New Artical

(၁)။ ဝ မရှိဘဲ ဝိ မလုပ်မိကြစေနှင့်



 (၁)။ ဝ မရှိဘဲ ဝိ မလုပ်မိကြစေနှင့်

***************************

တရားကျင့်လတ် ယောဂီမြတ်တို့ 

သိမှတ်စရာ အချက်မှာကား 

မြတ်စွာဗုဒ္ဓ သုံးလူ့ဘ၏ 

ဓမ္မရတနာ မြိုက်ရသာသည် 

လွန်စွာမျိုးမှန် အဖိုးတန်၏။ 

မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်သို့ 

အမြန်ရောက်လို ယောဂီပျိုတို့ 

ဝန်တိုနည်းပါး သဒ္ဓါများလျှက်

စကားမပြော ဂါရဝေါနှင့် 

သဘောစင်ဖြူ၊ ခန္တီကူလျက် 

ဖြူစူကင်းကွာ အဘိဇ္ဈာဖြင့် 

မဝါမက္ကာ မပလွှားဘဲ 

တရားသက်ဝင် အပြစ်စင်အောင် 

ဆင်ခြင်တိုင်းထွာ နေကြရာ၏။

 လေ့လာတရား မထင်ရှားဘဲ 

လူများရှေ့မှာ ပါပိစ္ဆာဖြင့် 

ကြွားဝါလေမြင့် နှုတ်ကဖွင့်၍ 

ဘာဆင့်ညာဆင့် အသံလွှင့်လျက် 

လာဘ်ပွင့်စေကြောင်း မပြောကောင်းရှင့်

 ကံကောင်းကူမ လုံ့လထောက်ပင့် ပါရမီရင့်၍ 

ထိုက်သင့်သလောက် ဉာဏ်မြင်ပေါက်လည်း 

စိန်ကျောက်ပမာ လျှို့ဝှက်စွာဖြင့် 

ပြောရာပြောသင့် ခါအခွင့်၌ 

ပြောသင့်သူသာ ပြောကြရာ၏။

 မြတ်စွာသနင်း တရားမင်းက 

သားရင်းတို့ကို သနားပို၍ 

မဂ်ဖိုလ်အနီး အထင်ကြီးအောင် 

ယီးတီးယားတား ငါ့ချစ်သားတို့ 

ဝါကြွားလိမ်ခွေ မပြောလေနှင့်

စိန္တဗုဒ္ဓ စက်ဆုပ်လှဟု 

ဝိနယပညတ် သိမှတ်စေရန် မိန့်တော်ပြန်သည် 

ဝေဖန်အကျယ် သိလေတည်း။....


• ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်၏

  ကဗျာ့နန်းတော် စာအုပ်မှ ဓမ္မကဗျာများကို 

  ပြန်လည်ရေးသားပူစော်သည်။


ကိုဖြိုး(ဧရာမြေ)



No comments