New Artical

ဝက်ကြိုက်တဲ့သူတွေအတွက် အထူးစပါယ်ရှယ် ဝက်အူအစပ်ချက်

 


ဝက်ရဲ့အူကို စပရှယ် အစပ်လေးချက်ဆိုရင် ထမင်းလည်းမြိန်သလို သိပ်လည်း မအီတော့ဘူးပေါ့။ ဝက်အူကို အစပ်လေး ချက်စားကြည့်ရအောင်။

ဝက်သားတော့ ကြိုက်တယ် အဆီ အသားတွေ မစားချင်တော့ဘဲ ဝက်ရဲ့အူကို စပရှယ် အစပ်လေးချက်ဆိုရင် ထမင်းလည်းမြိန်သလို သိပ်လည်း မအီတော့ဘူးပေါ့။ ဝက်အူကို အစပ်လေး ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်အူ- (၅၀) သား
  • ဂျင်း- အနည်းငယ်
  • ကြက်သွန်ဖြူ- အနည်းငယ်
  • ဟင်းချက်ငရုတ်ပွ- အနည်းငယ်
  • ပဲငံပြာရည်အကြည်- လက်ဖက်စားဇွန်း(၂) ဇွန်း
  • ခရမ်းချဉ်သီး- (၂) လုံး
  • ကြက်သွန်နီ- အလုံးကြီး(၁) လုံး
  • တရုတ်မဆလာ-အနည်းငယ်
  • ရှာလကာရည် -အနည်းငယ်
  • ဆီ

ဝက်အူ အစပ်ချက်

  1. ပထမဆုံး ဝက်အူကို ရေများများနဲ့ သန့်ရှင်းအောင် အထပ်ထပ် ဆေးပါ။
  2. ဝက်အူတွေ မခါးဖို့ အထူးဂရုစိုက်ပါ။
  3. ဝက်အူတွေကို သေချာဆေးပြီးရင်တော့ ဂျင်း ကြက်သွန်ဖြူ ပဲငံပြာရည် အကြည်တို့နဲ့ နယ်ပြီး နှပ်ထားပါ။
  4. အနူးလွယ်ဖို့အတွက် ရှာလကာရည် အနည်းငယ် ထည့်နှပ်ပါ။
  5. နာရီဝက်လောက် နှပ်ထားပါ။
  6. ဝက်အူနှပ်ထားတဲ့အချိန်မှာ ခရမ်းချဥ◌်သီး လှီးထားပါ။
  7. ကြက်သွန်ဖြူ ကြက်သွန်နီနဲ့ ငရုတ်ပွတောင့်ကိုလည်း ညက်နေအောင် ထောင်းထားပါ။
  8. အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနဲ့ ငရုတ်ပွတို့ကို ဆီသတ်ပါ။
  9. ဆီသတ်တဲ့အနံ့မွှေးလာရင် ခရမ်းချဥ◌်သီး ထည့်လှီးပါ။
  10. ခရမ်းချဉ်သီးတွေ ကြေသွားပြီဆိုရင်တော့ ဝက်အူကို ထည့်ပြီး မွှေပါ။
  11. ဝက်အူအနံ့ပျောက်လာပြီဆိုမှ ရေနည်းနည်းထည့်တည်ပါ။
  12. ချစ်တို့ လိုချင်တဲ့ အရသာ အချိုမှုန့် ဆား ထပ်ထည့်ပါ။
  13. ဝက်အူနူးလာပြီး ဆီပြန်လာတဲ့အထိ ထားပါ။ ပြီးရင်တော့ တရုတ်မဆလာ အုပ်ပေးပါ။

Marry

No comments