New Artical

မချွဲတတ်တဲ့ကောင်မလေးတွေမှာ ရှိနေတဲ့ အားသာချက်များ…


 မချွဲတတ်တဲ့ကောင်မလေးတွေမှာသာ ရှိနေတဲ့ အားသာချက်များ…

ချွဲတတ်တဲ့ ကောင်မလေးတွေက ချစ်ဖို့ကောင်းတယ်လို့ ဆိုကြပါတယ်။ ချွဲတတ်တဲ့ မိန်းကလေးရှိသလို မချွဲတတ်တဲ့ ကောင်မလေးတွေလည်း ရှိကြပါတယ်။ သူတို့ကတော့ မချွဲတတ်တာ ကိစ္စမရှိဘူးလို့ ယူဆကြပြီး အားသာချက်တွေလည်း ပိုင်ဆိုင်ထားကြပါတယ်။ သူများနဲ့ မတူပဲ သူတို့မှာ အခုလို အားသာမှုတွေ ရှိနေကြတာပဲ ဖြစ်ပါတယ်နော် …။ 

ထက်မြက်တယ်

သူတို့တွေက ဉာဏ်ကောင်းကြတတ်ပါတယ်။ ချွဲတာထက် ဉာဏ်ရည်က ပိုပြီး အသုံးကျတယ်လို့ ယူဆကြသလို သူတို့ကိုယ် သူတို့လည်း ယုံကြည်မှု ရှိကြပါတယ်။ ကိုယ့်အရည်အချင်းကို ဉာဏ်ရည်က တဆင့် အသုံးပြုရတာကို သိပ်ကို သဘောကျလို့ သူတို့ တော်ကြောင်း၊ထက်ကြောင်းကို အနားကသူတွေကတောင် သိနေကြပါတယ် …။
 

တည်တံ့တယ်

ချွဲရတာကို ရှက်တတ်ကြပြီး ချွဲပြီး အခွင့်အရေး ယူရတာမျိုးကို လိပ်ပြာလည်း မလုံသလို ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သူတို့တွေက ချွဲတာကို အရည်အချင်း တစ်ခုလို လုပ်တဲ့သူတွေကိုလည်း အထင်မကြီးတတ်ကြပါဘူး။ သူတို့ ကိုယ်တိုင်လည်း ပျော်ချင်ပျော်မယ်၊ ပေါတောတော နေချင်နေမယ်ဆိုပေမယ့် ကောင်လေးတွေကို ချွဲပြီး ဆက်ဆံတာမျိုးတော့ မလုပ်တတ်ကြပါဘူး …။
 

ကိုယ့်ကိုယ်ကို လေးစားတယ်

သူတို့က ကိုယ်တန်ဖိုး ကိုယ်မြှင့်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ကိုယ့်အရည်အချင်းကိုလည်း ဖြည့်ဖို့ ကြိုးစားတတ်ကြသလို တခြားသူတွေ အပေါ်လည်း လေးစားတတ်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို လေးစားမှသာ တစ်ခြားသူတွေ ကလည်း ကိုယ့်အပေါ် လေးစားမှာ ဖြစ်တယ်လို့လည်း ခံယူထားကြတာကြောင့်ပဲ ဖြစ်ပါတယ် …။
 

အမြင်တင့်တယ်တယ်

ကလေးဘဝမှာပဲ ချွဲတာက ချစ်ဖို့ကောင်းတယ်လို့ အမြင်ခံရတာ ဖြစ်ပါတယ်။ အသက်တွေ ကြီးလာတာနဲ့အမျှ ရင့်ကျက်ပြီး တည်ငြိမ်လာတဲ့သူကိုသာ လူအများက လက်ခံလေးစားကြတာ ဖြစ်ပါတယ် …။ အသက်နဲ့ မလိုက်အောင် ချွဲနေတာမျိုးက ကိုယ့်ကို အထင်သေးမှု ဖြစ်စေနိုင်တဲ့ အချက်လည်း ဖြစ်လို့ မချွဲတတ်တဲ့ ကောင်မလေးတွေက တည်ငြိမ်တယ်လို့ လူအများက မြင်တတ်ကြပါတယ် …။
 

ယုံကြည်မှု ရှိတယ်

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူတွေက ဘာလုပ်လုပ် အောင်မြင်မှု ရတာ များပါတယ်။ မချွဲတတ်လို့ ရှက်စရာလို့ သူတို့က မမြင်ပဲ ဒါက ကိုယ့်အားသာချက်လို့ ပြန်ပြောင်း မြင်တတ်ကြပါတယ် …။

ဒီအချက်ကြောင့် သူတို့က မချွဲတတ်ခြင်းကို ဂုဏ်ယူပြီး အလုပ်တွေ မှန်သမျှကို ရလဒ်ကောင်းမွန်အောင်သာ လုပ်ဆောင်တတ်ကြပါတယ်။ ဒီအချက်က သူတို့ရဲ့ ဆွဲဆောင်မှု ရှိနေစေတဲ့ အချက်တစ်ချက်လည်း ဖြစ်နေပါသေးတယ်နော် …။ ။

No comments