New Artical

နှာခေါင်းပိတ် ရောဂါ နှင့် ကြက်သွန်ဖြူ


 နှာခေါင်းပိတ် ရောဂါ

နှာခေါင်း ပိတ် ရခြင်း အကြောင်းအမျိုးမျိုးအနက် မွေးရာပါ နှာခေါင်းတွင်း အကန့်ရွှဲ့စောင်း နေသောကြောင့် လည်ကောင်း၊ အအေးမိနှာစေးစေသော ဗိုင်းရပ်စ် ပိုးကြောင့်လည်ကောင်း၊ မိမိနှင့် မတည့်သည်ကို ရှူမိ ထိမိသည်ကြောင့် လည်ကောင်း၊ နှာခေါင်းပတ်လည်တွင် ရှိသော အရိုးခေါင်းအတွင်း ရောင်ရမ်းခြင်း ကြောင့်လည်ကောင်း၊ နှာခေါင်းထဲအသီးဖြစ်သော ရောဂါကြောင့်လည်းကောင်း၊ နှာခေါင်းထဲဆေးအလွန် ထည့်ခြင်းကြောင့်လည်းကောင်း နှာခေါင်းပိတ်တတ်ပါသည်။

ဆေးနည်း ၁

ကြက်သွန်ဥ အဖြူ မကြီးမသေး (၃)ဥ ကို နံနက်အိပ်ရာထသည်နှင့် ဝါးပြီးမြိုချပါ၊ ဆေးဖြစ်အောင် စားသည် ဖြစ်သောကြောင့် ရအောင်စားပါ၊ နေ့တိုင်း စားပေးရပါမည်။ ပျောက်ကင်းသည်အထိ စားပေးရပါမည်။ နောက် ဘယ်တော့မှ နှာပိတ်ခြင်းမဖြစ်တော့ပါ။

ဆေးနည်း ၂

ဆားထည့်ဖျော်ထားသော ရေကို အပူပေး အငွေ့ကိုရှူပေးပါ။


ကြက်သွန်ဖြူ  အသုံး၀င်ပုံ

ကြက်သွန်ဖြူ စားရင် ပါးစပ် နံတတ်တာကြောင့် ကြက်သွန်ဖြူကို မစားဘဲ ရှောင်ရှားနေမိပါသလား။ ကြက်သွန်ဖြူ စားလို့ ပါးစပ်နံတာကို တရုတ်နံနံ၊ သံပုရာသီးနဲ့ လိမ္မော်ခွံ စတာတွေကို စားပေးရင် အနံ့ဆိုး သက်သာနိုင်ပါတယ်။ သွားချေးတွေ ကင်းစင်စေပြီး ကိုလက်စထရော များတာနဲ့ ချောင်းဆိုးတာလို ကျန်းမာရေး ပြဿနာတွေကို ကင်းစင်စေဖို့ ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။

ကြက်သွန်ဖြူ အကြောင်း သိနားလည်ပါ

ဆိုဒီယမ် မှီဝဲမှုကို လျှော့ချနိုင်ဖို့ အတွက် ကြက်သွန်ဖြူကို စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ဝယ်ပြီးချိန်မှာ အာနိသင် မပျက်ပြယ်စေဖို့ အေးမြ ခြောက်သွေ့ပြီး မည်းမှောင်တဲ့ နေရာမှာ ထားပေးပါ။ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး ရရှိစေဖို့ အတွက် အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးပါ။

           အရင်ဆုံး အခွံခွာပါ ကြက်သွန်ဖြူကို အခွံခွာပြီး အချိန် အနည်းငယ်ကြာမှ စားပါ။ ကြက်သွန်ဖြူက လေနဲ့ ထိတွေ့ပြီးမှ ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေကို ပိုထွက်လာစေပါတယ်။

             ကြက်သွန်ဖြူကို လှီးဖြတ်ပြီး ၁၀ မိနစ်ခန့်ထားပါ ကြက်သွန်ဖြူကို လှီးဖြတ်ပြီးချိန်မှာ စဉ်းနှီတုံးပေါ်ကို ၁၀ မိနစ်လောက် ထားပေးပါ။ ကြက်သွန်ဖြူဟာ သွေးတိုးကို ကျစေတဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။ 

