New Artical

လူငယ်များအတွက်

 


အတော်ဆုံးမဟုတ်ရင်လည်း ကြိုးစားနေသူတော့ဖြစ်ပါစေ ...

ဆာလောင်နေတဲ့ဗိုက် ငွေမရှိတဲ့ ပိုက်ဆံအိတ်နှင့် ကျိုးပဲ့နေတဲ့ နှလုံးသားဟာ ဘဝရဲ့ အကောင်းဆုံး သင်ခန်းစာတွေကို သင်ကြားပေးနိုင်ပါတယ်။

နေလိုတောက်ပချင်ရင် အရင်ဆုံး နေလိုပူလောင်မှုကို ခံနိုင်ရည်ရှိရပါမယ်။ နာကြင်မှုကို မေ့ပစ်လိုက်ပါ။ သို့သော် သင်ခန်းစာကိုတော့ သိမ်းထားလိုက်ပါ။

တန်ဖိုးရှိတဲ့အရာတွေက လွယ်ကူစွာမရနိုင်ပါဘူး။ ပင်ပန်းကြီးစွာကြိုးစားရပါမယ်။ အောင်မြင်မှုဟာ တည်မြဲနေမှာ မဟုတ်သလို ကျရှုံးမှုဟာလည်း သေစေနိုင်တာ မဟုတ်ပါဘူး။ ဆက်လျှောက်ဖို့ သတ္တိတွေရှိနေဖို့ကသာ အဓိကပါ။

သင့် တန်ဖိုးက သင့်အလုပ်အကိုင်ထက် သင့် လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်ပါတယ်။ အတော်ဆုံး မဖြစ်ရင်နေပါစေ ကြိုးစားနေသူတော့ ဖြစ်ပါစေ။

ဒီနေ့ဟာ ခက်ခဲမယ် နောက်တစ်နေ့ ဒီ့ထက်ပိုခက်ခဲမယ် နောက်ထပ်နောက်ထပ် အခက်ခဲပေါင်းများစွာကို
အစွမ်းကုန်ကျော်ဖြတ်ပြီးတဲ့ခါ ပျော်ရွင်မှုနေရောင်ခြည်ကို မြင်ရမှာ မုချပါ။

သင့်ရဲ့ ရှေ့မှာ ကျောက်တုံးတွေ ပိတ်ဆို့နေရင်တောင် အဲ့ဒီကျောက်တုံးတွေကို လှေကားထစ်လုပ်ပြီး အပေါ်ကို  တက်လှမ်းလိုက်ပါ။

#လူငယ်များအတွက်

No comments