New Artical

လောက်သေရွက်နှင့် အဆုတ်သန့်မယ်


 ဆေးလိပ်သောက်သူများ လောက်သေရွက်ဖြင့် သန့်စင်နိုင်ပါတယ်

 ဆေးလိပ်သောက်ခြင်းမှာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်သည်ကိုသိကြပါသည်။ထိုသို့ သိကြသော်လည်း ဆေးလိပ်စွဲနေပြီး ဆေးလိပ် မဖြတ်နိုင်ကြသူများ အတွက်ဆေးလိပ်စွဲမြဲစွာ သောက် သုံးခဲ့ပြီး ဆေးလိပ် ဖြတ်သူများလည်း အဆုတ် သန့်ရှင်းအောင်ပြုလုပ်ရန် သင့်လျှော်သောနည်း ဖြစ်ပါသည်။နည်းစနစ်မှာ အောက်ပါနည်းဖြင့် ပြုလုပ်ရပါမည် လူတိုင်းနီးပါး သိရှိသော လောက်သေပင် မှလောက်သေရွက် (၅) ကျပ်သား ခူးယူပြီးရေမတ်ခွက် သုံးခွက်နှင့် ပြုတ်ကျိုပါ။ ရေမတ်ခွက် တစ်ခွက်စာ ကျန်လျှင်အအေးခံ စစ်ယူပြီး ထိုပြုတ်ရည်အား တစ်နေ့တည်းကုန်အောင် သောက်ပေးပါ။

ထိုသို့ (၅) ရက်ဆက် တိုက်သောက်ပေးလျှင် ဆေးချိုး၊ ဆေးချေး(ကြေး) များကွာကျပြီး အဆုတ်သန့်ရှင်းသွားပါလိမ့်မည်။ဆယ်ရက်ခန့်အထိဆက်တိုက် ပြုလုပ် သောက်နိုင်ပါ သည်။ဆေးချိုး (ကြေး) များကွာကျသွားလျှင်အသက်ရှူ ၍ ပိုမိုကောင်းမွန် လာပြီးသိသာစွာ လန်းဆန်း ပေါ့ပါး လာပါလိမ့်မည်။ အထက်ပါ နည်းစနစ်က အဆုတ်တွင် အနာပေါက်သူ၊ တီဘီရောဂါကိုပင်တစ်လမှ သုံးလအထိ ဆက်တိုက်မှန်မှန် သောက်ပေးခြင်းဖြင့် အဆုတ်နာရောဂါသက် သာပျောက်ကင်းသူ ရှိခဲ့ပါသည်။ထို့အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲအဆုတ်ကို စင်ကြယ် ကောင်းမွန်စေပါသည်။

No comments