New Artical

စီးပွားတက်မည့် အိမ်ဆိုတာ


စီးပွားတက်မည့် အိမ်ရေဆန်အိမ်တို့ဆိုတာ ဒီလိုအိမ်မျိုးတွေပါ အိမ်၏ခေါင်းရင်း နေအိမ်သည် မိမိအိမ်ထက် မြင့်မည် ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင် အိမ်ပုခက်ဟု ခေါ်သည်။ နေသောမိသားစုသည် စီးပွားတက်၏။ 
ကိုယ့်အိမ်ခေါင်းရင်း  အိမ်ကအမိုးနိမ့်မည် ။ကိုယ့်အိမ်ခြေရင်း ကလဲအမိုးနိမ့်မည် ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မား နေပါက အိမ်မြင့်မိုရ်ဟုခေါ်သည်။ လူကြီးမိဘတို့ကိုခေါင်းရင်းဘက်ထား၍ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏။

ကိုယ့်အိမ်၏ခေါင်းရင်းက မြင့်မည်။ ကိုယ့်အိမ်၏ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက အိမ်တောင်တန်း ဟုခေါ်သည်။ တစ်စိမ့်စိမ့် စီးပွားဖြစ်၏။ 

ကိုယ့်အိမ်၏ ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ခြေရင်းအိမ်က မြင့်နေပါက စီးပွားအသည်းအသန် ရှာရတတ်သည်။ ရေဆန်အိမ်ဟုခေါ်သည်။ ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။ 

ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသော အိမ်ရှိနေပါက ထိုအိမ်ကို ဘုရားဆောင် ရွှေ့ခြင်း သို့မဟုတ် အိမ် အမိုးထပ်မြှင့်ခြင်း ပြုအပ်၏။ မကျန်းမမာဖြစ်တတ်၏။ ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည်။ သတိထားအပ်၏။

ကိုယ့်အိမ်၏ ဘေးဘယ်ညာ အိမ်တို့မှဆူညံစကား ပြင်းသော အသံချဲ့စက် ဆောင်းဘောက်စ်အသံ အဆဲအဆို နူတ်ကြမ်းတမ်းခြင်း ပြုလုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်း အိမ်ဟုခေါ်သည်။ အမင်္ဂလာ အသံကြားတွင် ညပ်နေ၍ဖြစ်၏။ မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။ 

အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်း ငွေအချေးအငှား အလွန်ပက်စက်၍ ပြန်ဆပ်လျှင် လက်အလွန်ခက်သော သူတို့နှင့်နေထိုင်ရပါက မရှိပါဟူသောစကားကို လိမ်ညာပြောတတ်ရ၍ သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံ ထိမ်းထိမ်းသိမ်းသိမ်း သတိထား ပြောရတတ်၏။ ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။

No comments