            ကြက်သွန်ဖြူသည် ဆီး၀မ်းကိုရွှင်စေပြီး ခွန်အားကိုဖြစ်စေပါတယ်။ မျက်စိကိုလည်း အကျိုးပြုပါတယ်။ သွေး၊ သည်းခြေကိုလည်း တိုးပွားစေပါတယ်။ လေနှင့် သလိပ်ကိုလည်းနိုင်ပါတယ်။ နှလုံးရောဂါ၊ နာတာရှည်ရောဂါနှင့် ၀မ်းဗိုက်အောင့်ခြင်း၊ ချုပ်ခြင်း၊ ခံတွင်းမကောင်းခြင်း၊ ချောင်းဆိုးခြင်း အစရှိသည့် ရောဂါများကို နိုင်နင်းပါတယ်။

     သည့်အပြင် ဥတလုံးကြက်သွန်ဖြူရဲ့ သေးငယ်သော အစိတ်အပိုင်းတခုကို နားတွင် ထည့်ထားပါက နားကိုက်ခြင်းကို ပျောက်ကင်းစေပါတယ်။ နောက်ဆုံးအချက်ကတော့ မြွေအစရှိသော အဆိပ်အမျိုးမျိုးတို့ကို ကာကွယ်ရန်လည်း အသုံးပြုကြပါတယ်။

    ကြက်သွန်ဖြူဟာ သွေးတိုးတာကို လျှော့ချနိုင်ပါတယ်။ နှလုံးရောဂါကိုလည်း ကာကွယ်နိုင်ပြီး၊ နားကိုက်တာကိုလည်း ကုသ နိုင်ပါတယ်။ ကိုယ်ခံအားကို တိုးတက်စေပြီး သွေးလှည့်ပတ်မှုစနစ်ကိုလည်း ကောင်းမွန်အောင် နှိုးဆွပေးပါတယ်။ သွေးထဲမှာရှိတဲ့ သကြားပမာဏကိုလည်း ပုံမှန်ဖြစ်စေရန် ကူညီပေးပါတယ်။ ဆီးချိုရောဂါကိုလည်း ကုသနိုင်ပါတယ်။ 

    သည့်အပြင် အအေးမိရောဂါနဲ့ အဖျားရောဂါ တို့ကိုကုသတဲ့ နေရာမှာလည်း ကျယ်ပြန့်စွာ အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ စားခြင်းအားဖြင့် အသည်းကိုလည်း ကောင်းမွန်စေပါတယ်။ သဘာ၀အရလည်း ကြက်သွန်ဖြူကို ကပ်ပါးပိုးမွှားတွေက ကြောက်ရွှံ့ပါတယ်။ ဒါကြောင့် ရိုးရာဆေးနည်း အဖြစ်လည်း ကပ်ပါးရောဂါတွေကို ကုသရန်အတွက် အသုံးချပါတယ်။

သတိပြုသင့်သောအချက်များ

ခွဲစိတ် ကုသခံပြီးခါစနဲ့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရပြီးတဲ့အခါတွေမှာ ကြက်သွန်ဖြူ အသုံးပြုသင့်ခြင်းကို သတိထား သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူဟာ သွေးထွက်ခြင်းပမာဏကို များလာနိုင်စေပါတယ်။ ကိုယ်၀န်ဆောင်စဉ် နဲ့ ကလေးနို့တိုက်စဉ် ကာလတွေမှာလည်း ကြက်သွန်ဖြူ စားသုံးခြင်းကို သတိထား သင့်ပါတယ်။ ကြက်သွန်ဖြူဟာ အခန့်မသင့်ရင် အစာမကြေခြင်း၊ အစာအိမ်နာခြင်းတို့ ဖြစ်စေနိုင်ပြီး၊ ထွက်လာတဲ့ နို့ရည်အရသာကို ကလေး မကြိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

Credit

1 comment:

  1. 2xbet korean online casinos - legalbet.co.kr
    The best place to gamble online is the 2xbet korean 바카라 사이트 online deccasino casino, which is one of 1xbet the best casinos online. The game is one of the best gambling games.

    ReplyDelete