New Artical

ယောကျ်ားလေးတွေ မနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့်များ


 ယောကျ်ားလေးတွေ မနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမူအကျင့် (၇) ချက်


ယောကျ်ားလေးတိုင်းဟာ ပြီးပြည့်စုံတယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ အပြုအမူအချို့က ယောကျ်ားလေးတွေကို ဒေါသထွက်ခြင်း ကြည့်မရခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တချို့အလေ့အထတွေကတော့ အမျိုးသားရော အမျိုးသမီးပါ လုပ်တတ်ကြပါတယ်။ ဥပမာ ပန်ကန်ဆေးတာတွေ၊ အိမ်သန့်ရှင်းရေးလုပ်တာတွေကို ကျွန်တော်တို့တွေ သိပ်မနှစ်သက်ကြပါဘူး။

ဒါပေမယ့် တချို့အလေ့အထတွေကတော့ အမျိုးသမီးတွေ အတော်များများ ကျင့်သုံးနေကြတဲ့အတွက် အမျိုးသားတွေမနှစ်သက်တဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ယောကျ်ားလေးပန်းကန်ထဲက နှိုက်စားတတ်တာ

ယောကျ်ားလေးအတော်များများဟာ သူတို့သောက်တဲ့အအေးခွက် စားစရာတွေကို မျှဝေပြီးသုံးစွဲတာကို မနှစ်သက်တတ်ကြပါဘူး။ ဒီလိုအပြုအမူလေးကို ပြဿနာမဟုတ်ဖူးလို့ သင်ယုံကြည်နိုင်ပါတယ်။

ဒါပေမယ့် မနှစ်သက်တတ်တဲ့ ယောကျ်ားလေးတွေအတွက်ကတော့ တကယ့်ကိုပြဿနာကြီးပါ။ အမျိုးသားတွေ သင်စိတ်ကြိုက်မှာစားတာတွေကို သဘောထားကြီးစွာ ရှင်းဖို့ဝန်မလေးသော်လည်း သူ့ပန်းကန်ထဲက နှိုက်စားတာကိုတော့ ကျွဲမြီးတိုတတ်ကြပါတယ်။

၂။ အတင်းပြောတတ်ခြင်း

အတင်းပြောတတ်ခြင်းဟာ အမျိုးသမီးတွေအတွက်ကတော့ တကယ့်ကိုဆွဲဆောင်မှုကျဆင်းစေတဲ့ အကျင့်စရိုက်ဖြစ်ပါတယ်။ တခြားသူတွေရဲ့ရှင်သန်မှုကို အတင်းပြောတာတွေ ပုတ်ခတ်တာတွေဟာ တကယ်ကို ဆိုးတဲ့ အရာတစ်ခုပါ။ ဒါကြောင့်ပဲ အမျိုးသားတွေဟာ အတင်းပြောတာဝါသနာပါတဲ့ မိန်းကလေးတွေကို မျက်မုန်းကျိုးကြတာဖြစ်ပါတယ်။


၃။ အငိုသန်တာ

မျက်ရည်တိုင်းဟာ အမျိုးသားတိုင်းအတွက်တော့ စိတ်ပျော့စေပြီး ဂရုဏာသက်စေတာ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ သင်ကမူယာမာယာများပြီး ပုလဲတွေခပြရင်တောင် သူတို့ကနားလည်မှုလွဲပြီး ဒေါသထွက်ကြပါလိမ့်မယ်။

အမျိုးသားအများစုဟာ သူ့ရှေ့မှာမျက်ရည်ကျပြီးငိုနေတဲ့ မိန်းကလေးတွေကို ဘယ်လိုချော့ရမယ်ဆိုတာ တကယ့်ကိုရိုးရိုးသားသား မသိကြပါဘူး။ သင်မပျော်ရွင်တာတွေ၊ စိတ်ကောက်တာတွေ၊ ဒေါသထွက်တာတွေ အတွက် ငိုခဲ့ရင်လည်း သူတို့ကဖြစ်ကြောင်းကုန်စင်ကို ရှင်းပြဖို့ပဲ တတ်နိုင်ပါတယ်။ ဒါကိုမှအဖြေမရှာပဲ သင်ကဆက်ငိုနေရင်တော့ ယောကျ်ားလေးတွေ မျက်နှာကညှိုးနွမ်းနေပေမယ့် စိတ်ထဲမှာတော့ ကလိကလိနေအောင် ဒေါသထွက်နေတတ်ပါတယ်။


၄။ အချိန်ဆွဲခြင်း

အမျိုးသားတွေဟာ အပြင်ထွက်ခါနီးပြီးဆို အမျိုးသမီးတွေကို စိတ်တိုလာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကမိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီဆိုး၊ အဝတ်ရွေး စတဲ့အမျိုးသမီးတွေရဲ့ ရှုပ်ထွေးတဲ့အလုပ်တွေကို စိတ်မရှည်တတ်ကြပါဘူး။ ယောကျ်ားပီသတဲ့ အမျိုးသားတိုင်း အပြင်ထွက်ပြီဆို ဘာဝတ်သွားမယ်ဆိုတာ ချက်ချင်းဆုံးဖြတ်ပြီး ကောက်စွပ်သွားတတ်ကြပါတယ်။ အမျိုးသမီးအတော်များများကတော့ အဝတ်တွေ ရွေးရတာနဲ့ အဝတ်ပုံပေါ်ထိုင်ပြီး ဝတ်စရာမရှိဘူး ငြီးရတာနဲ့ အလုပ်များတတ်ကြပါတယ်။ ဒီလိုအကျင့်စရိုက်တွေကို ကြာလာတာနဲ့အမျှ အမျိုးသားတွေ သည်းခံနိုင်စွမ်း နည်းလာတတ်ပါတယ်။

