New Artical

မော်ဒိုက်မဟုတ်တဲ့ မြန်မာနိုင်ငံ ကျောက္ကာရွာက အလှအပများ

Credit : Photo

မြန်မာနိုင်ငံမှာလည်း ဒီလို သဘာဝအတိုင်း လှပလွန်းနေတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ကိုယ့်နိုင်ငံက ဖုံးကွယ်နေတဲ့ အလှတရားတွေကို ဖော်ထုတ်ပြီး လူသိများအောင် လုပ်ကြဖို့လည်း အရေးကြီးပါတယ်။ 


ခုပုံတွေဟာဆိုရင် နိုင်ငံခြားက ဓာတ်ပုံတွေလား ?မော်ဒိုက်ကဓာတ်ပုံတွေလား ? လို့ထင်မှတ်ရလောက်အောင် ထူးခြားလှပလွန်းနေတာ ငြင်းဖွယ်မရှိပါဘူးနော်။ ငါးဖမ်းခြင်းဖြင့်အဓိကအသက်မွေးကြတဲ့သူတွေ စုနေကြတယ်။


မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း ပါဝင်သည့် ကျောက္ကာကျေးရွာမှာ တံငါလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုပြီး ပင်လယ်အတွင်းရှိ ရေလယ်ကျွန်း ပတ်ပတ်လည်တွင် ခြေတံရှည်အိမ်များကို ရေပေါ်တွင် တည်ဆောက်ထားသည့် ကျေးရွာတစ်ရွာဖြစ်သည်။


မြိတ်ခရိုင်မှာ လေးမြို့နယ်ရှိတယ်။ မြိတ်၊ ကျွန်းစု၊ တနင်္သာရီနဲ့ ပုလောမြို့နယ် တို့ဖြစ်တယ်။ ကျောက္ကာကျေးရွာက ပုလောမြို့နယ် အပိုင်ဖြစ်တယ်။


ဒီနေရာက မြိတ်နဲ့လည်း အရမ်းနီးတယ်။ နာရီဝက်လောက်နဲ့ သွားနိုင်တယ်။ မြိတ်မြို့မှရေမိုင် ၂၀ ကျော်သာကွာဝေးပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ကျောက္ကာ ကျေးရွာတွင် အိမ်ခြေတစ်ဝက်ခန့်မှာ ရေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တံငါလုပ်ငန်းများစွာကို လေ့လာနိုင်မည်ဖြစ်ပါသည်။

 

နိုင်ငံရပ်ခြားက နာမည်ကြီးနေရာတွေကို မသွားဖြစ်တဲ့သူများ ကိုယ့်နိုင်ငံတွင်းမှာပဲ လေ့လာ လည်ပတ်စရာတွေ မကုန်နိုင်အောင် ရှိနေပါသေးကြောင်း ကိုယ့်ရေ ကိုယ့်မြေ ပေါ်မှာ မကုန်နိုင်တဲ့ သဘာဝအလှတရားတွေကို သွားရောက် ခံစားကြဖို့ အကြံပြလိုက်ရပါတယ်။

 

Credit : Photo

No comments