New Artical

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ ( ၁၀) မျိုး


ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့ အချက်တွေနဲ့လည်း အများကြီး ဆက်နွယ်နေပါသေးတယ်။ မိန်းမတစ်ယောက်ဟာ ယောကျာ်း တစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံး ဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ 
 
ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
 
၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ
သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်း သိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူ ပျော်ရွှင်မှုတွေကို အတူခံစားပေး တတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။
 
၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ
သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန်တွေရှိနေပါစေ သင့်ကို သင့်ရဲ့ပတ်၀န်းကျင်အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံတောက်ပစေပါတယ်။
 
၃။ သဘာအလှလေးနဲ့ အေးချမ်းတဲ့မိန်းမ
သူမရဲ့အလှဟာ ပန်းလေးတစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှုရှိပါတယ်။ သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့ အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်း ငြင်သာ နေပါလိမ်မယ်။ သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကိုအေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ်။
 
၄။ ဦးနှောက်ပြေးတဲ့မိန်းမ
သူမဟာ အင်မတန်မှ ထိုးထွင်းဥာဏ်ရှိပြီး သင်အခက်ခဲလေးတစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့သူမျိုးပါ။ စီးပွားရေးလုပ်တဲ့အခါမှာလည်း သင့်ကိုနောက်ကွယ်ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိူးပါ။
 
၅။ ပေါ့ပေ့ါပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့မိန်းမ
ဒီလိုမိန်းမတွေဟာ သင်ဘာပဲလုပ်လုပ် အမြဲတစေ ယုံကြည်ချက်အပြည့်နဲ့ အားပေးတတ်ပါတယ်။ သင်အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာမဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။ အရမ်းစိတ်ညစ် နေတဲ့အချိန်မှာ သင့်ကို နွေးထွေး စွာအားပေးပါလိမ့်မယ်။ သူ့ရဲ့သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှချက်ချင်းတောင် ပြန်ထထိုင်နိုင်လောက်အောင် သူမစွမ်းဆောင်နိုင်ပါလိမ့်မယ်။
 
၆။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့မိန်းမ
သူမဟာ အင်မတန်မှ မိမိကိုယ်ကို အမြဲလိုလို အပြင်ဆင်ပိုင်းမှာရော ဂုဏ်သိက္ခာပိုင်းတွေမှာပါ ခြယ်သ ပြင်ဆင်နေလေ့ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့်သင်နံမည်ပျက်စေမှာ မဟုတ်သလို အသိုင်းဝိုင်းရှေ့ထွက်တဲ့အခါမှာလည်း သူ့ကြောင့်သင်ဟာ အလိုလိုနေရင်းနဲ့ ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျတ် ပစ်တတ်ပါတယ်။
 
၇။ တာ၀န်ယူတတ်တဲ့မိန်းမ
သူမဟာ သင့်ရဲ့၀င်ငွေထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲစီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာသုံးပြီး သင့်ကိုဘယ်တော့မှ စား၀တ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်မှ တိကျပြီး တာ၀န်ယူစိတ်အပြည့်လည်း ရှိတတ်ပါတယ်။
 
၈။ စကားပြောဆို ကျွမ်းကျင်တဲ့မိန်းမ
သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ်ကမ်းခပ် ကျွမ်းကျင်တတ်ပြီး အပေါင်းသင့်ဆံ့တဲ့သူ ဖြစ်ပါလိမ့်မယ်။ သူမနဲ့စကားပြောလိုက်တိုင်း လူတိုင်းစိတ်ချမ်းသာရပြီး ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်း စွဲဆောင်နိုင်ပါတယ်။ သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့်ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
 
၉။ ဆုံးဖြတ်ချက် ပြတ်သားတဲ့မိန်းမ
သူမဟာ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အင်မတန်မှ ပညာသားပါပြီး အရာရာ စိတ်ချရပါတယ်။ ဘယ်တော့မှ သေးသေးမွှားမွှားကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီမရောက်စေပဲ ဖြေရှင်းတတ်ပါတယ်။သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့မှမထိခိုက်စေပဲ အိမ်မှုကိစ္စတွေပါ သူတစ် ယောက်တည်း ဖြစ်အောင်စီမံတတ်ပြီး သင့်ကိုအလုပ်လုပ်တဲ့နေရာမှာ စိတ်အပြည့်၀ရအောင် လွှတ်ထားပေးတတ်ပါတယ်။
 
၁၀။ ခေတ်အမြင်ရှိတဲ့မိန်းမ
သူမဟာ အင်မတန်မှ ခေတ်နဲ့လျောညီစွာနေထိုင်တတ်ပြီး အနေထိုင်တည်ငြိမ်တတ်ပါတယ်။ အများသူငှာနဲ့ သဟဇာတရှိပြီးသင်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေနဲကလည်း ကျေလည်စွာဆက်ဆံတတ် ပါတယ်။ သင်မိတ်ဆက်ပေးလာသမျှ လုပ်ဖေါ်ကိုင်ဖက်မိန်းကလေးတွေကိုလည်း ဘယ်တော့မှ သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်းဖြစ်အောင် ဆွဲဆောင် သိမ်းသွင်းတတ်ပါသေးတယ်။
 
Credit

No comments