New Artical

ပြောင်းဖူးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ


ဘီကိုဇင့် အားဆေးက ဝယ်လို့တောင် မရတော့ဘူးဆို ? စိတ်မပူကြပါနဲ့ ဇင့်ဓာတ်တွေ အများကြီးပါတဲ့ ပြောင်းဖူးကိုပဲ  ဈေးထဲကနေ လွယ်လွယ်ကူကူ ဝယ်စားကြဖို့ တိုက်တွန်းလိုက်ပါတယ် ...

အရိုးရှင်းဆုံးအရာတွေဟာ တခါတလေမှာ အကောင်းဆုံးအရာတွေဖြစ်နေတတ်ပါတယ် .. ဒီအချိန်ဈေးထဲမှာ... ပြောင်းဖူးတွေ အရမ်းပေါပါတယ် ..

ပြောင်းဖူးရဲ့ အကျိုးကျေးဇူးများ 

၁) ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များဖြစ်ကြတဲ့ ဖော့စဖရပ်စ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့် နှင့် သံဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

၂) ဖော့စဖရပ်စ်ဓာတ်ဟာ ကယ်စီယမ်ဓာတ်ထက် ပို၍ အရိုးကို ကျန်းမာစေပါတယ်။

၃)ပိုတက်စီယမ်ဓာတ်ဟာလည်း သွေးနီဥအတွင်းရှိ ဓာတ်ပစ္စည်းများ ပြုလုပ်ရန်အတွက်   ဆိုဒီယမ် နဲ့ သံဓာတ် တို့ထက် ပို၍ ကောင်းမွန်ကြောင်း သိရှိရပါတယ်။

၄) အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်တဲ့  အင်တီအောက်ဆီဒင့် လည်းဖြစ်ပါတယ်။

၅) အဝါရောင် ပြောင်းဖူးစေ့ဟာ အမြင်အာရုံ အတွက် အလွန်ကောင်းစေ ပါတယ်။

နှံစားပင်တွေ အထူးသဖြင့် ပြောင်းဖူးမှာ antioxidant ပေါကြွယ်ဝစွာ ပါဝင်ကြောင်း အခိုင်အမာဆိုပါတယ်။ ပြောင်းဖူးမှာ အာဟာရအာနိသင်နဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာပါဝင်ပြီး ဗီတာမင်-အေ၊ ဘီ၊ အီး တို့ရဲ့ ပင်မအရင်းအမြစ်ဖြစ်ပါတယ်။

• အယ်လ်ဇိုင်းမားရောဂါ ထိရောက်စွာ ကာကွယ်ပေးခြင်း။
• ကိုယ်အလေးချိန်တက်ခြင်းမှ ထိရောက်စွာ ကာကွယ်ပေးခြင်း။
• နှလုံးသွေးကြောဆိုင်ရာရောဂါအန္တရာယ် လျှော့ကျစေခြင်း။
• ဆီးချိုနဲ့ သွေးတိုးရောဂါ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးခြင်း။
• စအိုသွေးကြောယောင်ရောဂါမှ ပြန်လည်သက်သာစေနိုင်ခြင်း။
• အရိုးအဆစ်များ ကျန်းမာသန်စွမ်းစေခြင်း။
• အစာခြေလုပ်ငန်း ပုံမှန်လည်ပတ်စေခြင်း။
• အရေပြားနဲ့ အမြင်အာရုံနှစ်ခုစလုံး ကောင်းမွန်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ခံစားရရှိမှာ ဖြစ်ပါတယ်။

Credit

No comments