင်းကျယ်ပွားလေ၏။ ဆိပ်ပေါက်ရွာက မယားနဲ့
လင်ငယ်ကို ထောင်ထဲက တိတ်တိတ်ထွက်ပြေးလာပြီး သတ်ပစ်တဲ့တောပုန်း ဝါးရမ်းပြေး
ဘိုးဒန်ဆိုတာ အင်မတန် လူစွမ်းကောင်းသတဲ့၊ ပုလိပ်တွေတပ်နဲ့ ၀ိုင်းထားတာတောင်
ကိုယ်ဖျောက် ပြေးသတဲ့၊ ရာဇ၀တ်အုပ်ဘို့ ပြင်ထားတ့မင်းပွဲကြီးကို
ပြောင်အောင််၀င်စားသွားလိုက်သေးတဲ့၊ ဆိပ်ပေါက် ရွာမှာ သူ့ကိုဘမ်းရအောင်
စတဲချနေတာ သိရက်နဲ့ ရွာထဲညတိုင်း ၀င်၀င်လာသတဲ့ တောထဲမှာ ဟင်းရွက်ခူး
ထင်းရောင်း လာတဲ့ လူတွေလဲ ရိပ်ခနဲ ရိပ်ခနဲ အမြဲတွေ့လိုက်တာဘဲတဲ့၊
ဘယ့်လောက်ရဲသလဲ သတိ္တနဲတဲ့ အကောင်သာဆိုရင်၊ ပုလိပ် နဲ့
ေ၀းရာသို့ပြေးမှာပေါ့ဟူသော ကျော်စောသတင်းတွေ ဆူေ၀လျက်ရှိလေ၏။
အချို့ကလည်းဘိုးဒန်၏
အစွမ်းသတ္တိကို ချီးမွမ်းသည့်အပြင်၊ ဘိုးဒန်မှာရွာသားများကို ယနေ့ထက်
တိုင်အောင် ရန်မရှာခဲ့သေးဘဲ။ တောထဲတွင် ရိပ််ခနဲ့တွေ့ရများကိုလည်း။
အနည်းငယ်မျှ ဖြစ်သဖြင့် ပုလိပ်မှတပါး ဘိုးဒန်အား
မေတ္တာတိမ်းညွတ်သွားကြပြီး၊ ဘိုးဒန်ကသာ တောပုန်းလူဆိုးအသင်းကြီး ဖွဲ့စည်း
မည်ဆိုကာ ထိုသူတို့မှာ စိတ်အားထက်သန်စွာပါ၀င် ကြမည်ကဲ့သို့ပင် ဖြစ်နေလေ၏။
ပုလိပ်များကို
ဗြောင်ထားကာ ဘိုးဒန်၏အစွမ်းကောင်းပုံကို ချီးမွမ်းကြ၏။ ကိုဘိုးကွန်း
အမှူးရှိသော အထူးပုလိပ်ဝတ္တရားနှင့် ရောက်လာကြသူ ပုလိပ်အရာရှိများမှာ
မခံချည့်မခံသာ မျက်နှာပူစွာ နေကြသည့်အပြင် ယခုထက်တိုင် ဝါးရမ်းပြေး
ဘိုးဒန်ကိုတွေ့ရလျက် မမိ၊ အထက်လူကြီးများ၏ ဆူပူကြိမ်းမောင်း
ထုချေလွှာအတောင်းခံရလေ၏။
အကြီးအကဲပြုသူရာဇ၀တ်အုပ်
ကိုဘိုးကွန်းမှာ တရားခံကိုလည်း ဘမ်းမမိ။ အထက် လူကြီး ၏ပြစ်တင်ခြင်း
ကိုလည်းမခံ၀့ံ နှင့် မလွန့်သာမလှုပ်သာအောင် ဖြစ်ရလေတော့၏။ အထက်အ ရာရှိများ
ထံသို့လည်း ယခင်က တောပုန်းစံဖဲကဲ့သို့ သတင်းကြီး၍ အစွမ်းကောင်းလှသော
တရားခံ ဖြစ်ပါကြောင်း။ သို့အတွက် ရုတ်တရက်မမိနိုင်ဘဲ သေနတ်ဖျားမှ
သီသီလွတ်သွားရကြောင်းများနှင့် ဘိုးဒန်အား ခတ်သဲသဲကလေး အစီအရင်
တောင်းခံလေ၏။
ကိုဘိုးဒန်၏အစီအရင်ခံစာအရ
စစ်ပုလိပ်များလည်း မကြာမီထပ်၍ ရောက်လာလေ၏ ဤအခါတွင် ကိုဘိုးကွန်းမှာ
မနေသာတော့ချေ။ မမိလျှင် မိမိဖျင်းညံ့ရာကျချေတော့မည်။ ဇက်ရဲလှသော ဘိုးဒန်ကို
အသေရရ အရှင်ရရ အဓမ္မဒလကြမ်း နောင်ဂျိန်ရိုက်၍ ဘမ်းတော့မည်ဟု
လက်သီးလက်မောင်းတန်းကာ စစ်ပုလိပ် နှင့် အမှုထမ်းပုလိပ်တို့အား
ဘိုးဒန်လာတတ်သောအိမ် ကို တခါတည်း နေ့ညမဟူ၀ို်င်းထားတော့၏။ ဘိုးဒန်ကား
ရွာထဲသို့မပေါ်လာတော့ချေ။ ရွာပြင် တောစပ်မှ မကြာခဏ ကိုယ်တိုင် လာ၍
ပြကြောင်းကြားရပြန်၏။
သူူူကြီးအိမ်မှမောင်းထု၍
ရွာသားတွေကို စုခေါ်ပြီး မင်းတို့အားလုံးရွာထဲကို လူ၀င်လူထွက်
စောင့်ကြည့်ရမယ်။ ငါတို့ပုလိပ်ဘက်က တောထဲမှာ တောနင်းရှာနေတုန်းကို
