New Artical

ငယ်ငယ်ရွယ်ရွယ်နဲ့ မအိုချင်ရင် ဒါတွေရှောင်


ငယ်ငယ်ရွယ်ရွယ်နဲ့ မအိုချင်ရင် ဒါတွေရှောင်

ဇရာအရ အိုမင်းတာကိုတော့ လူတိုင်း မဖြစ်မနေခံစားကြရမှာပါပဲ။ ဒါပေမဲ့ တစ်ချို့လူတွေက ရှိတဲ့အသက်အရွယ်ထက် ပိုပြီးအိုနေတတ်ကြပါတယ်။ ဒီလိုဖြစ်ရတာဟာ သူ့ရဲ့အပြုအမူအကျင့်တွေကြောင့်ပါ။ ဒီအပြုအမူတွေကို ရှောင်ရှားလိုက်မယ်ဆိုရင်တော့ အိုမင်းတာကို တားဆီးနိုင်မှာပါ။ အဲဒါတွေကတော့…………….

📺 သက်လတ်ပိုင်းအရွယ်မှာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများ၊ တီဗီထိုင်ကြည့်တာများသူများရဲ့ ဦးနှောက်ဟာ အိုမင်းမှုမြန်ဆန်တတ်ပြီး အသက် ၄၅-၅ဝ နှစ်ရောက်တဲ့အခါ သိမှတ်မှုဆိုင်ရာ ဦးနှောက်စွမ်းရည်က ထိုးကျသွားကြောင်း တွေ့ရှိထားပါတယ်။

🚷 တစ်ညလျှင် ကိုးနာရီထက် ပိုမိုအိပ်စက်ခြင်း၊ တစ်နေ့လျှင် ၇ နာရီထက် ကြာရှည်စွာထိုင်ခြင်း၊ တစ်ပတ်လျှင် မိနစ် (၁၅ဝ) လောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမပြုလုပ်ခြင်းတို့က လူတစ်ယောက်၏ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ကို ၄ ဆမြင့်တက်စေကြောင်း လေ့လာမှုများကဆိုထားပါတယ်။

🛌 အိပ်ရေးဝအောင် အိပ်လေ့မရှိသော အမျိုးသမီးများရဲ့ အရေပြားကျန်းမာရေးဟာ အတော်ပင်နိမ့်ကျနေပြီး အိုမင်းရင့်ရော်မှု လက္ခဏာများဖြစ်တဲ့ အရေးအကြောင်းများပေါ်ခြင်း၊ ပါးရေတွန့်ခြင်း၊ တင်းတိပ်၊ မှဲ့ခြောက်များထွက်ခြင်း၊ အရေပြား တင်းရင်းမှု လျော့နည်းလာခြင်းတို့ကို စောစီးစွာခံစားရတတ်ပါတယ်။

😠 အာဃာတထားခြင်း၊ နာကျည်းမုန်းတီးစိတ်များခြင်း၊ ခွင့်မလွှတ်တတ်ခြင်း၊ အမှတ်အတေးများခြင်းစတဲ့ စိတ်နေစိတ်ထားများဟာ အသက်တိုစေကြောင်း သုတေသနအချို့က တွေ့ရှိထားပါတယ်။ ဒီစိတ်နေစိတ်ထားများဟာ သွေးတိုးစေသလို နှလုံးခုန်မြန်စေပြီး စိတ်ဓာတ်ကျခြင်း ခံစားမှုများအထိ ဖြစ်စေနိုင်ပါတယ်။

♿ ထိုင်ခုံတွင် ခါးကိုမတ်မတ်မထားဘဲ ပျော့တိပျော့ခွေ (သို့) ခါးကုန်း၍ ထိုင်လေ့ရှိသူများဟာ ငယ်ငယ်ရွယ်ရွယ်နှင့် ခါးနာ၊ ဇက်ကြောတက်၊ တင်ပါးကိုက်ခဲခြင်းတို့ကို ခံစားရတတ်ပါတယ်။

Credit:

No comments