New Artical

ရာဇဓာတုကလျာ

 ရာဇဓာတုကလျာ



မြန်မာ့သမိုင်းတွင် အလွန်လှပသည် ဟုထင်ရှားသည့် ပင်တိုင်စံမင်းသမီးတစ်ပါးဖြစ်သည်။ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီးနှင့် ရာဇဒေဝီဘွဲ့ခံ ရှင်ထွေးလှ တို့မွ ၉၂၁ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊တနင်္ဂနွေ နေ့ (12 November 1559) တွင်ဖွားမြင်သည်။ထိုနေ့သည် မဟာစေတီ၏ ဌာပနာအဖြစ် ဓာတ်တော်များကို ပူဇော်ပင့်ယူသည့်နေ့ဖြစ်သည့်အတွက် ဘုရင့်နောင်မင်းတရားကြီးက ရာဇဓာတုကလ်ာ ဟုအမည်ပေးခဲ့သည်။


၉၄၈ ခုနှစ် တွင် နန္ဒဘုရင် ယိုးဒယားသို့စစ်ချီသွားစဉ် သားတော် မဟာဥပရာဇ္က အတင်းအကျပ်သိမ်းပိုက်ကာ အိမ်ရှေ့မိဖုရားမြှောက်ခဲ့သည်။ နန္ဒဘုရင် ဟံသာဝတီပြန်ရောက်လျှင် အဒေါ် နှင့် တူဖြစ်ပြီး မောင်နှမဝမ်းကွဲတော်သည့် နှမတော်အဖြစ် ချစ်ခင်လှသည့်အတွက် မဟာဥပရာဇ္အား ပြင်းထန်စွာ ဆူပူသေးသည်ဟုသိရသည်။ ၉၅၄ ယိုးဒယားတိုက်ပွဲတွင် မဟာဥပရာဇ္က်ဆုံးရာ မုဆိုးမ ဖြစ်ရလေသည်။ သို့သော် အသက် ၄၀ ကျော်အရွယ်ရောက်လျှင် တူဝမ်းကွဲတော်စပ်သည့်တောင်ငူအိမ်ရှေ့စံ နတ်သျှင်နောင် ကနှစ်သက်မြတ်နိုးပြန်သဖြင့် ၉၆၄ ခုနှစ် နှောင်းတန်ခူး ၁၀ရက်၊ သောကြာနေ့ (21 March 1603) တွင် အိမ်ရှေ့မိဖုရားဖြစ်လာပြန်သည်။သို့သော် အိမ်ရှေ့မိဖုရားအဖြစ်ရောက်ပြီး ၇ လမျှအကြာ (November 1603) တောင်ငူတွင် ကွယ်လွန်လေသည်။

Credit to original

No comments