New Artical

မီးနေအိမ်မှ မီးနေအိမ်သို့

 အနိစ္စအရာ ငါ့ခန္ဓာ   ဖြစ်ခါပျက်နေသည် ။

ဖြစ်ပျက်နှစ်ဖြာ နှိပ်စက်ရာ  မကြာအိုရော့မည် ။

အိုခြင်းရင့်မာ အားပျက်ခါ   သေရွာသေဘက် ဆက်ရမည် ။

သေမင်းခေါ်ရာ ဖော်မပါ  ဗလာကိုယ်တည်း သွားရမည် ။

ငါ့မခင်ချစ် ငါ့မနှစ်   ပစ်ကြပေရော့မည် ။

မီးကြားမှလာ ငါ့ခန္ဓာ   မီးမှာဆုံးလိမ့်မည် ။

မီးဆုံးနေရာ မီးတစ်ခါ   မလာစေဖို့ အရေးကြီးသည် ... ။


ကဗျာ့နန်းတော်

မဟာဗောဓိမြိုင်ဆရာတော်

 

No comments