New Artical

စလေ ရုပ်စုံကျောင်း

 စလေရုပ်စုံကျောင်း (သို့မဟုတ်) စလေမြို့၏အဖိုးတန်






စလေရုပ်စုံကျောင်း သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ စလေမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခု ဖြစ်သည်။ ကုန်းဘောင်ခေတ် စာဆိုတော် ဦးပုည၏ မွေးရပ်မြေဇာတိဟု လူသိများပြီး သမိုင်းမှတ်တမ်း အထောက်အထားများအရ ဒုတိယပုဂံဟု တင်စားခေါ်ဝေါ်ကြသည့် စလေမြို့သို့ ပြည်တွင်းပြည်ပမှ ဧည့်သည်အများအပြား လာရောက်လျက် ရှိနေသည့်အတူ စလေမြို့၏ အထင်ကရနေရာတစ်ခု ဖြစ်သော ပန်းပုရုပ်စုံကျောင်းသို့ သွားရောက်လေ့လာ ကြည့်ရှုနေကြသည်။



စလေပန်းပုရုပ်စုံကျောင်းတော်ကြီးကို စလေမြို့နေ ဦးဘိုးကြည်နှင့် ဇနီး ဒေါ်ရွှေသက်တို့က ခရစ်နှစ် ၁၈၈၂-ခု၊ မြန်မာနှစ် ၁၂၄၄-ခုတွင် စတင်တည်ဆောက်ခဲ့ကာ ခရစ်နှစ် ၁၈၉၂-၊ မြန်မာနှစ် ၁၂၅၄-ခုတွင် ပြီးစီးလှူဒါန်းခဲ့ပြီး ကျောင်းတော်ကြီးမှာ အလျားပေ ၁၅၀၊ အနံ ၈၉-ပေရှိကာ သစ်သားတိုင်လုံးပေါင်း ၁၅၄-လုံး ရှိသည်။




ကျောင်းတော်ကြီး၏ ပန်းပုရုပ်စုံပေါင်း ၄၅-ရုပ်နှင့် အဆောင်ပေါင်း ၆ ဆောင်ကျန်ရှိနေပြီး ၁၉၉၅-ခုနှစ်တွင် စလေဒေသအနီးတစ်ဝိုက်မှ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသရန်အတွက် ရှေးဟောင်းသုတေသနပြတိုက်အဖြစ် စတင်ဖွင့်လှစ် ပြသခဲ့သည်။ ယခုလက်ရှိအချိန်တွင်လည်း စလေပန်းပုရုပ်စုံကျောင်းတော်ကြီးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက် ရှိသည်။



စလေပန်းပုရုပ်စုံကျောင်းတော်ကြီးသို့ ဝင်ရောက်လေ့လာပါက ပြည်တွင်းဧည့်သည်များကို ဝင်ကြေးအခမဲ့နှင့် နိုင်ငံခြားသား ဧည့်သည် တစ်ဦးလျှင် ၅၀၀၀-ကျပ်နှုန်း ပေးဆောင်ရပြီး အပတ်စဉ် တနင်္လာနှင့် အစိုးရရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။  မီတာ(၃၀) အရှည်ရှိပြီး (၁၂၄၀) မီတာ အကျယ်အဝန်းရှိသော ရုပ်စုံကျောင်းသည် ၎င်း၏ရှပ်ထွေး၍ သေသပ်လှပသော လက်မှုနှင့် ပန်းပုလက်ရာများအား ကြည့်ရှုလေ့လာရန် ကမ္ဘာတစ်ဝန်းလုံးမှ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည်။



စလေ ရုပ်စုံကျောင်းသည် မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ်အတွင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည့် စ လေမြို့သည် ပုဂံမြို့မှ တောင် ဘက်သို့ ၃၄ မိုင်၊ ချောက်မြို့မှ တောင်ဘက်သို့ ငါးမိုင် ကွာဝေးပြီး ပုဂံမှ မော်တော်ကားဖြင့်သွားလျှင် မိနစ် ၉၀ ကြာမြင့်သည်။ စလေ ဦးပုည၊စလေဆီးသီးနှင့် စလေရုပ်စုံကျောင်း တို့သည် စလေမြို့နှင့်စပ်လျဉ်း၍ တင်ရှားသည့် အမှတ် လက္ခဏာများဖြစ် ကြပေ သည်။