၅။ သွယ်ဝိုက်ပြီး အရိပ်အမြွက်တွေ ပြောတတ်တာ

အမျိုးသားအတော်များများက အထာပေးတာတွေ၊ အရိပ်အမြွက်ပြောတာတွေကို သိပ်နားမလည်ကြပဲ ယုတ္တိဗေဒနည်းလမ်းအတိုင်းသာ တွေးတောတတ်ကြပါတယ်။ အမျိုးသမီးတိုင်းလိုလိုပဲ စကားတိုင်းရဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲတွေတောတတ်ပြီး ငါ့ကိုစောင်းပြောနေတာလား၊ မနာလိုလို့လား စသဖြင့် အဓိပ္ပာယ်ကောက်တာ တော်ကြပါတယ်။ အမျိုးသားတွေစိတ်ကတော့ အဲ့လောက်ထိ မရှုပ်ထွေးတတ်ပါဘူး။ ဒါကြောင့်ပဲ crush ရဲ့တုံ့ပြန်မှုတွေ ရေလာမြောင်းပေးတွေကို နားမလည်တာကြောင့် …. သူများနောက်ပါသွားတတ်လို့ အသဲကွဲရတဲ့ အမျိုးသားတွေအများကြီးပါ။ ဒါကြောင့်အရေးပါတဲ့အရာတွေကို ယခုလိုအဓိပ္ပာယ်တွေနဲ့ သူတို့ကိုမပြောသင့်ပဲ ရိုးရှင်းပွင့်လင်းစွာ ပြောဖို့လိုအပ်ပါတယ်။

၆။ မလျော်မကန်တွေဝတ်တာ

အဓိကအားဖြင့် ရာသီဥတု၊ အခြေအနေ အပေါ်လိုက်ပြီး သူ့နေရာနဲ့သူ ဝတ်စားတာကို အမျိုးသားတွေ နှစ်သက်ကြပါတယ်။ ဒီလိုမဟုတ်ပဲ ပျော်ပွဲစားထွက်တာတွေ ခရီးထွက်တာတွေဘာတွေမှာ သင်ကဒေါက်မြင့်ဖိနပ်နဲ့ ကပိုကရိုလုပ်နေရင်သူတို့စိတ်ထဲ ရယ်စရာကောင်းနေပါလိမ့်မယ်။ 

ဒါ့အပြင် အပြင်မှာလေတွေ မိုးတွေရွာနေရင်လည်း ဘောင်းဘီတိုနဲ့ စတိုင်ထုတ်ပြီး ဝတ်မသွားပါနဲ့။ အဝတ်အစားတိုင်းကို သူ့နေရာနဲ့သူဝတ်ဆင်ပါ။ အမျိုးသားတိုင်းဟာ သူတို့ရဲ့ချစ်သူကို အများအမြင်မှာ အလှဆုံး ဖြစ်နေစေချင်ပါတယ်။ သင်ကနေပူကြီးထဲ ကိုးယို့ကားယား လိမ္မော်ရောင်၊ အနီရောင် ဝတ်စုံတွေဝတ်သွားခဲ့ရင် သူတို့ကသင့်ကို အရမ်းလှတယ်လို့နှုတ်ကချီးကျူးပေမယ့် စိတ်ထဲမှာတော့ သင့်ဖက်ရှင်ကို စိတ်ပျက်နေတတ်ကြပါတယ်။


၇။ အဝတ်ဗီရိုကို အပိုင်စီးထားတာ

တစ်ကိုယ်ကောင်းမဆန်ပါနဲ့။ အမျိုးသားတိုင်းဟာ သူတို့ရဲ့ဂျင်းတွေ၊ အဝတ်အစားတွေနဲ့ အခြားပစ္စည်းတွေကို ဗီရိုထဲမှာ သူတို့အတွက် သီးသန့်နေရာထားပြီး ထည့်ထားချင်ကြပါတယ်။ ဒါကို သင့်ရဲ့အဝတ်တွေအပြည့်ထည့်ထားရင် သူကစိတ်တိုပါလိမ့်မယ်။ နှစ်ယောက်သားသုံးမယ်ဆို ဗီရိုတဝက်ကို သူ့အတွက် နေရာပေးပါ။ ဒါမှမဟုတ် ဗီရိုနှစ်လုံးဝယ်ပြီး တစ်ယောက်တစ်လုံးသုံးပါ။

ကဲ ဒီလောက်ဆို ပျိုမေတို့လည်း မိမိတို့ရဲ့အမျိုးသားတွေ မကြိုက်တဲ့ အရာလေးတွေကို ဆင်ချင်မိကြမှာပါနော် အပေးအယူ မျှမျှ သာယာဖြောင့်ဖြူးသော  အိမ်ထောင်ရးဖြစ်ကြပါစေ ... ။

No comments