ဟိုကောင်ရွာထဲ ၀င်လာတယ် ကြားရင် မင်းတို့တာ၀န်ဘဲ။ မင်းတို့မရ
ရအောင်ဘမ်းထားရမယ် ဟုဆိုကာ ကိုဘိုးကွန်းတို့ ပုလိပ်တပ်မှာ
လက်နက်ရိက္ခာအပြည့်အစုံနှင့် တောနင်းကြလေ၏။ ရွာတွင်ကား
သူကြီးနှင့်ရွာသားများမှာ ဘိုးဒန်အတွက် ဘေးကြပ်နံကြပ် တာ၀န်ကြီးကျလာသဖြင့်
ရွာ၀တိုင်း အလှည့်ကျစောင့်ဆိုင်းနေရတော့၏။
၄င်းတို့မှာပုလိပ်တမျိုးကြောက်ရ၊
ဘိုးဒန်ကိုတ မျိုးကြောက်ရနှင့် ဆူးကြားသီးတဲ့ဗူူူူးလို၊ မလွန့်သာ
မလှုပ်သာရှိရှာကြ၏။ ဘိုးဒန်လာလျှင် ဘမ်းလည်းမဘမ်းဝံ့။ မိအောင်လည်း
မဘမ်းနိုင်၊ မဘမ်းဘဲ ထိုင်ကြည့် နေပြန်လျှင်လည်း ပုလိပ်တော်မင်းများက
ဝါးရမ်းပြေးကူူညီအားပေးမှုနှင့် အရေးယူပြန်ဦးတော့မည်။ ငါတို့မှာ ဘယ်ဆီကမှ
မသက်သာပါကလား။ နေ့ခင်းလယ်လုပ်ယာလုပ်သွားရလို့ ပင်ပန်းတာတမျိုး၊ ညညအမော
အပမ်းကလေးမှမဖြေရ၊ ဘိုးဒန်စောင့်ရသည်၊ မဘမ်းပြန် ပုလိပ်ကလက်ထိပ်ခတ်မှာ
ကြောက်ရတာ တမျိုးုနှင့် အမျိုိိိိိးမျိုး စိတ်ရှုတ်နေရှာကြရာ၊ နောက်ဆုံးမှာ
သက်သာရာအရ ဆုံးသော နည််််််််််််းဖြစ်သည့် ဘိုးဒန်မလာပါစေနဲ့ဗျာ
ဟူသောဆုကိုသာ တောင်းနေမိကြလေတော့၏။
အများ၏ဆုတောင်းပင်ပြည့်သလားမသိ။
ဘိုးဒန်ကား ရာဇ၀တ်အုပ်ကိုဘိုးကွန်းတို့ တောနင်း ထွက်သွားသော နေ့ကစပြီး၊
ရွာသို့လည်းမလာ။ ရွာပြင်တောစပ်မှာလည်း မတွေ့ရခြင်းနေသဖြင့်
ကြာသော်
ရွာသူများမှာတောထဲတွင် ဘိုးဒန်နှင့်ပုလိပ်တပ်တို့
မည်သို့မည်ပုံများဖြစ်နေကြသလဲဟု အမြဲ နားစွင့်၍နေကြရင်း
ရွာတွင်းရွာပြင်မှာလည်း၊ သူကြီး၏ အာဏာအရ အလှည့်ကျ ကင်းစောင့်၍ နေကြရ
တော့သတည်း။
ကိုဘိုးကွန်းမှာ နောက်ပါ စစ်ပုလိပ်
အမှုထမ်းပုလိပ်မြောက်မြားစွာနှင့် ဘိုးဒန်ကို တောနင်း ရှာခဲဲရာ၊ တရက်က
နှစ်ရက် ကျူးလာသည့်တိုင်အောင်၊ ဘယ်သို့သော အစအနမျှမရအောင်၊ ရှိခဲ့လေ ၏။
သို့နှင့် သုံးရက်မြောက်သော နေ့တွင်ကား၊ ခါတိုင်းကဲ့သို့ပင်
သေနတ်များချိန်ရွယ်လျက် စစ်တက်သကဲ့သို့ ခြေသံကြား ရအောင်၊
တဖြည်းဖြည်းချောင်းကာ ချုံကြိုချုံကြားမှ တိတ်ဆိတ်စွာ လာခဲ့ကြစဉ်
ကိုဘိုးကွန်းသည် ရှေ့မှဆီးကြိုနေသော ရေစပ်သဲချောင်းကလေးတခုကို တွေ့မြင်ရ
သောကြောင့် မိမိ လူများအား ချုံကြိုချုံကြားတွင်၀ပ်နေစေပြီး။
''ဟေ-
ကောင်တွေရှေ့ ကိုကြည့်နေကြ၊ ဒီ- ချောင်းကလေးကို ဟိုကောင်ဘယ်နည်းနဲ့မဆို၊
ရေလာသောက်လိမ့်မယ်ထင်တယ်။ မြင်လို့ရှိရင် မင်းတို့တတွေတခါထဲ
သာချိန်ပြီးပစ်ဟေ့။ အသေရအောင် ဘမ်းရမယ်။ ညှာမနေနိုင်တော့ဘူး။ တို့လဲ
တောထဲတောင်ထဲ အစာငတ်ဘာငတ်နဲ့ ဒုက္ခဖြစ်လှပြီ။ ရှေ့လ မိုးကျလာရင် ငှက်ဖျား-
ဖျားလာမှာ ကြောက်ရတယ်။ မတတ်နိုင်ဘူးဟေ့။ မြင်တာနဲ့ တချက်ထဲသာ တင်ကြပေတော့”
