New Artical

စစ်အာဏာသိမ်းမှုကို အနုနည်းဖြင့်ဆန့်ကျင်မှု တချို့ရှိလာခြင်း

 


နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေ အနေနဲ့ civil disobedience လို့ ခေါ်တဲ့ ပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်ခြင်း လှုပ်ရှားမှုမှာ ပါဝင် ဆင်နွှဲကြဖို့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က တိုက်တွန်း လိုက်ပါတယ်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က နေပြည်တော်က NLD ရုံးခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာ သိမ်းမှုရဲ့ ကျိန်စာ သင့်နေပြီး အာဏာသိမ်းမှုတွေကြောင့် နိုင်ငံက ဆင်းရဲနေရကြောင်းလည်း သူက ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပြသဖို့ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေရဲ့ လှုံ့ဆော်ချက်နဲ့အတူ အင်္ဂါနေ့ ည ည ၈ နာရီမှာ ရပ်ကွက်တစ်ချို့ထဲ ၁၅ မိနစ်ကြာ ကားဟွန်းတွေတီး အိုးတွေ ခေါက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင်၊ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း ဆုတောင်းသံတွေနဲ့ အာဏာရှင် စနစ်ကို ဖျက်သိမ်းပြီး လွတ်လပ်မှုကို တောင်းဆိုတဲ့ ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ AP သတင်းဌာနက ပြောပါတယ်။

ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း IT နဲ့ တခြား ရနိုင်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး non participation လို့ ခေါ်တဲ့ မပူးပေါင်း မဆောင်ရွက်ရေး နည်းလမ်းတွေကို ပြည်သူတွေ အသုံးပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Ref : VOA

No comments