New Artical

ကြောင်လျှာသီးရဲ့ ဆေးဖက်ဝင် အစွမ်းများ


ကြောင်လျှာသီး ဆိုတာ

ခပ်ရှည်ရှည် ခပ်ထူထူ ပုံစံရှိပြီး အစိမ်းရောင် ဒါမှမဟုတ် အညိုရောင် ရှိပါတယ်။ အရသာက ခါးသက်သက် ပူရှိန်းရှိန်းလေး ရှိပါတယ်။ အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင်ပြီးစားတာ၊ ပါးပါးလှီး ဆားနဲ့နယ်၊ ရေသချာဆေးပြီး ပဲမှုန့် ဆီချက် တို့နဲ့ သုပ်စားတာ၊ ဆန်ဆေးရည်ဆားတို့နဲ့ အချဉ်စိမ်ပြီး စားတာမျိုး လုပ်စားလို့ရရပါတယ်။

“ဆံပင်ဖြူတွေ” ကို တစ်ခါပြန်နက်စေမယ့် ကြောင်လျှာသီး အစွမ်း


ဆံပင်ဖြူကိုဆိုးဆေးမသုံးပဲပြန်မနက်နိုင်ဟုထင်ကြသည်။ကြောင်လျှာသီးကို ပေါ်သောရာသီတွင်နှစ်လခန့် နေ့စဉ်ပြုပ်၍အတို့အမြှုပ်လုပ်၍၎င်း။ကြော်ချက်အဖြစ် ၎င်း။မီးဖုတ်ပြီးကြက်ဥနှင့်ရောကြော်၍၎င်းတစ်နည်း နည်းဖြင့် နေ့စဉ်စားသုံးပေးလျှင်ဆံပင်ဖြူများပြန်နက်လာစေနိုင်သည်။

ကြောင်လျှာပွင့် အခြောက်များကို ပေါသောရာသီတွင် ဝယ်ယူစုဆောင်းပြီး စဉ်အိုးငယ်တွင် သိပ်၍ တစ်နှစ်လုံး သိမ်းဆည်းထားနိုင်သည်။ အပွင့်ကို ရေနွေးဖျော၍ သုပ်စားလျှင် လေဆက်စေသည်ဟု ရှေးလူကြီးများ ပြောသည်။ လေအားကောင်းစေသည်။ နားလေထွက်ခြင်း။ နားပင်းခြင်း။ အသက်ကြီး၍ နားလေးခြင်းများ အတွက်ကောင်းပါသည်။

သွေးတိုးရှိသူများကတော့ သတိထားစား၊ သွေးကျဆေးသောက်ပါ



ဆေးကျမ်းများမှ(အဆို)


၁။ ကြောင်လျှာသီးကိုကြက်သားနှင့်ချက်စားပါကပန်း နာ(ရင်ကြပ်)ရောဂါပျောက်သည်။


၂။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ အားကိုဖြစ်စေပြီး အစာမကြေ ဝမ်းပျက် ပျောက်၏


၃။ ပုဇွန်ဖြင့်ချက်စားပါကနှလုံးလေရိုက်ရောဂါ။ နှလုံး တုန်ရင်တုန်ရောဂါပျောက်၏


၄။ ငါးသလောက်ဖြင့်ချက်စားပါကအဖောရောဂါကျစေ ၍နှလုံးရောဂါကိုသက်သာစေသည်။


၅။ ငါးမြွေတိုးနှင့်ချက်စားက ဒူလာသွေးဝမ်း။ မီးယပ်သွေးဝမ်း။ မြင်းသရိုက်(လိပ်ခေါင်း) ရောဂါတို့ ပျောက်ကင်း စေနိင်ပါသည်။


သွေးတိုးနှင့်တည့်မတည့်မေးသူများအတွက်
၁။အပူသွေးတိုး နှင့်
၂။အအေးသွေးတိုး ဟုနှစ်မျိုးရှိသည်။


အလွယ်ပြောရလျှင် လူပိန်၊ မဲများသည် အပူသွေးတိုး ရှိတတ်သည်။ သွက်လက်သည်။ ဒေါသကြီးသည်.. လူဖြူ၊ ဝ၊ စို၊ အသားအရေအေးသူများ၊ ဇိမ်ခံသူများတွင် အအေးသွေးတိုးရှိတတ်သည်။ အအေးသွေးတိုးသည် ဆီးချိုနှင့် တွဲဖြစ်တတ်သည်။