ဟု တိုးတိုးတိတ်တိတ် ကြိတ်မှာကာ၊ တစီတတန်းကြီး အသင့််ချောင်းမြောင်း နေကြ လေ၏။
ကိုဘိုးကွန်း
ကား သားကောင်ကို တွေ့မြင်ရသော တောမုဆိုးပမာ သူ၏မျက်လုံးများသည် ၀င်း၀င်း
ပြောင်ပြောင် အရောင်တွေထွက်လာလေ၏။ မိမိ၏ ၀ဲယာရှိ
သေနတ်ကိုင်စစ်ပုလိပ်တို့အား လဲ့ှ၍ အချက်ပေး လိုက်ခါ မိမိ၏ ငါးချက်ထွက်
ရိုင်ဖယ်သေနတ်ကို ုကျကျနနချိန်ဆပြီး တပြိုင်တည်း ရှေ့နောက် ဆက်ကာ
တဒိုင်းဒိုင်း နှင့် အချက်ပေါင်းများစွာ ထွက်သွားလေ၏။ ကိုဘိုးကွန်း၏
အထင်ကား ဤမျှသော သေနတ်ချက်ပေါင်းစွာတပြိုင်တည်း ပစ်လိုက်ခြင်းဖြင့်
မမှန်သည့် သေနတ်က မမှန်ဘူး ထားလိုက်အုံး၊ သုံးမျက်နှာမှာ ၀ဲယာညှပ်၍
ပစ်လိုက်သော သေနတ်များမှ တချို့တ၀က်မှန်ရုံနှင့်ပင် ဘိုးဒန်ပုံရက်လဲနေပြီး
သေနတ်ချက်တွေမှာလည်း မရှင်းဂန်းထိသူ လို တကိုယ်လုံး သေနတ်ချက်တွေက ဆကာကျ
နေလိမ့်မည်ထင်လုိုက်မိ၏။
ဘိုးဒန်ကို
သေနတ်မီးများအကြားမှာ စိတ်အားထက်သန်စွာ လှမ်းကြည့် လိုက်သောအခါမိမိ အထင်
နှင့် မျက်မြင်မှာ အလွန်ကွာနေသည်ကို တွေ့ရသောကြောင့် အံ့သြခြင်းကြီးမက
အံ့လျက် ရုတ်တရက်ကြက်သေနေမိလေ၏။ ကိုဘိုးကွန်း မြင်ရပုံမှာ ဘိုးဒန်သည်
သေနတ်မှန်သလိုနှင့် ရှေ့ကိုအားယားထိုးကြီးကျသွားရာမှ ရုတ်တရက် လူးလဲထကာ
မိမိလာလမ်းသို့ ပြန်၀င်ပြေးသည် ကို တွေ့ရလေ၏။
’’ဟ..ဘယ့်နှယ့်လဲ ပြေးပါကလား’’
ဟုယောင်အော်လိုက်ပြီးမှ ပုလိပ်တွေကလည်း
’’ဟာပြေးပေတဲ့ မှန်သွားတယ်ဆရာ ဒီကောင်ကြာကြာမပြေးနိုင်ဘူး လိုက်ရင်မိမယ် လိုက်ရအောင် ဆရာ’’
ဟုဆိုကာ ကိုဘိုးဒန်ပြေးသွားသောနောက်သို့ အပြေးအလွှား ချီတက်လိုက်ပါ သွားကြပြန်လေ၏။
ကိုဘိုးကွန်းနှင့်
ပုလိပ်များလည်း ချောင်းတဘက်ရှိ တောထဲသို့ စစ်တပ်ကိုလမ်း ကြောင်းခွဲ၍
ပိုက်စိတ်တိုက် သလို လိုက်ကြသော်လည်း ဘိုးဒန်မှာ အစပျောက်သွားပြန်လေ၏။
ကိုဘိုးကွန်းလည်း လက်မတင် ကလေး လွတ်ထွက်သွားသောကြောင့်
ဒေါပွကြီးပွကာရှေ့သို့်သာ စိတ်ဆောင်ပြီိိး အလောတကြီး လိုက်လေ၏။
လိုက်ရင်းလိုက်ရင်းနှင့်ပင် ကိုဘိုကွန်းနှင့် စစ်ပုလိပ် များမှာ
လူူူူူစုကွဲမှန်းမသိ ကွဲလာပြီး အားလုံးပင် တယောက်တခြားစီ ဖြစ်လာကြလေ၏။
ကိုဘိုကွန်းကား
မိမိနောက်မှ ပုလိပ်များ ပါသည်ထင်ကာ ရှေ့သို့သာအာရုံစိုက်ပြီး သေနတ်ကြီး
မောင်းတင် ၍ လိုက်ချောင်းနေ၏။ ဟိုချုံထဲမှာရှိမလား ဒီသစ်ပင်ကွယ်မှာ
ပုန်းနေမလားဟု မျက်စိနှင့်နားကို များစွာအလုပ်ပေးထားလေ၏။ သို့နှင့်
အနည်းငယ် ဆက်လက်၍ လာခဲ့ပြန်ရာမှ ရှေ့ကမိုးနံချုံပုတ်တခုတွင်
တလှုပ်လှုပ်ဖြစ်နေသည်ကိုတွေ့ရသောကြောင့် ကိုဘိုးကွန်းမှာ စိတ်အား ထက်သန်စွာ
ခွေးမသားဒီချုံထဲက ဘယ်ပြေးနိုင်မလဲ၊ အသေပေါ့ကွာဟု တယောက်တည်းကြိမ်းဝါးလျက်
သေနတ်မောင်း ကို ဖြုတ်တော့မည်အပြုတွင် ချုံထဲမှလွှားကနဲ အားလျှော့သွားလေ၏။
