New Artical

Body Spray နဲ့ ရေ မွှေး ဘာ ကွာလဲ..?


 Body Spray တွေက တော့ အခု နောက်ပိုင်းမှာ တော် တော်လေး လူ သုံးများ လာပါတယ်။သူ့ကိုတော့ Body Mist လို့ လည်း ခေါ် ကြပါတယ်။ရေ မွှေး လို အနံ့ အရမ်း Strong ဖြစ်တာ မျိုးကို မကြိုက်တဲ့ လူတွေက ဒါကို ရွေးချယ် လာ ကြတာပါ။Body Spray(Body Mist) နဲ့ ရေ မွှေး ဘာကွာလဲ ဆိုတာကို  ပြောပြ ချင်ပါတယ်။


စျေးနှုန်း

Body Spray နဲ့ ရေ မွှေး စျေးယှဉ်ကြည့်မယ်ဆိုရင် တော့ သူက ရေ မွှေး ထက် ပိုပြီး  တော် တော် လေး စျေး သက် သာပါတယ်။ရေ မွှေး ပုလင်း ကောင်းကောင်းဆိုရင်  တော် တော် လေး စျေးကြီးပါတယ်။ဒါပေမယ့် Body Spray က တော့ ဘယ်လောက်ပဲ စျေးကြီးကြီး (Level တူ ယှဉ်မယ်ဆိုရင်) ရေ မွှေး လောက် တော့ စျေးမကြီးပါဘူး။


အနံ့

Body Spray သုံးတဲ့ လူ တော်တော် များများက အနံ့ Strong ဖြစ်တာ ၊အရမ်း ပြင်းတာ မျိုးကို မကြိုက် လို့ ပါ။ တစ် ချို့က အ မွှေးနံ့ဆိုလည်း ပြင်းတာ မျိုးကို ကြိုက် ပေမယ့် တစ်ချို့ ကျ တော့လည်း သူများတွေအနံ့ ပျော့ တယ် မ ပြင်း ပါဘူး ဆိုတာမျိုးကိုမှ အနံ့ မခံနိုင်တာ တွေ ရှိပါတယ်။အဲ့လို လူမျိုးအတွက် တော့ Body Spray က ပို အဆင် ပြေ ပါတယ်။ရေ မွှေးက အနံ့ ပြင်းလို့ မသုံးချင်ရင် Body Spray  ကို ရွေး လို့ရပါတယ်။

အနံ့ ကြာကြာ မခံ

ရေ  မွှေး က တော့ အ မွှေး ဆီ လို မျိုး ဖြစ်ပြီး သူ ကတော့ Body Spray ဖြစ်တာေ ကြာင့် ရေ မွှေး လောက် တော့ အနံ့ ကြာကြာ မစွဲ ပါဘူး။တစ်ကြိမ် ဖြန်းလိုက်တာ နဲ့ တစ်နေကုန် လုံးဝ မခံပါဘူး။အလွန်ဆုံး ခံမှ (၄)နာရီ ပါ။ ဆိုလိုတာ က တော့ ရေ မွှေး တစ်ပုလင်း နဲ့ သူနဲ့ Size တူ Body Spray နှစ်ခု ဘယ်ဟာ က ပိုပြီး ကြာရှည် ခံ လဲ ဆိုရင် တော့ Body Spray က အကုန်မြန်ပါတယ်။အနံ့က အလွန်ဆုံး ခံမှ (၄)နာရီ ဆို တာ ကြောင့် ခဏ ခဏ  ဆွတ် ပေး ဖြန်း ပေးဖို့ လိုပါတယ်။သူ့မှာက အယ်လ် ကိုဟော ပါဝင်မှု နှုန်း က ရေ မွှေး ထက် ပိုများ ပါတယ်။ အယ်လ် ကို ဟော ပါဝင် နှုန်း က ပိုများတဲ့ အတွက် အငွေ့ ပျံတာ ပို ့မြန် ပြီး အနံ့ ပြယ်တာ ပိုမြန်တာပါ။

အသုံးပြုပုံ

Body Spray က တော့ အ ပေါ်မှာ ပြောထားသလို အ မွှေးဆီ ပါဝင်မှုက အရမ်းနည်း ပါတယ်။ရေ မွှေး တို့က အသားကို တိုက်ရိုက်ထိ ရင် အသားလောင်တာ မျိုးတွေ ဖြစ်တတ် ပေမယ့် သူက တော့ အဲ့လို မ ဖြစ်ပါဘူး။အရမ်း Sensitive ဖြစ်တဲ့ Skin မျိုးဆိုရင်တော့ ချွင်းချက်ပါ။ပုံမှန်အားဖြင့်တော့ Body Mist က အသားကို တိုက်ရိုက် ထိ တွေ့ အသုံးပြု ရတာ မျိုးပါ။ရေချိုးပြီးချိန် ဖြန်းထား ရင် ပို ထိ ရောက်ပါတယ်။ရေ ဓါတ် ခြောက် တဲ့ အသား အ ရေ မျိုး ဆိုရင် မကြာခဏ ဖြန်း ပေးသင့်ပါတယ်။ထပ် ပြီးပြောရမယ်ဆိုရင်တော့ အနံ့က အလွန်ဆုံး (၄)နာရီ လောက်ပဲ ခံတာ မို့ မကြာခဏ (ဥပမာ- သုံးနာရီခြား ဒါမှမဟုတ် လေးနာရီ ခြားတစ်ခါ ) ဖြန်း ပေးဖို့ လိုပါတယ်။

No comments