New Artical

ကြက်သွန်ဖြူမီးဖုတ်စားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ


 ကြက်သွန်ဖြူကို မီးကင် (သို့) မီးဖုတ်ပြီး စားလိုက်တဲ့အခါ ရရှိလာနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ


ကြက်သွန်ဖြူကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတစ်ခုပါနော်။ ကြက်သွန်ဖြူမှာပါဝင်သော သဘာဝ ဂုဏ်သတ္တိတွေဟာရောဂါများစွာကို ကုသပေးနိုင်ပြီးတော့ ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ်မှာ ကျယ်ကျယ် ပြန့်ပြန့်သုံးနေတာပါ။

ကိုလက်စထရောပမာဧကို လျှော့ချပေးပါတယ်နော်။ မီးဖုတ်ထားတဲ့ (သို့) မီးကင်ထားတဲ့ကြက်သွန်ဖြူ ၆ မွှာကို နေ့စဉ်စားသုံးပေးတာက ကျန်းမာရေးကို များစွာအထောက်အကူပြုနေပါတယ်။

၂နာရီမှ ၄ နာရီအတွင်းမှာ ကင်ဆာဆဲလ်တွေကို စတင်တိုက်ဖျက် ပေးပြီးတော့ တခြားရောဂါတွေ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ 

၄ နာရီမှ ၆ နာရီအတွင်းမှာ ခန္တာကိုယ်အတွင်းမှာ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။၆ နာရီမှ ၇ နာရီအတွင်းက ကြက်သွန်ဖြူမှာ ပါဝင်တဲ့ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေက ခန္တာကိုယ်အတွင်းမှာတွေ့ရတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။ 

၆ နာရီမှ ၁၀ နာရီအတွင်းမှာ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အဟာရဓါတ်တွေဟာ ဓါတ်တိုးမှုကို ကာကွယ် ပေးနိုင်ပြီးတော့ အရွင်တင် နုပျိုစေပါတယ်နော်။

၁၀ နာရီမှ ၂၄ နာရီအတွင်းမှာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်နော်။အရိုးတွေကို သန်မာစေပါတယ်။ သွေးပေါင်ချိန် မှန်စေပါတယ်။အဆီတွေကို ဖယ်ရှားပေးပါတယ်။ ကိုလက်စထရောပမာဏကို ထိန်းချုပ်ပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အမောခံနိုင်ပြီးတော့ အားကစား ပိုလုပ်နိုင်လာပါတယ်။

No comments