အချိန်ကား နေလုံးလုံးမ၀င်သေးသဖြင့် ကွဲပြားစွာ
မြင်နိုင်သေး၍ ခုန်လွှားပြေးသွားသောရှဥ့်ကလေးကို ငေးကြည့်နေမိစဉ်
ကိုဘိုးကွန်းမှာ မိမိနောက်ကျောသို့ အေးစက်သောလက်ကြီးတခုဖြင့် ဗျန်းကနဲ
အရိုက်ခံလိုက်ရသဖြင့် နောက်သို့ခြာကနဲလဲ့ှကြည့့်သော အခါ၀က်မွှေးပမာ
ထိုးထိုးထောင်ထောင် ထွက်နေသော မုတ်ဆိတ်ကြင်စွယ်အများနှင့် အသား
ညိုညိုဖေါသွပ်သွပ်မျက်နှာကြီးတွင် ချွေးသီး ချွေးပေါက် တွေ
အရွဲသားနှင့်သွားကြီးဖြဲပြီး မချင့်မရဲ ရယ်ပြနေသော တောပုန်းဝါးရမ်းပြေးကြီး
ဘိုးဒန်ကို တွေ့မြင်ရလေ၏။
ကိုဘိုးကွန်း မှာ
တောထဲသို့ ကျားပစ်ရန်လာသူ ကျားနှင့်နီးကပ်စွာရင်ဆိုင်လာ၍ တွေ့ရဘိအလား
ရုတ်တရုက်အားဖြင့် ကြောက်ဒူးများ တုန်နေသကဲ့သို့ ကြက်သေသေ နေလေ၏။
ဘိုးဒန်၏မျက်နှာကြီးမှာ ဆန်ကော တမျှ ကြီးမားပွရောင်လာသည် ထင်ရပြီး
ကိုယ်ကြီးမှာလည်း သာမန်လူထက် တဆလောက် ကြီးမား ထွားကျိုင်းလျက်
လက်တဘက်ကမချတမ်းကိုင်ထားသော ဒါးကြီးမှာလည်း သွေးစီးတွေ နီရဲနေသကဲ့သို့
ထင်ရပြီး လက်ထဲ ကသေနတ်ကိုပင် သတိမရ၊ ဘိုးဒန် ငါ့ကို ဘယ့်နှယ့်များ
လုပ်မယ်လို့ ပါလိမ့်ဟု နှလုံးသား သိမ့်သိမ့်တုန်နေလေ၏။
ဘိုးဒန်၏
မျက်နှာကြီး မှာ မချိမဆန့်နှင့် ဒေါသဖြစ်ရာမှ ကြိုးကြီုးစားစားရယ်ရပုံ
ကြီးမျိုးကိုမြင်ရပြီး မိမိအနား သို့၄င်း၏
မျက်နှာကြီးနီးမှန်းမသိနီးကပ်လာသည့်အတွက် ကိုဘိုးကွန်းမှာ ရုတ်တရက်
ခေါင်းကြီးပြီး ကြက်သီးတွေဖျန်းကနဲ ထလာရာမှလက်က သေနတ်ကိုသတိရပြီိိိး
တုန်တုန် ရီရီ ကြောက်ကြောက် လန့်လန့်ကြီးနှင့်
မောင်းကိုနှိပ်ချလိုက်မိသည်တွင် ဒိန်းဟိန်းဟိန်း ဆိုသော အသံကြီး ပေါ်ထွက်
လာပြီး။ ဘိုးဒန််လည်း ဖျပ်သွားသလို ခုန်ပေါက်ခါ ချုံကလေးတခုနောက်၌
ပျောက်ကွယ်၍ သွားလေ တော့၏။
ကိုဘိုးကွန်းမှာလည်း ဂဒုံဂရင်ကြီး ဖြစ်ကျန်ရစ်လေ၏။ မိမိနောက်တွင် အဖော်တ
ယောက်မျှမပါဘဲ တောထဲ၌ ဘိုးဒန်နှင့် လက်ပူးလက်ကြပ်တွေ့ရသောအခါ အဘယ်မျှကြောက်
လန့်သွားမိသည်ကို သတိရ၏။ ကု်ိဘိုးကွန်း၏သေနတ်သံကြောင့် မနီိိးမေ၀းတွင်
တယောက်တကွဲစီ သဲသဲမဲမဲရှာဖွေနေသော ပုလိပ် တွေလည်း နီးရာမှစုပြေးလာကြ၏။
’’ဆရာ..ဆရာ..ဘယ်မလဲ ၊မိပလား’’
ဟု ၀ိုင်းမေးမှ ၊ကိုဘိုးကွန်းမှာ တွေတွေကြီး ရပ်နေရာက သတိ၀င်လာလေ၏။ တပည့်တွေကိုမြင်မှ ကပြာကရာ ဣနြေ္ဒဆယ်ကာ....
’’ဟိုကောင် -ဟိုကောင် ငါနဲ့တွေ့လို့ ပစ်လိုက်ထားခုဘဲ ဟိုဘက်ထွက်ပြေးတယ် ဟေ့’’ ဟု ပြောလိုက်စဉ် တဘက်မှ
အမယ်လေးလေးဗျ။ ဒိုင်း-ဒိုင်း
ဟုအော်သံရော။ သေနတ်သံပါ ပေါ်ထွက်လာပြန်၍ အားလုံးအသံကြားရာသို့ ပြေးသွားကြလေ၏။
စစ်ပုလိပ်တယောက်မှာ။ သေနတ်ကြီးကိုင်လျက် တုန်တုန် ရီရီကြီးဖြစ်နေသည်ုကို တွေ့ရသဖြင့် ကိုဘိုးကွန်း ခေါင်းဆောင်ကာ....
