New Artical

ဘယ်လိုမှ မချမ်းသာနိုင်တဲ့ နိုင်ငံ


ဘယ်လိုမှ မချမ်းသာနိုင်တဲ့ နိုင်ငံ

ရန်ကုန်မှာ ခရမ်းချဉ်သီးတစ်ပိဿာကို ၁၅ဝဝကျပ် အထက်မှာ ဝယ်စားရတယ်။ တောင်သူတွေက ရောင်းတော့ တစ်ပိဿာကို ၂၀၀ ကျပ်တဲ့။ အဲ့တော့ တောင်သူတွေက မရောင်းဘဲ နွားကျွေး ပစ်တယ်။  သူတို့ရောင်းရတဲ့စျေးက အရင်းကျေဖို့ မပြောနဲ့ ခူးခတောင် ပြန်မရ ဘူးတဲ့။ တောင်သူတွေဟာ ဒီလိုမျိုး နှစ်တိုင်း ခံစားနေကြရတယ်။ မြန်မာပြည်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ တောင်သူတွေ။ ဒီတောင်သူတွေအတွက် စျေးကွက် မရှိဘူး။ အာမခံချက် မရှိဘူး။  ဒါတွေ မဖန်တီးနိုင်ဘဲ ဒီတိုင်းပြည် ဘယ်လိုမှ မချမ်းသာနိုင်ဘူး။

photo-မြန်မာတောင်သူကြီးများဂျာနယ်

No comments