New Artical

(၁)ပတ်အတွင်း အမည်းစက်တွေ ပါးသွားစေမယ့် “1-week challenge”

 


ပျိုမေတွေ အများစုက မျက်နှာအသားအရေ ပြဿနာတွေကို ရင်ဆိုင်ရတာ များတယ်။ မျက်နှာအသားအရေမကောင်း ၊ မျက်နှာပေါ် အမည်းစက်တွေစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတယ်။ ဒါဆိုရင် မျက်နှာပေါ် အမည်းစက်တွေကို ဘယ်လိုလျော့ သွားအောင်လုပ်သင့်မလဲ။ မျက်နှာပေါ် အမည်းစက်တွေက နေရောင် ၊ ဟော်မုန်းအားနည်း ၊ ဆေးဝါး ၊ ဗီတာမင်အားနည်း ၊ အိပ်ရေးပျက် ၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာတတ်တယ်။

(၁) သံပရိုသီး
သံပရိုသီးမှာ ဗီတာမင် စီပါတာကြောင့် မျက်နှာပေါ်က အစက်တွေကို လျော့နည်းသွားစေတယ်။ ဒါကတော့ အမည်းစက်တွေကို မြန်မြန်နဲ့ လွယ်လွယ် ပါးသွားစေနိုင်တဲ့ အရိုးရှင်းဆုံးနည်းပဲ ဖြစ်တယ်။ Cotton Ball နဲ့ သံပရိုရည်ကို စွတ်ပေးပြီး အဓိက အမည်းစက်နေရာကိုပဲ လိမ်းပေးပါ။ အခြောက်ခံပေးပြီး ရိုးရိုးရေနဲ့ မျက်နှာသစ်ပေးပါ။

(၂) အာလူး
အာလူးမှာ အသားဖြူစေတဲ့ အစွမ်းရှိတယ်။ ဒါကြောင့် အားလူးကို ပါးပါးလှီးပြီး မျက်နှာကို ပွတ်ပေးပါ။ (အမညး်နေရာကို အဓိကထား ပွတ်ပေးပါ။) ဒါဆိုရင်တော့ သိသာလာမှာပါ။

(၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်က အကောင်းဆုံး အမညး်စက် ပျောက်ဆေးတစ်မျိုးပါ။ သဘာဝရှားစောင်း လက်ပပ်ကနေ ရလာတဲ့အနှစ်နဲ့ အမည်းစက်နေရာကို အဓိကထား လိမ်းပေးပါ။ (၁၅-၂၀)မိနစ်လောက် အခြောက်ထားပြီး မျက်နှာသစ်ပေးပါ။

(၄) နနွင်း
နနွင်းကတော့ မျက်နှာအမည်းစက်တွေအတွက် အကောင်းဆုံး သဘာဝပါဝင် ပစ္စည်းပဲဖြစ်တယ်။ နနွင်းက အသားအရေမညီတာတွေကို လျော့နည်းစေတယ် ။ နနွင်း (လက်ဖက်ရည်ဇွန်း ၂ ဇွနး်) ၊ နွားနို့ (အနည်းငယ်) နဲ့ သံပရိုရည် (အနည်းငယ်) တို့လိုအပ်တယ်။ အနှစ်ပျစ်ပျစ်ရအောင် ပါဝင်ပစ္စည်းအားလုံးကို ရောပေးပါ။ အမညး်စက်ရှိတဲ့နေရာကို သာ လိမ်းပေးပါ။

 ShweMom

No comments