’’ဟေ့ကောင်ဘာတုံး ဘာဖြစ်တာတုံး”
ဟု ၀ိုင်းမေးမှ။ ပုလိပ််လည်းထိတ်လန့် တုန်လှုပ်နေရာမှ သတိရ လာပြီး။
”အမယ်ဆရာ ရဲ့ ကျွန်တော်နဲ့ နှစ်ယောက်ထဲလာတွေ့နေတယ်။
ဒါးကြီးကိုင်ပြီိိိိိး ကျွန်တော်ကို ပြုံးစိစိကြီိိိိိိိး ကြည့်နေလိုက်တာ
သိပ်ကြောက်စရာကောင်းတာဘဲ။ ဒါနဲ့ကြောက်ကြောက်လန့်လန့် နဲ့ဘဲ သေနတ်မောင်း
ဖြုတ်လိုက်တာ ဘိုးဒန်တော့ ဟောဟိုဘက်စွပ်ပြေးလေရဲ့ဆရာ ရဲ့” ဟု
ခရီးေ၀းကြီးကပြေးလာသူအလား၊ ဟောဟဲ လိုက်ခါကတိုက်ကရုုုုိုက်ကြီး ပြောလေ၏။
ကိုဘိုးကွန်းလည်း မိမိဖြစ်ပုံနှင့် ကိုယ်ချင်းစာမိလေ၏။
ထိုခဏ၌ တဘက်ဆီမှ စူးစူးဝါးဝါး အော်လိုက်သောအသံတခုကိုကြားရပြန်ရာ
ကိုဘိုးကွန်း တို့ လူစု လည််း အသံလာရာသု့ိပြေးကြပြန်၏။ စစ်ပုလိပ်တယောက်မှာ
ရိုင်ဖယ်သေ နတ်ကြီး ကိုင်ရက် ပက်လက် လန်ကာ ယက်ကန်ယက်ကန်နှင့် တက်နေလေ၏။
ရောက်လာသူတို့၀ိုင်းနှိပ်ကြမှ သတိရလာလေ၏။ ဟေ့ကောင် ရ
သေနတ်ကြီးကိုင်ပြီးဘယ့်နှယ့်ဖြစ်နေရတာလဲဟု ဆွဲထူ လှုပ်မေးကြမှ မျက်နှာကြီးက
ပြဲပြဲကြီး။
ဟုပြောနေစဉ် စကားမဆုံးမှီ
တဘက်ဆီမှ စူူးရှကျယ်လောင်သော အော်သံတခု ပေါ်လာပြန်ရာ ကိုဘိုးကွန်း တို့မှာ
အသံလာရာသို့ ပြေးကြရပြန်လေ၏။
သေနတ်ကြီး ကိုင်ရက်က နတ်ကျသလို တဆပ်ဆပ်တုန်နေသော ပုလိပ်တယောက် ကိုတွေ့ရသည်။
"ဟေ့ ဘာလဲ" ဟု မေးပြန်ရာ...
"ဖြူဖြူကြီး
ဆရာ ဖြူဖြူကြီး၊ ကျွန်တော့်အနား ဝါးကနဲဆို လာလှန့်သွားတယ်၊ ကျွန်တော်လဲ သေ
နတ်ကြီး ကိုင်ရက်က ဆပ်ဆပ်တုန်အောင် ကြောက်သွားတာပဲ ဘာလဲ မသိဘူး ဆရာရဲ့"
ဟု
လှိုက်လှိုက်လှဲလှဲကြီး ပြောလေ၏။ ထိုခဏ၌ ကွဲနေသော ပုလိပ်များလည်း
အားလုံးစုမိကြ၏။ ကိုဘိုးကွန်း နှင့် ပုလိပ်များမှာ
ဘိုးဒန်အရူးလုပ်သမျှခံနေရသဖြင့် မခံချိ မခံသာလည်းဖြစ်ရ၊ ဘမ်းမမိ နိုင်
သေနတ်နှင့် မထိနိုင်၍လည်း အခက်ကျပြီး၊ ဤမျှအစွမ်းကောင်းနေသူနှင့်
ဘက်ပြိုင်ရန်မှာလည်း တဖြည်းဖြည်း ကြက်သီးမွေးညှင်းများ ထလောက်
ထိတ်လန့်ကြောက်ရွံ့လာတော့၏။ သို့ရာတွင် ကိုဘိုးကွန်း မှာ၊ ဟန်မပျက်စေဘဲ။
လက်နက်လူသူစုရုံးလာသဖြင့်လည်း တနည်းအားတက်ခါ...
"တောက်
ဒီအကောင် သိပ်ဇက်ရဲတာဘဲကွာ၊ တို့အနားမှာ အမြဲရစ်နေတာဘဲ၊ ကဲ... ကဲ... လာကွာ
ဒီအကောင် ဘာမို့လဲ၊ တနေ့တော့ မိရမှာဘဲ။ လာလိုက်ကြအုံးစို့"
ဟု ကြိမ်းဝါးကာ လိုက်ရန် ဟန်ပြင်ပြန်လေ၏။ တပည့်များလည်း ကိုယ်စီကြောက်နေကြရာမှ ဆရာ ကဲ့သို့ပင် ဟန်တပြင်ပြင်နှင့် ရောယောင်ကြခါ...
"လိုက်တာကတော့ ဟုတ်ပါရဲ့ ဆရာ၊ ဘယ်ဘက်ကိုလိုက်မလဲ၊ ခုန ဟိုကောင်ပြေးတာ ဘယ် ဘက် ပြေးတုန်း ဆရာရဲ့" ဟု မေးနေစဉ်...
