New Artical

မိန်းမ (၄) မျိုး



လောကီ ဣတ္ထိသျှတ္တရကျမ်းတွင် ဖော်ပြထားသော မိန်းမလေးမျိုးမှာ-

၁။ "ပဒုမ္မနီ မိန်းမ"

ခါးစည်း၊ ရင်ကျယ်၊ သေးသွယ်ချောမောသော လက်ချောင်းများ၊ အသားဖြူ၊ ကိုယ်ရနံ့ ကြာညိုကဲ့သို့မွှေး။ သံသာမြည်ကြွေး၊ စက္ကဝက်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
 

၂။ "သင်္ခရနီ မိန်းမ"

အသားညိုညက်၊ ကိုယ်ရနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏။ ဟင်္သာမကဲ့သို့ သွားလာ၏။ လက်ချောင်းကြီး၏၊ မျက်နှာထူ၊ လည်ကုတ်တို၊ ရင်ကြားစေ့၊ ဆံပင်နီ ရှိတတ်သည်။ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏။
 

၃။ "စိတ္တရနီ မိန်းမ"

ဝါရွှေဝင်းသော အသားရောင်ရှိ၏။ ကိုယ်ရနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏။ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏။ ကျီးကန်းကဲ့သို့ ကြည့်တတ်၏။ ရင်ကုန်း၊ တင်ကျယ်၏။ ချက်နက်၊ ဖမိုးမွေး၊ လက်မွေးရှည်၊ လက်သည်းအိမ်တို၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်။ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏။
 

၄။ "ဟတ္ထိနီ မိန်းမ"

အသားနီ ပန်းရောင်၊ ကိုယ်ရနံ့ ညှိဟောင်ဟောင်။ ဆင်ကဲ့သို့သွားခြင်းများ၊ ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ဝမ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏။ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏။
 
Wai Linn

လောကီ ဣတ္ထိသျှတ္တရကျမ်း

No comments