New Artical

အသည်းရောဂါအတွက် ဆေးဖက်ဝင် ဆူးပဒေါင်းပင်(သို့)မိကျောင်းအံဖတ်

 


(ဆူးပန်းတောင်းပင်)ဆူးပဒေါင်းပင် (သို့) မိကျောင်းအံဖတ်ပင်၏ အသည်းရောဂါအတွက် ဆေးဖက်ဝင်ပုံ

အသည်းရောဂါကြောင့် တစ်ကိုယ်လုံး ဖောယောင်ပြီး ဒုက္ခခံစားနေတဲ့ ဝေဒနာရှင်များအတွက် သဘာဝ ဆေးပင်တစ်မျိုးကို မျှဝေပေးလိုက်ချင်ပါသည်။ လက်တွေ့သောက်သုံးပြီး အမှန်တကယ် ပျောက်ကင်း ခဲ့သည့်အတွက် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။ ၎င်းဆေးပင်အမည်မှာ အညာဒေသအခေါ် ဆူးပဒေါင်းပင် (ဆူးပန်းတောင်းပင်)၊ အောက်ပြည်အခေါ် မိကျောင်းအန်ဖတ်ပင် ဖြစ်ပါသည်။



ဆူးပဒေါင်းပင်ဟာ အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပြီး လယ်ကွင်းစပ်၊ တောစပ်အနီးတို့တွင် တွေ့ရတတ်ပါသည်။ အပင်တွင် ဆူးအနည်ငယ် ပါသည်။ အောက်ပိုင်းမှာဆိုလျှင် ဟင်္သာတမြို့နှင့် ရန်ကုန်လှည်းကူးတို့တွင် အလွန်ပေါပါသည်။ အပင်၏ ပုံစံကို ပုံနှင့်တကွ တွဲ၍ ဖော်ပြပေးလိုက်ပါသည်။



ဆေးနည်း – ဆူးပဒေါင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူပါ။ အမြှစ်ပေါ်မှ မြေကြီးများ၊ ရွှံ့များ စင်ကြယ်သွားအောင် ရေထဲကို စိမ်ထားပြီး စင်ကြယ်အောင် ၃-၄ ကြိမ်ခန့် ဆေးပေးပါ။ ၎င်းအပင်၏ ပဉ္စငါးပါးကို အပိုင်းပိုင်း ခုတ်ပြီး ရေ ၃ ခွက် ၁ ခွက်ကျန်အောင် ကျိုပါ။ ဆေးရည်အရောင်ဟာ ညိုမည်းမည်းအရောင်ထွက်လာပါလိမ့်မည်။ ၎င်းဆေးကျိုရည်ထဲကို ဒိုပါလာသကြားကို အမှုန့်ကြိတ်၍ အနည်းငယ်ထည့်ပြီး သောက်ပါ။ (ဒိုပါလာသကြားကို ဘယဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်)။ ဆေးရည်သောက်ပြီးလျှင် ဆီးခဏခဏ သွားပါလိမ့်မည်။ တစ်နေ့တစ်အိုး ကျိုသောက်၍ ၃ ရက်ခန့် သောက်ပြီး ရောဂါသိသာစွာ သက်သာပျောက်ကင်းပါလိမ့်မည်။ 


၎င်းဆူးပဒေါင်းပင်ကို နေရိပ်တွင် အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့ ရေနွေးခတ်သောက်နိုင်ပါသည်။ အသည်းရောဂါများသာမကပဲ ကျောကပ်ရောဂါနှင့် ဆီးရောဂါများ အတွက်လည်း ပြန်လည်ကောင်းမွန် လာစေပါသည်။

အနာရောဂါကင်းဝေးပြီး ကျန်းမာ ချမ်းသာကြပါစေ...

No comments