တဘက်မှာ
(ဟီဟီဟိ)ဟု အသံကွဲကြီးနှင့် လှောင်ရီရီလိုက်သံကြားရ၍၊ အသံလာရာဘက်သို့
လှည့်ကြည့်ကြသော အခါ နံငယ်ပိုင်းကို ဝတ်ထားသော ဘိုးဒန်လည်းကိုင်ထားသော
ဓါးမကြီးကို မြှောက်ခါမြှောက်ခါ ပြလျှက် သူ ဒီမှာရှိသည်ဆိုသော
အထိမ်းအမှတ်ပြနေလေ၏။
ကိုဘိုးကွန်း နှင့် ပုလိပ်တို့သည် "ဟော
ဟိုမှာ" ဟုဆိုကာ သေနတ်တွေနှင့် ချိန်ကာ တဒိန်းဒိန်းပစ်ရင်း လိုက်လာသော
နောက်က ပုလိပ်များအား မကြာခဏလှဲကာ၊ လက်ယပ်ခေါ်သလို သရော်သလို နှင့် လုပ်၍
သွားလေရာ ကိုဘိုးကွန်းမှာ မခံမရပ် နိုင်အောင် ဒေါပွ၍ သေနတ်ခလုပ်ကိုသာ
တခုပြီးတခု ဖြုတ်ရင်း ရှေ့ဆုံး မှ ခေါင်းတယ်၍လိုက်ခဲ့လေ၏။
ကုန်း၊
ကျင်း၊ ခလုတ်၊ သစ်ငုတ်၊ ဆူးညှောင့်များကို တုံးတိုက်တိုက် တိုင်တိုက်တိုက်
သဘောနှင့် ဒရောသောပါး လိုက်လာခဲ့ရာ တောနက်ကြီးထဲသို့ ရောက်မှန်းမသိ
ရောက်လာပြီး၊ ထိုအချိန်တွင် နေလည်း လုံးလုံးဝင်သဖြင့် မမြင်မကန်း
အမှောင်တွေဖုံးလွှမ်းလာလေရာ ဘိုးဒန်ကိုလည်း လုံးလုံး သား
မျက်ခြေပြတ်သွားလေ၏။ ကိုဘိုးကွန်းတို့မှာ ထိုအခါမှပင် မောမှန်း ပန်းမှန်း
သိကြပြီး။ လွယ် ထားသော... ဗူးထဲက ရေများသောက်ခါ၊ မြေပေါ်ဖင်ထိုင်၍
အမောဖြေရင်း။ အမှောင်ကို လင်း စေခြင်းငှာ သစ်ကိုင်းခြောက်များ စုပုံပြီး
မီးဖိုကြီးတစ်ခုဖိုကြလေ၏။
မီးဖိုအလင်းရောင်ကြောင့်
မိမိတို့ရောက်နေသော တောကြီးမှာ အဓိကရသစ်ပင်ကြီးများဖြင့် ဖုံးလွှမ်း
ထားကြောင်း သိရလေ၏။ မီးဖိုကြီးမှာလည်း သစ်ရွက်ခြောက်များအရှိန်ကြောင့်
မီးတောက်ကြီး များမှာ လူတစ်ရပ် စာ မျှ မြင့်မားပြီး
မိမိတို့ပတ်ဝန်းကျင်တဝိုက်မှာပင် လင်းထိန်နေတော့၏။ ထိုခဏ ၌ ပုလိပ်
တစ်ယောက်က
"ဟော... ဟော ဟိုမှာ ဟိုမှာ လာပြန်ပြီ"
ဟု
ပြောသဖြင့် ကိုဘိုးကွန်းနှင့် လူအများလည်း ပြရာသို့ကြည့်ကြရာ
မနီးမဝေးမီးရောင်အလင်း၌ ဓားကြီး ကိုင်ကာ ပြုံးစိစိမျက်နှာကြီးနှင့်
ရပ်ကြည့်နေသော ဘိုးဒန်၏ပုံသဏ္႑ာန်ကို တွေ့မြင်ရပြန် လေ၏။
"ဟေ့ ပစ်ကြကွာ၊ တညီတညွတ်ထဲဟေ့၊ ဝမ်း၊ တူး၊ သရီး"
ဟု
ကိုဘိုးကွန်းက ခေါင်းတည်ကာ သေနတ်တွေ တပြိုင်ထဲ မောင်းဖြုတ်လိုက်ရာ
တတောလုံး ဟိန်း သွားလေ၏။ ဘိုးဒန်ကား သေနတ်မှထွက်လာသော မီးခိုးများနှင့်
ရောထွေးကာ ဘယ်ဆီသို့ရောက် မှန်းမသိ ပျောက်ကွယ်သွားလေတော့၏။ ကိုဘိုးကွန်းမှာ
စိတ်ပျက်လက်ပျက်ဖြစ်လာလေ၏။
"ဒီအကောင်ဟာ တကယ်ဘဲ
သေနတ်ပြီးနေပါပြီကွာ၊ ဒီလိုသာဘမ်းနေရင် တသက်လုံးမိမှာမဟုတ် ဘူး၊ ဓါတ်ငွေ့
ပါတဲ့ ယမ်းတောင့် နဲ့ ပစ်ဘမ်းရင်တော့ ရချင်ရမလား မသိပါဘူးကွာ" ဟု
ညည်းမိရှာတော့၏။
ထိုခဏ၌ မီးပုံကြီးထဲသို့
မြေစိုင်ခဲကြီးတစ်လုံး အုံးကနဲ ကျလာလေ၏။ ကိုဘိုးကွန်းလည်း ခဲလာရာ သို့
မှန်းကာ တစ်ချက်ပစ်ပြန်ရာ နောက်ထပ်မြေစိုင်ခဲနှစ်လုံး ကျပြန်၏။
သေနတ်တစ်ချက်ပစ်ပြန်ရာ နောက်ထပ် မြေစိုင်ခဲလေးလုံး ကျလာ၏။ သို့နှင့်
တချီထက်တချီ မြေစိုင်ခဲတွေ တဆတဆတိုး၍ ကျ လာရာ ကဟုန်းဟုန်း တောက်နေသော
မီးပုံကြီးမှာ မြေစိုင်ခဲတို့ ဖုံးလွှမ်းမိ၍ မီးရောင်ပျောက်ကွယ်
