New Artical

မျက်ကွင်းညိုတာကို ဘယ်လိုဖြေရှင်းမလဲ

 

မျက်ကွင်းညိုတာကို ဘယ်လိုဖြေရှင်းမလဲ

 ကျွနု်ပ်တို့မှာ တစ်ခါတလေ မျက်လုံးတစ်ဝိုက်ညိုမည်းတာကို ခံစား ကြရတတ်ပါတယ်။ ဒါက တစ်ခါတစ်ရံမှာ ကျွနု်ပ်တို့ရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေကိုတောင်ပျက်စီးစေပါတယ်။ ဒါကြောင့် မျက်ကွင်းညိုတာ တွေကို ပျောက်အောင်ကုသပေးဖို့လိုပါတယ်။

** ပထမဆုံးပြုလုပ်ဖို့ လိုအပ်တာက အစားအသောက်နဲ့ဘဝနေထိုင်မှု ပုံစံတွေက မှန်ကန်ဖို့ လိုပါတယ်။

** မျက်လုံးပတ်လည်တွေမှာ ညိုလာတယ်။ တစ်နည်းအားဖြင့် မျက်ကွင်းတွေညိုလာတယ်ဆိုတာ အိပ်ရေးမဝလို့ ဒါမှမဟုတ် အရည် အသွေးနိမ့်တဲ့အလှကုန်ပစ္စည်းတွေကို အသုံးပြုလို့ပါ။

*** ဒီပြဿနာကိုဖြေရှင်းနိုင်တဲ့ အိမ်တွင်းကုထုံးအချို့ကို စုစည်း တင်ပြ ပေးလိုက်ပါတယ်။

(၁) ရေခဲကပ်ခြင်း
ရေခဲအတုံးလေးတွေကိုပလတ်စတစ်အိတ်တစ်ခုထဲထည့်လိုက်ပါ။ ထိုပလတ်စတစ်အိတ်ကို မျက်လုံးပေါ်နဲ့ မျက်လုံးအောက်ဖက်မှာ ၅ မိနစ်ခန့်တင်ထားပါ။

(၂) သခွားသီး
သခွားသီးနဲ့ ကုသခြင်းကလည်း ဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုပါ။ လတ်ဆတ်တဲ့သခွားသီးကို အဝိုင်းလိုက်လှီးဖြတ်ပြီး မျက်လုံးပေါ်မှာ မိနစ် ၃၀ လောက်တင်ထားပေးပါ။ ဒီနည်းလမ်းက မျက်လုံးတစ်ဝိုက်က အညိုအမည်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

(၃) ပူဒီနာရွက်
ပူဒီနာရွက်ကလည်း မျက်လုံးအောက်မည်းတာနဲ့ မျက်ကွင်းညို တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ပူဒီနာရွက်အနည်းငယ်ကို ကျိတ်စက် (Blender) ထဲထည့်၍ ကျိတ်လိုက်ပါ။ ထိုအနှစ်များကို မျက်လုံးပေါ်ကိုအုပ်ကာ ၁၅ မိနစ် – မိနစ် ၂၀ ခန့်ထားပါ။ ထို့နောက် ပူဒီနာရွက်အနှစ်များကိုခွာ၍ ရေဆေးချပါ။

(၄) လက်ဖက်ခြောက်အိတ် (Tea Bags)
မျက်ကွင်းညိုတာကို နောက်ထပ်ကုသနိုင်တဲ့နည်းလမ်း တစ်ခု ကတော့ Tea Bag ရေနွေးအိတ်လေးတွေကပ်ပေးတာပါ။ Tea Bag အိတ်ကို ရေနွေးထဲခဏစိမ်လိုက်ပါ။ ထို့နောက် ထိုရေနွေးအိတ်ကို မျက်စိပေါ်မှာ ၁၅ မိနစ်လောက်ထားလိုက်ပါ။

(၅) အာလူး
အာလူးကို ပါးပါးလှီးပြီး ကျေအောင်ချေပါ။ ထို့နောက် မျက်လုံးပေါ်မှာ ပတ်တီးစပါးပါးကိုတင်ပြီး ကျိတ်ချေထားသော အာလူးများကို ထိုပတ်တီးစပေါ်တင်လိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးနောက် အာလူးများကိုဖယ်၍ သန့်စင်လိုက်ပါ။ ထို့နောက် ဗီတာမင် A နှင့် E ခရင်မ်ကို လိမ်းပေးပါ။

ပန်းသွေးခြယ်
Ref : fashionbeautynews.com

No comments