New Artical

ကြက်သွန်နီအစွမ်း


ကြက်သွန်နီအစွမ်း

 ကြက်သွန်နီဟာ မြန်မာ့မီးဖိုချောင်မှာမရှိမဖြစ်ပါ။ ဒါ့အပြင် ကြက် သွန်နီမှာ ကွာစီတင် Quercetin ခေါ် ဘိုင်အိုဖလေဗင်နွိုက် တစ်မျိုး ပါဝင်ပါတယ်။ ယခုအခါ ကွာစီ တင်ကို အပင်ကရတဲ့ ဆေးဘက် ဝင်အားဆေးတစ်မျိုးအဖြစ် ဈေး ကွက်မှာ ရောင်းချနေပြီဖြစ်တယ်။ အချို့သော သုတေသနများအရ ကွာစီတင်မှာ သဘာဝအင်တီဟစ် တာမင်းတစ်မျိုးဖြစ်သော ရာသီ အလိုက်ဖြစ်ပေါ်လာတတ်တဲ့ ဓာတ် မတည့်မှုများကြောင့် ခံစားရတဲ့ ဝေဒနာများ လျော့ပါးသက်သာစေ ပါသတဲ့။ ဒါ့အပြင် ကြက်သွန်နီမှာ အရောင်အရမ်းမဖြစ်အောင် ကာ ကွယ်ပေးနိုင်တဲ့ အင်တီအောက်စီး ဒင့်များစွာပါဝင်လို့ အပူအအေး ပြင်းထန်ဆိုးဝါးတဲ့ရာသီတွေမှာ သင်စားမည့်ဟင်းလျာ မည်သည့် အမျိုးအစားမဆို ဓာတ်မတည့်ဖြစ် ခြင်းမှ ကြိုတင်ကာကွယ်ထားတဲ့ အနေဖြင့် ကြက်သွန်နီကို ထည့် သွင်းချက်ပြုတ်ပြီး စားကြရန် တိုက် တွန်းလေ့ရှိတယ်။ ကြက်သွန်နီ စားရင် အနံ့မကောင်းဟု ယူဆသူ တွေအဖို့ ကြက်သွန်နီ (အစိမ်း) စားပြီးရင် သွားတိုက်၊ ပလုတ်ကျင်း ရန် လိုပါတယ်။ ကြက်သွန်နီ အစိမ်းတွင် ချက်ပြုတ်ပြီး ကြက် သွန်နီထက် ကွာစီတင် ပို၍ မြောက်မြားစွာ ပါဝင်ပါတယ်။ ကြက်သွန်မြိတ်လို့ခေါ်တဲ့ ကြက် သွန်နီပင်ပေါက်လေးတွေမှာ ကွာ စီတင်ခေါ် အင်တီအောက်စီးဒင့် တွေ ပို၍တောင် မြင့်မားစွာ ပါဝင် ပါသတဲ့။ ကြက်သွန်နီကို ချက် ပြုတ်လိုက်တဲ့အခါ ကွာစီတင်ပါဝင် မှု နည်းပါးသွားပါတယ်။ ပဲပြုတ်နဲ့ ကြက်သွန်နီ ပါးပါးလှီး၊ ဆီဆမ်း၊ ဆားဖြူးနယ်စားခြင်းဖြင့် ကွာစီတင် ကို ပိုရစေသလို အသုပ်တွေမှာ ကြက်သွန်နီမြိတ်ထည့်သုပ်ခြင်းက လည်း သင့်အစာအိမ်အူလမ်း ကြောင်းရှိ ဗက်တီးရီးယားတွေ ကျန်းမာရေးနဲ့ ညီညွတ်ကာ ခုခံ အားစနစ် ပိုကောင်းစေပါသတဲ့။

Ref : Health Line

Credit

No comments