မှေးမှိန်ပြီး မှောင်ကြီးကျသွားလေ၏။ မီးရောင်မှိတ်သွားသောအခါ၌မူကား
မြေစိုင်ခဲများ ကျမလာ တော့သဖြင့် အတော်သက်သာရာရသွားလေ၏။ မီးကို
ထပ်ထည့်မည်ကြံမိရာ တချို့က မြေစိုင်ခဲ တွေကျလာမှာ စိုးရိမ်သည့်အတွက်
မှောင်ထဲမှာပင် ထိုညအဘို့ လူစောင့်နှင့်လဲ၍ အိပ်ကြရန် တိုင် ပင်ကြ လေ၏။
အားလုံးအညောင်းပြေလှဲမိကြသောအခါ
လေအေးကလေးကလည်း တသုံသုံ တဖြူး ဖြူးတိုက်လာလေ၏။ လေအေး ထဲမှာ
အလွန်ဆိုးဝါးပုပ်ဟောင်လှသော လူသေကောင်ပုပ်နံ့ကဲ့သို့ အနံ့ဆိုးကြီးတစ်ခု
ပါလာ လေရာ ကိုဘိုးကွန်း တို့ လူစုမှာ အသက်မရှုနိုင်အောင်
ပုပ်ဟောင်နံစော်ခြင်း ကြောင့် တဝေါ့ဝေါ့ဖြစ် နေကြသောကြောင့်
မည်သူမျှအိပ်မပျော်နိုင်ကြတော့ပေ။ အချိန်ကား ကြာ လေကြာလေ ညဥ့်နက်၍ လာလေ၏။
တောသံတောင်သံများဟိန်းလာပြီး တောတန်းတောင်တန်း တါင်
မှီတင်းနေထိုင်ကြကုန်သော သတ္တဝါကြီးငယ် တို့၏ ဟိန်းဟောက် ညည်းညူသံတွေလည်း
ဆူညံလာလေ၏။ ကျားဟိန်းသံ၊ သစ်ကြုတ်သံ၊ ဝက်ဝံအော်သံတွေ တချက်တချက် အဝီစိပွက်သ
လို ညံလိုက်လျှက်၊ တခါတရံလည်း တောကျီး တောငှက် တွေ လန့်ဖြတ်ပြိုကြသော
အသံကိုကြားရ ရာ၊ ကိုဘိုးကွန်းတို့လူစုမှာ လူတွေများ ပါလျှက်
အသက်ရှူမှားအောင် ကြောက်အားပိုမိကြလေ၏။
ထိုခဏ၌ပင်
၎င်းတို့နှင့် မလှမ်းမကမ်းနေရာဆီမှ တောခွေးအတွေ ဝမ်းနည်းကြေကွဲစွာ အူကြသော
အသံတွေ ပေါ်လာလေ၏ ကိုဘိုးကွန်းလည်း အရပ်လေးမျက်နှာ မှောင်တိုက်ထဲသို့
လှည့်ကြည့်မိ ပြန်ရာ၊ မိမိတို့နေရာ၏လက်ဝဲဘက် မှောင်တည်းတွင် မီးခဲတမျှ
နီရဲဝင်းပြောင်လှသော မျက်လုံးအစုံ ကလေး တွေ မြောက်မြားစွာကို တွေ့ရလေ၏။
မြင်ရသောမျက်လုံးနီရဲရဲကလေးတွေမှာ အားလုံး အထက် သို့ မော်ကြည့်ကြလျှက်၊
လှုပ်လှုပ်ရှက်ရှက် အူနေကြခြင်းဖြင့် ထိုသတ္တဝါတွေမှာ တောခွေး တွေ
ဖြစ်ကြောင်း သိရ၏။
"ဟေ့... ဟေ့..
လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်ကြစမ်း၊ ဟောဟို တောခွေးတောဟာ အပေါ်မော့ကြည့်
ကြတယ်၊ သစ်ပင်ပေါ် မှာ ဘာရှိသလဲ မပြောတတ်ဘူး၊ မီးနဲ့ထိုးကြည့်ကြစမ်း"
ဟု
အမိန့် ပေး၍ အပေါ်သို့ ဓါတ်မီးထိုးကြည့်ကြရာ သစ်ကိုင်းမှ တွဲလွဲဆွဲကျနေသော
ဖြူဖြူပွပွ အရာ ဝတၳုကြီး တစ်ခု လေထဲတွင် တနွဲ့နွဲ့ တအိအိ
လှုပ်ရှားနေသည်ကို အောက်က တောခွေးများ မျှော် ကြည့်ကာ၊ အူနေသည်ကို
တွေ့မြင်ရလေ၏။
ခွေးများလည်း ဓါတ်မီးရောင်ကြောင့် လန့်ကာ ထွက်ပြေးကြလေ၏။
"ဟေ... ဘာကြီးတုံးကွ။ သေသေချာချာ မီးထိုးကြည့်ကြစမ်းပါ"
ဟု ကိုဘိုးကွန်း က ပြော၍ လက်နှိပ်ဓါတ်မီးလေးငါးခု စုပြုံ၍ ထိုးကြည့်ကြပြန်၏။
"ဟာ...
လူကြီးဘဲ ဆရာ၊ ကြိုးကြီးတန်းလန်းနဲ့ ကြိုးဆွဲချသေနေတာဘဲ၊ ဟာ...
ယောင်ဖေါလိုက် ထာကြီး ကလဲ၊ မြင်မကောင်းပါလား၊ ခြေထောက်ကြီးတွေများ
ဆင်ခြေထောက်ကျလို့။ ဟယ်... အရေတွေရော တစက်စက်ကျလို့ လောက်တွေကလဲ
တဖွားဖွားနဲ့၊ စောစောက ပုပ်စော်နံတာ ဒါကြီးက နံတာကိုး ဆရာရဲ့"
ဟု တစ်ယောက်တစ်ပေါက် ကြောက်ရွံ့အံ့သြစွာ ပြောကြလေ၏။ ကိုဘိုးကွန်းလည်း ရုပ်လက္ခဏာ ကို သေသေချာချာကြည့်ပြီး
"ဟေ့...
