New Artical

အခုခေတ်လူငယ်တွေ အိမ်ထောင်စောစောမပြုကြတော့တဲ့ အကြောင်းရင်းများ


ဒီနေ့ခေတ်လူငယ်တွေဟာ အိမ်ထောင်ပြုဖို့၊ မိသားစုထူထောင်ဖို့ကို ဝန်လေးကြပြီး တစ်ယောက်တည်း နေဖို့ကိုပဲ ပိုပြီးရွေးချယ်ကြပြီး အိမ်ထောင်စောစောပြုဖို့လည်း သိပ်ပြီးမစဉ်းစားကြတော့တာကိုတွေ့ရပါတယ်။ အခုခေတ်လူငယ်အများစု အိမ်ထောင်စောစောပြုဖို့ ဝန်လေးတတ်ကြတဲ့ အကြောင်းရင်းတွေက ဒါတွေကြောင့်ပဲ ဖြစ်ပါတယ်။
 

ကုန်ကျစရိတ်တွေကကြီးလွန်းတယ်

အခုခေတ်က နေစရိတ်၊စားစရိတ်နဲ့ တခြားသော ကုန်ကျစရိတ်တွေက ကြီးလွန်းပါတယ်။ တစ်ယောက်စာ လုံလုံလောက်လောက်ရပ်တည်ဖို့တောင် မလွယ်ကူတဲ့ခေတ်ကြီးမို့ နှစ်ယောက်ပေါင်းပြီး ဒုက္ခမခံကြတာပါ။ အိမ်ထောင်ပြုလိုက်တဲ့အခါ ကုန်ကျမယ့် စရိတ်စကတွေများလွန်းတာကြောင့် အိမ်ထောင်ပြုဖို့ မစဉ်းစားတော့တာပါ။ အထူးသဖြင့် ကိုယ်ပိုင်ဝင်ငွေမရှိသေးတဲ့ အသက်အရွယ်မှာပေါ့။
 

အခုခေတ်အမျိုးသမီးတွေက အမျိုးသားတွေလိုပဲအလုပ်များကြတယ်

အရင်ခေတ်တွေတုန်းက အမျိုးသမီးတွေက အိမ်မှုကိစ္စတွေသင်ယူမယ်၊ အရွယ်ရောက်လာရင် အိမ်ထောင်ပြုပြီး အိမ်ထောင်ထိန်းသိမ်းမယ်၊ သားသမီးတွေမွေးပြီး ကလေးတွေကို ပြုစုပျိုးထောင်မယ် ၊ ဒီလိုမျိုး ရှင်သန်ကြ ပါတယ်။ အခုခေတ်မှာတော့ အမျိုးသမီးအများစုက ပညာတွေလေ့လာသင်ယူကြတယ်၊ လုပ်ငန်းတွေကို ဦးဆောင်ကြတယ်၊ ယောကျာ်းတစ်ယောက်ကို မှီခိုဖို့ထက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြတယ်။

ဒီအချက်ကလည်း အခုခေတ်လူငယ်တွေ အိမ်ထောင်ပြုဖို့ နောက်ကျရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
 

အချစ်စစ်ကိုရှာဖို့စိတ်အားထက်သန်လာကြတယ်

အခုခေတ် လူငယ်တွေက စိတ်ခံစားချက်ကို အလေးထားလာကြပြီး လောကကြီးထဲမှာ အချစ်စစ်တကယ်ရှိတယ်လို့ လက်ခံကြပြီး ကိုယ့်အတွက်စစ်မှန်တဲ့အချစ်ကိုတွေ့ဖို့ စိတ်အားထက်သန် ကြပါတယ်။ ဒီတစ်ယောက်ကိုချစ်ပြီး ဒီတစ်ယောက်ကိုလက်ထပ်တာထက် သူဟာကိုယ့်အတွက် စစ်မှန်တဲ့ အချစ်ဟုတ်၊မဟုတ်ဆိုတာကို ဆန်းစစ်ချင်ကြပါတယ်။ အိမ်ထောင်တစ်ခုတည်ထောင်ဖို့ထက် အချစ်စစ်ကိုရှာဖို့ ပိုပြီး စိတ်အားထက်သန်ကြတာကြောင့် လွယ်လွယ်နဲ့အိမ်ထောင်မပြုကြခြင်းဖြစ်ပါတယ်။
 

ရုန်းကန်လှုပ်ရှားတဲ့ဘဝကိုရွေးချယ်ကြတယ်

အိမ်ထောင်ပြုပြီး ပုံသေကားချပ်ဖြစ်သွားတဲ့ဘဝထက် ရုန်းကန်လှုပ်ရှားရတဲ့ဘဝ၊ ကိုယ်တိုင် စွန့်စားရတဲ့ ဘဝမျိုးကို ပိုရွေးချယ်လာကြတာကြောင့် အိမ်ထောင်ပြုတဲ့လမ်းကို သိပ်မရွေးချယ်ကြတော့တာပါ။
 

အိမ်ထောင်ရေးရဲ့ဖိစီးမှုတွေကိုမလိုချင်ကြတော့ဘူး

အိမ်ထောင်ရေးရဲ့ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေရှင်းမယ့်အစား အဲ့ဒီအတွက်အသုံးပြုမယ့် energy တွေကို ကိုယ့်ရဲ့အလုပ်အတွက်၊ စီးပွားရေးအတွက် အသုံးချလိုက်မယ်လို့ တွေးတဲ့သူတွေဖြစ်သွားပါပြီ။ ဒါကြောင့် အိမ်ထောင်ပြုဖို့ထက် လွတ်လွတ်လပ်လပ်နေပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ကိုပဲ ပိုရွေးချယ်လာကြတာပါ။

Credit

No comments