New Artical

ရဝေရှင်ထွေး

 #ရဝေရှင်ထွေး



ရေဝ ရှင်ထွေးသည် ကေတုမတီ တောင်ငူရွှေနန်းတည် မဟာဓမ္မရာဇာမင်း (သက္ကရာဇ် ၉၄၆-၉၇၁ ခုနှစ်)၏ နန်းတွင်း ကိုယ်လုပ်တော်ဖြစ်သည်။ တောင်ငူမြို့ကို အနောက်ဘက်လွန် မင်းတရားကြီး အလိုတော်ပြည့်လျှင် ရဝေရှင်ထွေးကို အင်းဝသို့ ခေါ်ဆောင်သွား၍ အင်းဝတွင် နန်းတွင်းစာဆိုအဖြစ် ခစားရ သည်။ ရဝေရှင်ထွေးဟူသော အမည်သည် အင်းဝသို့ရောက်မှ ရသောအမည် ဖြစ်သည်။ ရေဝ-နန်း၊ ရှင်ထွေး-မေထြး၊ နန်းတွင်းသူ မေထြးဟူ၏။


အချို့ကလည်း စာဆိုသူ မထွေး၏အမည်မှန်မှာ ရေဝေရွာ ဇာတိဖြစ်သည်ကို အစွဲပြု၍ ရေဝေရှင်ထွေး ဖြစ်သည်ဟု ဆို သည်။ စာဆိုတော်ဦးမင်းသည်လည်း ရေဝေရွာသားပင် ဖြစ်၏။ ရေဝေရှင်ထွေးဟူသော အမည်သည် စေလဦးပုည၊ ကျည်းကန် ရှင်ကြီး၊ ဝံတောင်လယ် ဘုန်းတော်ကြီးတို့ကဲ့သို့ ဇာတိကိုလိုက် ၍ တြဲ မှည့်ဆိုသောအမည်မျှ ဖြစ်သည်ဟုလည်း ဆိုသည်။ အနောက်ဘက်လွန်မင်းတရားကြီးသည် တောင်ငူမြို့ကို အလိုတော်ပြည့်လျှင် နတ်သျှင်နောင်ကိုပင် လက်အောက်ဘုရင်ခံ အဖြစ် ထားခဲ့၍ အင်းဝသို့ ပြန်တော်မူ၏။ နတ်သျှင်နောင် လည်း အနောက်ဘက်လွန် မင်းတရားကြီးသို့ ကောင်းနိုးရာရာ လက်ဆောင်များ ဆက်သမည်ဟု ရှာဖွေရာ မင်းတရားကြီး၏ ညီတော်က သီချင်းအဲအန်များတွင် ကျွမ်းကျင်သူများကို အလို ရှိပါသည်ဆို၍ နန်းတွင်းစာဆိုတော်များထဲမှ ကြိုက်ရာကို ရွေး ကောက်ခေါ်ယူသွားစေသည်တွင် ရဝေရှင်ထွေးလည်း အင်းဝသို့ ပါသွားလေသည်ဟု အချို့စာများတွင် ဆိုသည်။


ရဝေရှင်ထွေးသည် အနောက်ဘက်လွန် မင်းတရားကြီး၏ လက်ထက် (သက္ကရာဇ် ၉၆၇-၉၉ဝ ပြည့်နှစ်)တွင် အန်ချင်း တစ္ပုဒ္ကို စပ်ဆိုသည်။ ထိုအန်ချင်းသည် ရှေးပုဂံမင်းတို့ လက်ထက် အသုံးပြုသော ဥသျှောင်ထုံးနည်း ၅၅ မျိုးကို ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုခြင်းပင် ဖြစ်သည်။ ( ဆံထုံး)


ထိုအန်ချင်းကို ကြည့်ရှုခြင်းအားဖြင့် ပုဂံခေတ်က ဆံထုံး ထုံးနည်းများကို သိရသည်။ ရှေးခေတ်အခါက အပြုအမူ မ်ားကို မေ့ပျောက်တိမ်မြုပ်၍ မသွားအောင် ယင်းကဲ့သို့ အမှတ် တရ တရိုတေသ ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုဿ ဖွဲ့နွဲ့ထားခဲ့ခြင်း ဖြစ်သည်။ ဆံထုံး နည်း ၅၅ မျိုးကို ပဒအပို မပါရအောင် စေ့စပ်စွာ ချုံး၍ ဖွဲ့နွဲ့ စပ်ဆိုခဲ့ပေသည်။[၁]

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

Credit

No comments