New Artical

ဆေးစွမ်းထက်သော ပျဉ်းတော်သိမ်

 ဆေးစွမ်းထက်သော ပျဉ်းတော်သိမ်

ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါ နှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ သင်တို့ သိပါသလား ၊ ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊ သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် များ ပါဝင်၏ ။

ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့ ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည် ။ ပျဉ်းတော်သိမ်ရွက်တွင် ပါ၀င်သော ဓာတ်တိုးတားဆီးမှုသတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။

ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကိုစားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါ၏ ။

ဆေးဖက်အသုံး၀င်ပုံ 

ဆီးချိုရောဂါ

ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ် နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။ (၃) လတိတိစားလျှင် ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်း ထက်၀က်ကျော် လျော့ချနိုင်ပါသည် ။ ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊ သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင် သကြားဓာတ် ထွက်ရှိခြင်းကို လုံး၀ရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။ ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။ (တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက် ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)

အစာမကြေခြင်း

အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်၏။ အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်းကို ပျောက်ကင်းစေပါ၏။

ဆံပင်ဖြူခြင်း

အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထ်ိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါ၏။ 

မျက်စေ့ရောဂါ

ဗီတာမင်အေ များစွာပါ၀င်၍ ကြိတ်သောအရည်ကို သောက်ပေးခြင်းဖြင့် (သို့) အစိမ်းလိုက် တို့စရာအဖြစ် စားပါက မျက်စေ့အမြင် ကြည်လင်စေ၏။ 

ကိုယ်၀န်ဆောင် ပျို့အန်ခြင်း

ကိုယ်၀န်ရှိခါစ အမျိုးသမီးများတွင် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝြေခင်း၊ အစားအသောက် အနံ့မခံနိုင်ခြင်း ၊ ဆာလောင်မှုမရှိခြင်း၊ ဆာလောင်သော်လည်း အစာစား၍ မရခြင်း တို့ဖြစ်တတ်ပါသည်။ ပျဉ်းတော်သိမ် သတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ သံပုရာရည်(၂)ဇွန်း၊ သကြား(၁)ဇွန်းရောစပ်၍ နေ့စဉ် နံနက်တိုင်းသောက်ပါက အထက်ပါ ရာဂါများ သက်သာပျောက်ကင်းနိုင်ပါသည် ။

ခွဲစိတ်လူနာများ

ခွဲစိတ်ကုသမှု ခံယူ၍ ဆုံးရှုံးခံရသည့် သွေးအားကိုပြန်လည်ဖြည့်တင်းနိုင်ရန် (သံဓာတ်) ကြွယ်၀သည့် ပျဉ်းတော်သိမ်ရွက်ကို ကြိတ်၍ ဟင်းခါး(သို့) သီးစုံဟင်းနှင့် ရောနှော ချက်ပြုတ် စားပါက အမြန်ကျန်းမာ လာနိုင်သည် ။

၀မ်းချုပ်ခြင်း

ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။

ခံတွင်းပျက်ခြင်း

အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရ၏။ ပျဉ်းတော်သိမ်ရွက် အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊ မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆား အနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို ထမင်းဖြုနှင့် စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

စိတ်ပျံ့လွင့်ခြင်း

အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်၊ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။

ဒူလာသွေးဝမ်း

ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများ အတွက် အရွက်ကို စားပေးပါက သက်သာစေပါ၏။

ဖျဉ်းဝေဒနာ

ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြ၏။ သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသ၏။ ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍ ပျဉ်းတော်သိမ် ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါ၏။ ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။ အရွက်နုကို အတို့အမြှုပ်လုပ်စားပါ ။ ဟင်းခါးချက်သောက်ပါ ။ နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည် ။ "လက်တွေ့ပျောက်ကင်းသူ၏နည်း"

မြန်မာ့ဆေးကျမ်းများအရ

အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံး၏။ အရွက်ကို များစွာစားပါက ၀မ်းကိုသက်စေသည် ။ နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါက အဆိပ်ကို ပျယ်စေသည် ။ အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြု၏။


ကိုးကား ။      ။  အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်
                       ဆရာတော်မြင့် (ငှက်ဖျား)
                       နေပြည်တော်ကျော်ကျာ်စိုး
                       မြန်မာ့ဆေးဝါးပင်များ

1 comment:

  1. These ‘high rollers’ in Malaysia are best suited to half in} at any one of the following on line casino brands. French roulette and European roulette are virtually the same game. Sometimes French roulette identified as} European roulette and vice versa. Crucially, roulette reached Louisiana before the craze for the elimination of the ’00’. This means that American roulette wheels nonetheless have the ‘0’ and ’00’ even 200 years later. Restricted video games – Some 카지노 사이트 video games may contribute less than one hundred pc towards of|in course of} wagering, and some may not depend at all.

    ReplyDelete