New Artical

အနာဂတ်မှာ…..🌠


 အနာဂတ်မှာ…..🌠

               ငယ်စဉ်ကတည်းက မြန်မာစာကို ဂရုတစိုက် ကျေညက်အောင် လေ့လာထားသူဟာ ကျောင်းပညာတွေ ဆက်လက်လေ့လာ ရာမှာလည်း အထောက်အကူ ပြုနိုင်ပါတယ်။ 

            အလုပ်အကိုင် အခွင့်အလမ်း အနေနဲ့လည်း မြန်မာစာကို နှစ်သက်သူ မြန်မာစာပေ ကို တစိုက်မတ်မတ် လေ့လာလိုသူ တစ်ယောက်ဖြစ်မယ် ဆိုရင်တော့ တက္ကသိုလ်မှာ မြန်မာစာ အထူးပြုဘာသာရပ်နဲ့ ဘွဲ့ကြို၊ ဘွဲ့လွန် တက်ရောက်ပြီး ပါမောက္ခ တစ်ယောက်ဖြစ်သည်အထိ ကြိုးစားနိုင်ပါတယ်။ 

            ဒါ့အပြင် ဘာသာပြန်၊ စာရေးဆရာ စသဖြင့် ကိုယ်ရဲ့ အခြားကျွမ်းကျင်မှု၊ ၀ါသနာ တွေနဲ့ ပေါင်းစပ်ပြီး လည်း အခွင့်အလမ်းတွေ ရှိပါသေးတယ်။ မြန်မာစာကို ကြိုက်နှစ်သက်သူ တစ်ယောက်ဟာ စာအုပ် စာပေ တွေကို ချစ်ခင် နှစ်သက်တတ်ပါတယ်။ စာပေတွေကို လေ့လာတာများတဲ့အခါ တစ်ချိ်န်ထဲမှာပဲ စကာပြောစွမ်းရည်၊ တွေးခေါ်နိုင်မှု စွမ်းရည် မြင့်မား လာပြီးတော့ အရာရာမှာ လုပ်ဆောင်နိုင်မှု စွမ်းရည်တွေ ကောင်းမွန်လာနိုင်ပါတယ်။ 

            နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုတစ်ခု၊ စာပေ၊ ဘာသာစကား ဆိုတာ အဲဒီ နိုင်ငံ နဲ့ လူမျိုး ရဲ့ ပြယုဒ်ပဲ ဖြစ်ပါတယ်။ မြန်မာစာပေ ရေရှည်တည်တံ့ နိုင်ဖို့အတွက် နိုင်ငံတော် အနေနဲ့လည်း မြန်မာစာကို မြတ်နိုးတန်ဖိုးထားတဲ့ မျိုးဆက်သစ်လူငယ်တွေ လိုအပ်လျက် ရှိနေပါတယ်။

No comments