လက်ကဓါးကြီးလဲ ဆုပ်ထားရက်ပါကလား၊ ဝတ်ထားတာကလဲ နံငယ်ပိုင်း၊ ဘယ့်နှယ်
ကြောင့် ဒီလောက်မြင့်တဲ့သစ်ပင်ကြီးပေါ်တက်ပြီး၊ ခေါင်ဖျားကြီးကနေ
ကြိုးဆွဲချရပါလိမ့်။ အို... ငါ အခုမှ သတိရတယ်။ ဘိုးဒန်နဲ့ မတူလားဟေ့။
မျက်နှာကို သေသေချာချာ မီးထိုးပြကြစမ်း"
ဟု ဆိုရာ မီးများမျက်နှာဆီသို့စု၍ ထိုးကြရာ၊ ဖေါယောင်ဖောင်းပွနေသော ဘိုးဒန်၏မျက်နှာကြီးကို တွေ့ရလေ၏။
ဤတွင်မှအားလုံး
ဘိုးဒန်လူသတ်ထွက်ပြေး၍ တောပုန်းလုပ်ရင်း ကြိုးဆွဲချသေဆုံးကြောင်း ရိပ်မိ
ကာ၊ မိမိတို့တွေ့ရသော ဘိုးဒန်မှာ စွဲလမ်းသောဇောကြောင့် အယူတိမ်း၍
အစိမ်းသေတစေၦသရဲအ ဖြစ်နှင့် ဇက်ရဲလက်ရဲ ပြုမူချောက်လှန့်နေကြောင်း
ကောင်းစွာအရည်လည်ကြတော့လေ၏။ ရာဇ ဝတ်အုပ် ကိုဘိုးကွန်းအား
အထက်အစိုးရများထံသို့ ဘိုးဒန် သေဆုံးနေကြောင်း၊ ရွာတွင်တွေ့ရ သော
ဘိုးဒန်မှာ နာနာဘာဝဖြစ်ကြောင်း၊ မှန်တိုင်း အစစ်ခံလျှင်၊ အထက်အရာရှိတွေက
တစေၦသရဲ ယုံချင်မှယုံမည်။ သည်တော့ ဆုငွေလဲရ နာမည်ကောင်းလဲရအောင်၊
ဘိုးဒန်ကို မိမိတို့အစွမ်းနှင့် အသေရအောင် ဘမ်းခဲ့ ရသည်ဟု အစီရင်ခံရန်နှင့်
အလောင်းပုံစံကို ဆေးရုံသို့ယူလာရန် အကြံရ လေ၏။
တပည့်များနှင့်တိုင်ပင်ကာ
ပုပ်ပွနံစော်လှသော အလောင်းကြီးကို သယ်ယူသွားရန်၊ ညချင်း ပင် ကြိုးဆွဲချ
ထားသောကြိုးကို သေနတ်နှင့်ချိန်၍ ပစ်လိုက်ရာ၊ အလောင်းကြီးမှာ ကြိုးပြတ်ပြီး
ဘုံး ကနဲကျလာလေ၏။ အလောင်းကြီး သည် မြေပေါ်သို့ရောက်သည်နှင့် တပြိုင်နက်
ရုတ်တရက်ထိုးထိုးထောင်ထောင် ထလာသော လှိုဏ်သံပါသော အသံကြီးတမျိုးနှင့်
ဟစ်အော်ပြီး၊ လက်ကားယား ခြေကားယားကြီးနှင့် ကိုဘိုးကွန်း နောက်သို့
လိုက်လေရာ၊ ကိုဘိုးကွန်းနှင့် ပုလိပ်သားများလည်း၊ တခါမှ မကြုံဘူးသည့်
ကြောက်မက် ဘွယ်ရာကြီး တွေ့ရသောကြောင့် ငယ်သံပါအောင် ဟစ်အော် ကြကာ ဖနောင့်
နှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးခဲ့ကြလေ၏။
ကိုဘိုးကွန်း
မှာ အကြီးအမှူးဖြစ်သော်လည်း အကြောက်ဆုံးဖြစ်၍ ရှေ့ဆုံးကပြေးခဲ့သော်လည်း၊
ထပ်ကြပ် လိုက်ပါလာသော အလောင်းကြီးကို မရှောင်သာဘဲ၊ ခလုပ်တိုက်လဲရာက
ကုန်း၍ထနေရ သည်တွင် နောက်မှ ကျန်ရစ်ခဲ့ပြီး၊ အလောင်းကောင်ကြီး
မိမိကိုယ်ပေါ်သို့ ခွစီးမိသည့်အချိန်ကစ၍ သတိမရဘဲ မေ့မြော သွားလေရာ၊
နောက်တစ်နေ့ နေ့ခင်းပုလိပ်များ တောနင်းရှာမှ မေ့မြောပြီး
အလောင်းကြီးနှင့်အတူ လဲနေသည်ကို တွေ့ကြရတော့သဖြင့် အလောင်းရောလူပါ
မြို့ဌာနသို့ သယ်ပိုး လာပြီး ဖြစ်သမျှကို အစအဆုံး ပုလိပ်အမှုထမ်းများက
အစီရင်ခံကြရလေ၏။
ကိုဘိုးကွန်းကား
ဆရာဝန်များကုသပေးခြင်းဖြင့် သတိရလာသော်လည်း သည်းခြေပျက်ခါ အရူးကြီး
လုံးလုံး ဖြစ်သွားရရှာလေ၏။ သားမယားနှင့် မိဘဆွေမျိုးများမှာ တဆရာမကောင်း၊
တဆရာပြောင်း ဆိုသလို၊ ဝဋ်ဟောင်းဖြင့်ကြေ ဝဋ်သစ်ဖြင့်ပြေပါစေဟူသော
စိတ်ထားနှင့် ကြိုးစားကုသကြရာ သုံး လေးနှစ်ရာသီ ရှိသော်လည်း သက်သာသည်မရှိဘဲ
ကိုဘိုးကွန်းမှာ သေနတ်ပစ်ပုံ အလောင်းကောင် ကြီး လိုက်လာပုံ တွေကို
ရေရွတ်မြည်တမ်းကာသာ အချိန်ကုန်ခဲ့ရှာလေ၏။
နောက်ဆုံးတွင်
ကံအားလျော်စွာ ကျွန်တော်၏ဆရာကြီးနှင့် သူတို့၏ရင်းနှီးသောမိတ်ဆွေများ တွေ့
သွား ကြရာက အစပြုလျက်၊ ဘုရားကု၊ သမားကု၊ သမာဓိကု၊ အထက်လမ်းကုနည်းဖြင့်
ကုစားခဲ့ရာ ယခုအခါ ကိုဘိုးကွန်း မှာ
ကောင်းစွာပျောက်ကင်းချမ်းသာသွာ”းရှာပြီး သူတော်သူမြတ်အဖြစ်နှင့် ဘဝခရီးကို
ရုန်း တော့မည်ဟု ဆုံးဖြတ်ခါ အစိုးရအလုပ်ကိုလည်း ပြန်ဝင်ခြင်းမပြု။
သားမယားကို လည်း လျစ်လျူရှုလျက် ဥရုဝေဠချောင် တွင် ရဟန်းအသွင်နှင့်
ကမ္မဋ္ဌာန်းဝင်လျှက်ရှိရာလေတော့ သတည်း။
No comments