သွေးတိုးသည် လေတိုးဟုလည်းယူဆသဖြင့်. (အခါးဟူသမျှ၊လေဓာတ်ကြွ) အယူအဆအရ အခါးအရသာရှိသော အစာမှန်သမျှသွေးတိုးနိုင်သည်။ ကြောင်လျှာသီးသည် ပူ ခါး ဖြစ်သဖြင့် အပူသွေးတိုးရှိသူများမသင့်ပါ။

မသင့်သော်လည်း ဆေးဘက်ဝင်အဖြစ် အနည်းငယ် သင့်ရုံ စားနိုင်ပါသည်။ မသင်္ကာလျှင် ဆေးကြိုသောက်ထားပါ။ စာရေးသူကိုယ်တိုင် သွေးတိုးရှိပါသည်။ ကြောင်လျှာပွင့်သုပ်စားပြီး ခေါင်းမကြည်လျှင် ရှောက်ရည်နှင့်ပျားရည် ဖျော်သောက်ပါသည်။ အအေးသွေးတိုးနှင့် ဆီးချိုရှိသူများမှာ ကြောင်လျှာနှင့် တည့်ပါသည်။ အခါးအရသာဖြစ်၍ ဆီးချို သွေးချိုသမား ဓာတ်စာပေးသည်ကို တွေ့ဖူးပါသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ..  မျှတစွာနေထိုင် စားသောက် ကျင့်ကြံ၍ ကျန်းမာချမ်းသာ ကြပါစေ။

ကိုးကား။ ။ ဒေါ်မေမေပွင့် (တိုင်းရင်းမေ)ဓာတ်စာကုထုံး။ မြန်မာ့ဆေးဝါးပင်များ (မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း) လယ်.စိုက်.ရှင်း ၁၅.၅.၁၉၈၀ထုတ်။

ကြည်လွင်မြင့်(မုဒြာ)ရတနာပုံသတင်းစာ။

ကြောင်လျှာသီးရဲ့ နောက်ထပ်ဆေးဘက်ဝင်ပုံတွေကတော့



ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

ကြောင်လျှာသီးက ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။ ခန္ဓာကိုယ်ကို ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကြောင့် ထိခိုက်မှု မရှိအောင် ကာကွယ်ပေးပါတယ်။


ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတယ်

ကြောင်လျှာသီးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ထိခိုက်မှု မရှိအောင် ကာကွယ်ပေးသလို နာတာရှည်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတော်ကတွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။


ရောင်ရမ်းမှုကို သက်သာစေတယ်

ကြောင်လျှာသီးကို နာတာရှည် ရောင်ရမ်းတာကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ အဆစ်နာသူတွေအတွက် သင့်တော်တဲ့ သဘာဝဆေးတစ်မျိုးပါ။


အသည်း ကျန်းမာစေတယ်

ကြောင်လျှာသီးက အသည်း ထိခိုက်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးတွေ သောက်သုံးရတာကြောင့် အသည်း ထိခိုက်တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။


ကျောက်ကပ် ကျန်းမာစေတယ်

ကြောင်လျှာသီးက ကျောက်ကပ်မှာ ကျောက်တည်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ကျောက်ကပ် ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။ ဖလေဗာနွိုက် ပါဝင်နေပြီး ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကျောက်ကပ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။


ဆီးချို သက်သာစေတယ်

ကြောင်လျှာသီးကို ဆီးချို ကာကွယ်ဖို့ရော ကုသဖို့ပါ စားပေးလို့ ရပါတယ်။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။


ကိုယ်ခံအား ကောင်းစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ကြောင်လျှာသီး စားသုံးတာက ကိုယ်ခံအား ကောင်းစေမယ့် စားသောက်နေထိုင်မှု တစ်ခုပါ။


အစာခြေစနစ် ကျန်းမာစေတယ်

အစာခြေ အက်ဆစ်ကို ထိန်းညှိပေးပြီး ရင်ပူတာ၊ အစာမကြေတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေထိုးလေအောင့်တာတွေကိုလည်း သက်သာစေနိုင် ပါတယ်။


ကင်ဆာ ကာကွယ်ပေးတယ်

ကြောင်လျှာသီးရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက လူတိုင်း ကြောက်ကြတဲ့ ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတာပါ။ ကင်ဆာဆဲလ်တွေ မပြန့်အောင်လည်း ဟန့်တားပေးနိုင်စွမ်း ရှိပါသေးတယ်။ 

ကျန်းမာရွှင်လန်းကြပါစေ . . .

No comments