မြန်မာနိုင်ငံအတွင်းရှိ များပြားလှသော ဘုန်းတော် ကြီးကျောင်းများအနက် ဗုဒ္ဓဖြစ်တော်စဉ်များ၊ ၅၅၀ နိပါတ်တော်လာ ဇာတ် ခန်းများကို သရုပ်ဖော်ထုလုပ် ထားသည့် သစ်သားပန်းပုရုပ်များဖြင့် အလှဆင်ထား သော ကျောင်းများကို ရုပ်စုံကျောင်းများဟုခေါ်ဆို သည်။



စလေရုပ်စုံကျောင်းတွင် ထုလုပ်ထားသည့် သစ်သား ပန်းပုရုပ်များသည် ရတနာပုံခေတ် ၁၉ ရာစု လက်ရာ များဖြစ်ပြီး အနု ပညာလက်ရာ အထူးကောင်းမွန် သဖြင့် စလေရုပ်စုံကျောင်းသည် အခြားရုပ်စုံကျောင်း များထက် ပိုမို ထင်ရှားခဲ့သည်။ စလေရုပ်စုံ ကျောင်း အတွင်း ဗုဒ္ဓရုပ်ပွားတော် မျိုးစုံ၊သစ်စေးသုတ်ဗီဒိုမျိုးစုံ၊ စလေဦးပုည၏ လက်ရေးမူ ပေပုရပိုက်များ စသည့် ရှေးဟောင်း အထောက် အထားပစ္စည်းများကို ထိန်းသိမ်းထားရှိသည်။



စလေရုပ်စုံကျောင်းတော်ကြီး၏ အထင်ရှားဆုံးသောအရာမှာ အနုစိတ်ပြီး သေသပ်လှပတဲ့ ရှေးဟောင်းလက်ရာ များပဲဖြစ်ပါတယ်။ ဝရန်တာလက်ရန်းတစ်လျှောက်တွင် ငါးရာ့ငါးဆယ်ဇာတ်တော်ထဲမှ ဇာတ်ကွက်များ နှင့် ရာမဇာတော်မှ ဇာတ်ကွက်များကို အသေးစိတ် ပုံဖော်ထားပါသည်။ ပြဿဒ်၊ အမိုးချွန်းလက်ရာတွေ ‌‌‌ရှေးခေတ်လက်ရာ အုတ်လှေကား၊ သစ်သားနှင့် ထွင်းထုထားသော တံခါးမကြီးတွေ၊ ရှေးဟောင်းဆင်းတုတော်တွေ၊ ဒေါင်းလန်းကြီးတွေ၊ ဆွမ်းအုပ်တွေနှင့် သရိုးမံထားတဲ့ ယွန်းစာတိုက်ပုံးတွေ၊ ကျောင်းတော်ကြီး လှူဒါန်းခဲ့စဉ်က ကျောင်းထိုင်ဖြစ်တဲ့ ဂိုဏ်းထောက်ဆရာတော်ကြီးရဲ့ ဝေါယာဉ် စတဲ့ ရတနာပုံခေတ် အသုံးအဆောင် ပစ္စည်းတွေကို လေ့လာနိုင်မှာပါ။ ဒါ့အပြင် စနူဆောင်၊ ဘောဂဆောင်၊ ကျက်သရေခန်း အစရှိတဲ့ မြန်မာ့ရိုးရာ ဘုန်းကြီးကျောင်းတွေရဲ့ အဆောင်အခန်း ဖွဲ့စည်းပုံကိုလည်း မြင်တွေ့ကြရမှာပါ။





မြန်မာယဥ်ကျေးမှု အနုလက်ရာများကို မြတ်နိုးတန်ဖိုးထား သူများ ပန်းပုလက်ရာတွေကို လေ့လာချင်တဲ့ သူ‌တွေစရာတွေနဲ့ ‌ရှေးခေတ်လက်ရာများကို နှစ်သက်တဲ့သူတွေအတွက် စလေရဲ့ အဖိုးတန် စလေရုပ်စုံကျောင်းဟာ အချိန်ကုန် လူပင်ပန်းခံရတာနဲ့ ထိုက်တန်လှပါတယ်။ ပုဂံကို သွားလည်ကြမဲ့ သူတွေအတွက် စလေမြို့ကိုဝင်ရောက် လေ့လာကြည့်ရှုကြဖို့ အကြံပြုလိုက်ရပါသည်။




#Credit: wikipedia

             Internet စာမျက်နှာများမှ စာစုအချို့

             Photo from Internet,wikipedia

ကိုဖြိုး(ဧရာမြေ)

No comments